1
Dec

AIDS ကင်းစင်သော မျိုးဆက်များ ဖြစ်လာရန် အမေရိကန် အစိုးရမှ အသေးစိတ်စီမံချက် ထုတ်ပြန်

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်မှ အမေရိကန်နိုင်ငံတွင် HIV/AIDS ကင်းစင်သော မျိုးဆက်များ ဖြစ်ရန် အသေးစိတ် စီမံချက် တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။ စာမျက်နှာ ၅၄ မျက်နှာ ပါဝင်သည့် အဆိုပါ အစီရင်ခံစာတွင် AIDS ရောဂါအား ခေတ်သစ် သမိုင်းတွင် ပေါ်ပေါက်လာသည့် ရှုပ်ထွေး နက်နဲသည့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ပြဿနာဟု ဖော်ပြထားသည်။

တစ်ကမ္ဘာလုံးတွင် နှစ်စဉ် AIDS ရောဂါဖြင့် လူပေါင်း ၁.၇ သန်း သေဆုံးနေရသည်။ အာဖရိကနိုင်ငံများ အပါအ၀င် နိုင်ငံပေါင်း ၂၂ ခုမှ HIV/AIDS ဝေဒနာဖြင့် မွေးဖွားလာသူ ကလေး ၃၉၀,၀၀၀ ရှိသည်ဟု အမေရိကန်နိုင်ငံမှ ကမ္ဘာလုံးဆိုင်ရာ AIDS ကာကွယ်ရေး ဌာနမှ Eric Goosby မှ AFP သို့ ပြောကြားခဲ့သည်။ ထို့ကြောင့် ပထမအချက် အနေဖြင့် ဝေဒနာသည် ကလေးများ အနေဖြင့် မမွေးလာရန် စတင်ဆောင်ရွက် မှသာ ၂၀၁၅ ခုနှစ်တွင် မိမိတို့ AIDS-free generation ရည်မှန်းချက် အောင်မြင်နိုင်မည်ဖြစ်သည်။

HIV-positive မွေးမိခင်များကိုလည်း ပထမ အဆင့် ကတည်းက three-drug antiretroviral therapy ဖြင့် ကုသသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လုံးဝ zero အဆင့် မဟုတ်နိုင်သေးသော်လည်း တစ်ဖြေးဖြေးချင်း လျော့ကျသွားနိုင်မည် ဖြစ်ကာ၂၀၁၅ ခုနှစ်တွင် မွေးလာသော ကလေးများအနက် AIDS ဝေဒနာရှင် ကလေးများ ၄၀,၀၀၀ အောက် လျော့ချနိုင်ရေး ရည်မှန်းချက်ကို ရောက်ရှိနိုင် မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

MRTV-4 - AIDS ကင်းစင်သော မျိုးဆက်များ ဖြစ်လာရန် အမေရိကန် အစိုးရမှ အသေးစိတ်စီမံချက် ထုတ်ပြန် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top