HIV/AIDS ဖြင့်အသက်ရှင် နေထိုင်သူများအတွက်
ဆေးကုသစရိတ်များ ရရှိနိုင်ရန် ဝင်ငွေတိုးလုပ်ငန်းများ AFXB(Association Francois
Xavier Bagnoud) ကထောက်ပံ့ပေးနေရာ ယင်းတို့အနက် စီးပွားရေးလုပ်ကိုင်နေသူ တစ်ဦးလျက်
၃၀၀၀ ကျပ် စတင်၍ ထုတ်ချေး ပေးနေကြောင်း အဆိုပါ အဖွဲ့အစည်း ထံမှသိရသည်။
ယင်းအဖွဲ့အစည်းက လတ်တလော အခြေအနေတွင်
အလုပ်လုပ်ကိုင်နေသူများကို ထုတ်ချေးခြင်းကြောင့် AIDSနှင့် နေထိုင်သူများ အနေဖြင့်
လုပ်ငန်းများ တိုးပွားလာကာ ယင်းတို့၏ လူမှုရေး ကျန်းမာရေး၊ စီးပွားရေး
ပိုမိုတိုးတက် ကောင်းမွန်လာနိုင်ကြောင်း သတ်မှတ်ထားသော ကာလတွင် ချေးငွေများကို
ပြန်လည်ပေးဆပ်ရမည် ဖြစ်ကြောင်း ယင်းအဖွဲ့၏ တာဝန်ခံ တစ်ဦးက ဆိုပါသည်။
AFXB အဖွဲ့အစည်းသည် နိုင်ငံရေး ဘာသာရေး လူမှုရေး
အစွဲကင်းရှင်းစွာဖြင့် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် SEG(
Sunday Empowerment Group) ကို ဖွဲ့စည်းထားပြီး ယင်းအဖွဲ့အစည်းက သက်တူ ရွယ်တူ
ဝေဒနာရှင် အချင်းချင်း ဆွေးနွေးခြင်း အိမ်တိုင်ရာရောက် ဆွေးနွေးခြင်း ဆေးရုံနှင့်
ဆေးခန်းများသို့ ပို့ဆောင်ဆက်သွယ် ဆောင်ရွက်ပေးခြင်းနှင့် တနင်္ဂနွေ တွေ့ဆုံပွဲတွင်
ကျန်းမာရေး ဆိုင်ရာ ဟောပြောခြင်းလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်
ပေးနေကြောင်းသိရသည်။
The Voice Weekly (May -7- 2007)




