27
Sep

AIDS ကာကွယ်ဆေးအတွက် အောင်မြင်မှု ပထမ ခြေလှမ်း



အစိုးရထိပ်တန်း
ခေါင်းဆောင်တွေနဲ့ သိပ္ပံပညာရှင်အများစုဟာ ဒီကမ္ဘာမြေအတွင်းမှာ လူသားတွေကို ခြိမ်းခြောက် အန္တရာယ်ပြုနေတဲ့
AIDS ရောဂါကပ်ဆိုးကို ဘယ်လိုသဏ္ဍာန်နဲ့ ကာကွယ်မှုတွေ ပြုလုပ်ရမလဲဆိုတဲ့ စီမံဆောင်ရွက်ချက်တွေနဲ့
ထိုင်းနိုင်ငံရဲ့သုသေသန ကွင်းပြင်ကြီးမှာ လူသားသုံးဦးကို လေ့လာစမ်းသပ်ရင်း HIV ဗိုင်းရပ်စ်ပိုးကို
ကာကွယ်ဟန့်တားနိုင်ခဲ့ပါတယ်။

သုသေသီတွေရဲ့ ပြော ကြားချက်အရတော့ လက်ငင်းအသုံးပြုဖို့ရာအတွက်
အဆင်သင့် မဖြစ်သေးဘူးလို့ ဆိုထားပေမယ့်လို့ ၂၆ နှစ်ဆိုတဲ့ ကာလရှည်ကြာ သည့်တိုင်အောင်
AIDS ဗိုင်းရပ်စ်ပိုးကို တစိုက်စိုက်မတ်မတ် ကြိုးစားရှာဖွေခြင်းရဲ့ ရလဒ်လို့ပဲ ပြောရမယ်ထင်တယ်။
သိပ်မကြာခင် အချိန်ကတောင် သိပ္ပံပညာရှင် အတော်များများက ဒီရောဂါကို ကာကွယ်ဖို့ရာအတွက်
မဖြစ်နိုင်တော့ဘူး လို့တောင် တွေးထင်ထား ခဲ့ကြတာ။

ကမ္ဘာ့ကျန်းမာရေး
အဖွဲ့ကြီးနဲ့ ကမ္ဘာ့ကုလသမဂ္ဂမှ UNAIDS ကိုယ်စားလှယ်ကတော့ လွန်ခဲ့တဲ့ နှစ်များစွာထဲက ဒီရောဂါကို
ထိထိ ရောက်ရောက် ကာကွယ်ချင်ခဲ့ပေမယ့် မဖြစ်နိုင်ခဲ့တာကြောင့် အခုလိုမျိုး တွေ့ရှိချက်အသစ်ဟာ
သုသေသနနယ်ပယ်အတွက် လိုလားတဲ့ ပန်းတိုင်ရောက်ဖို့ရာ မျှော်လင့်ချက်တွေ တစတစ ပိုမိုနီးကပ်လာတယ်လို့
ပြောဆိုသွားပါတယ်။

 ဒါဟာ ကမ္ဘာ့ဆေးပညာ လောကအတွက်တော့ တကယ့်ကို ကြီးမားတဲ့
အပြောင်းလဲဖြစ်ရပ်ကြီးလို့ အမေရိကန် စစ်ဆေးသိပ္ပံခွဲစိတ်ရေးဌာနမှ ဗိုလ်ချုပ် အဲရစ်စကူးမေကာ
က ပြောခဲ့သည့်အပြင် ဒီဆေးသိပ္ပံမှ ကမ္ဘာ့ကပ်ဘေး ရောဂါကြီးဖြစ်တဲ့ AIDS ရောဂါကာကွယ်ဆေးအတွက်
သုသေသနပြုဖို့ရာ ထောက်ပံ့ ကူညီမှုပြုမယ်လို့ ဆိုထားပါတယ်။

HIV ရောဂါကာကွယ်ဖို့ရာအတွက်
သိပ္ပံပညာရှင်တွေစုစည်းပြီး နည်းလမ်းရှာဖွေခဲ့ကြတဲ့ အထဲမှာ ဒါဟာပထမဆုံး အကြိမ်ဖြစ်တယ်။
မဟာဗျူဟာအရ ဆိုတဲ့အကြောင်းပြချက်နဲ့ ကာကွယ်ဆေးအတွက် သုသေသနပြုလုပ်ကြရာမှာ အသွင်မတူတဲ့
နည်းလမ်းတွေကို ရွေးချယ်ခဲ့ကြသလို အစောပိုင်း ကာလတွေတုန်းက တသီးပုဂ္ဂလိကဆန်ဆန် လေ့လာစမ်းသပ်ခဲ့ကြ
တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုထားပါတယ်။ အသွင်သဏ္ဍာန်မတူတဲ့ HIV ရောဂါပိုး ကူးစက်ခံရသူ
၃၁% ကျော်ခန့်ကို ဒီစမ်းသပ် မှုအတွက် စိတ်ပါဝင်စားတက်ကြွသူ ၁၆,၀၀၀ ကျော် ဦးရေကို သုသေသနပြုလုပ်ခဲ့ကြောင်း
ဗန်ကောက်မြို့မှာအင်္ဂါနေ့က သုသေသီ တွေက ထုတ်ဖော်ပြောကြားသွားပါတယ်။ ဆုံးခန်းတိုင်သည့်
ရလဒ်မဟုတ်သော်ငြားလည်း ဒီရောဂါကာကွယ်ဖို့ရာအတွက် ထိရောက် ပြီးစိတ်ချရသည့် ပထမဦးဆုံး
အထောက်အထားဖြစ်ကြောင်း သုသေသနအတွက် ဦးဆောင်ကူညီနေသူ စစ်ဖက်ဆိုင်ရာ ဆရာဝန် ဖြစ်သူ ဗိုလ်မှူးကြီး
ဂျရုမ်းကင် ကပြောဆိုသွားပါတယ်။

