25
Feb

Adolescent reproductive health

This article in the Burmese language is related to these two documents.

https://www.dropbox.com/s/mbthxpa4vpcghm7/Myanmar-FP-Best-Practices-Conference.pdf?dl=0
https://www.dropbox.com/s/zkncskv93xg86qb/WHS_14.pdf?dl=0

Jamie

++++++++++++++++++

ဆယ်ကျော်သက်အရွယ် ကလေးမွေးဖွားမှု

အသက် ၁၅ နှစ်ကနေ ၁၉ နှစ် ကြားမှာ ရှိတဲ့ ဆယ်ကျော်သက် မိန်းကလေးငယ် ပေါင်း ၁၆ သန်းခန့် နဲ့ အသက် ၁၅ နှစ်အောက် ဆယ်ကျော်သက် ၁ သန်းခန့်လောက်ဟာ နှစ်တိုင်းနှစ်တိုင်း ကလေးမွေးဖွားနေကြတယ်။ အများစုဟာ ဝင်ငွေအနည်းဆုံး နိုင်ငံတွေနဲ့  ဝင်ငွေ အလယ်အလတ်ရှိတဲ့ နိုင်ငံတွေမှာ ဖြစ်နေကြတယ်။ အသက် ၁၅ နှစ်နဲ့ ၁၉ နှစ်ကြားရှိ ဆယ်ကျော်သက် မိန်းကလေးငယ်တွေ သေဆုံးကြရတဲ့  အဓိကအကြောင်းရင်းတွေထဲမှာ ကိုယ်ဝန်ဆောင်တဲ့ အချိန်နဲ့ ကလေးမွေးဖွားချိန်တွေမှာ သေဆုံးခြင်းတွေဟာ ဒုတိယ အများဆုံးဖြစတ်ယ်။ နှစ်စဉ် နှစ်တိုင်း အသက် ၁၅ နှစ်ကနေ ၁၉ နှစ်ကြားမှာ ရှိတဲ့ ဆယ်ကျော်သက် မိန်းကလေးငယ်ပေါင်း ၃ သန်းခန့် ဟာ အန္တရာယ် ရှိတဲ့ ကိုယ်ဝန်ဖျက်ချမှုတွေကို လုပ်နေကြတယ်။ ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်တွေကနေ မွေးဖွားလာတဲ့ ကလေးတွေဟာဆိုရင်လည်း အသက် ၂၀ ကနေ အသက် ၂၄ နှစ်အရွယ်အမျိုးသမီးတွေမွေးဖွားလာတဲ့ ကလေးတွေ နဲ့ နှိုင်းယှဉ်ရင် သေဆုံးဖို့ အန္တရာယ်တွေ ပိုရှိနေတာကို တွေ့ ရတယ်။ (http://www.who.int/mediacentre/factsheets/fs364/en/)

၂၀၁၄ ခုနှစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ကြီးရဲ့ စာရင်းဇယား (World Health Statistics) အရ ကမ္ဘာပေါ်မှာ ရှိ ဆယ်ကျော်သက် အရွယ် (အသက် ၁၅ နှစ်ကနေ ၁၉ နှစ်အတွင်း) မှာ ရှိတဲ့ အမျိုးသမီးတွေရဲ့  ပျမ်းမျှ ကလေးမွေးဖွားနှုန်း ဟာ တစ်ထောင်မှာ ၄၉ ယောက်ရှိတယ်လို့ ဆိုပါတယ်။ (http://www.who.int/mediacentre/factsheets/fs364/en/)

မြန်မာနိုင်ငံမှာ ဆယ်ကျော်သက် အမျိုးသမီး တစ်ထောင်မှာ ၂၀၀၁ခုနှစ်က ဆိုရင် ကလေးမွေးဖွါားနှုန်း ၁၇.၄ ယောက် ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ ၁၂ ယောက် သာ ရှိတော့တယ် လို့ ဆိုပါတယ်။ အသေးစိတ်ကိုတော့ Pathfinder international နဲ့ MPP တို့ ဟာ မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ”Myanmar Family Planning Best Practice Conference” ကို ၂၀၁၄ ဇူလိုင်လမှာ ကျင်းပခဲ့ပြီးနောက် အဲ့ဒီ Conference ရဲ့ အစီအရင်ခံစာ မှာ ရေးသားထားတာကို တွေ့ ရပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေရဲ့ မျိုးဆက်ပွားကျန်းမာရေး နဲ ပတ်သက်ပြီးတော့ ရေးသားဖော်ပြထားတာကတော့ ဆယ်ကျော်သက်တွေ ကြား ကလေးမွေးဖွားနှုန်းဟာ ကျဆင်းလာပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အနည်းဆုံး ဖြစ်တယ်လို့ ဖော်ပြထားတာကို လည်းတွေ့ ရပါတယ်။ (http://www.pathfinder.org/publications-tools/pdfs/Myanmar-FP-Best-Practices-Conference.pdf

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top