ဒီတွေ့ရှိချက်အပေါ်
အခြေခံပြီး AIDS ရောဂါကာကွယ်ဆေးအတွက် ပိုမို ထိရောက်ပြီး ကောင်းမွန်တဲ့ သုသေသန ဆိုင်ရာအသစ်တွေ
ထွက်ပေါ်လာနိုင်တယ်လို့ ဒီလေ့လာမှုအတွက် ပူးပေါင်းတာဝန်ယူ ထောက် ပံ့ကူညီပေးနေတဲ့
National Institute of Allergy and Infectious Diseases မှ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာ
အန်တော်နီဖာအူစီ ကတော့အကောင်းမြင် ရှုထောင့်ကနေ သုံးသပ်ပြောဆိုသွားတယ်။

လားရာ ပွင့်သွားတဲ့အတွက်
မြင်ကွင်းကျယ်သွားပြီး မျှော်လင့်ချက် ပန်းတိုင်ကိုပါ ခပ်ရေးရေးမြင်နေရလို့ အတူလက်တွဲပြီး
သုသေသနဆိုင်ရာ အသစ်တွေ့ရှိချုက်ကို ဖော်ထုတ်ကြဖို့ကိုပါ တိုက်တွန်း သွားတယ်။

လာမည့်ရက်သတ္တပတ်အတွင်း
နယူးရောက်မြို့မှာ သုသေသီပေါင်းများစွာအပြင် ကာကွယ်ဆေး အတွက် ၀ိုင်းဝန်းလုပ်ဆောင်နေသူ
တွေနဲ့ ဒီစီမံကိန်းအပေါ် ထဲထဲဝင်ဝင် ထောက်ပံ့ကူညီမယ့် အလှူရှင်တွေ၊ AIDS ရောဂါနဲ့ပတ်သက်ပြီး
သုသေသနလုပ်နေတဲ့ သိပ္ပံ ပညာရှင်တွေ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း၊ ငွေကြေးဆိုင်ရာ ထောက်ပံ့တဲ့
အဖွဲ့အစည်းတွေ ပမာဆိုရသော် ဘီလ် နဲ့ မလင်းဒါဂိတ် ဖောင်ဒေးရှင်းလိုမျိုး၊ သက်ဆိုင်ရာ အာဏာပိုင်တွေဟာ
ရှေ့ဆက်လုပ်ဆောင်ရမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးဖို့ရှိတယ် လို့ ကမ္ဘာ့
HIV ကာကွယ်ရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ အဲလန်ဘားန်စတိန်းက ထုတ်ဖော်ပြောဆိုပါတယ်။

ဒီတွေ့ဆုံ
ဆွေးနွေးပွဲမှာ ထိုင်းစစ်ဖက်ဆိုင်ရာ ဆေးသိပ္ပံနဲ့ တသီးပုဂ္ဂလိက သိပ္ပံပညာရှင်တွေပါ တက်ရောက်ကြ လိမ့်မယ်။
ကမ္ဘာတ၀ှမ်းမှာရှိတဲ့ သိပ္ပံ ပညာရှင်တွေက ပထမဆုံးအကြိမ် ဒီအောင်မြင်မှုအပေါ် ချီးကျူးထောပနာ
ပြုကြတယ်။

၁၉၈၀
ပြည့်လွန်နှစ်တွေထဲက AIDS ရောဂါကာကွယ်ဆေးအတွက် ၁၀ နှစ်အချိန်ယူ လုပ်ဆောင်မယ် ဆိုတဲ့
အသံတွေကို ကျနော်တို့ ကြားနေခဲ့ကြရတယ်။ ဘ၀တလျှောက်လုံးမှာ ပထမဆုံးအကြိမ် ခံစားမိတာကတော့
ကျနော်တို့ဟာ လမ်းကြောင်းမှန်ပေါ်ကိုရောက် နေပြီလို့ Access Project မှာတာဝန်ယူ လုပ်ဆောင်နေတဲ့
ကိုလံဘီယာ တက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေးရာ ကျွမ်းကျင်သူ အဖြစ်နဲ့ရော ရ၀မ်ဒါနိုင်ငံ
AIDS ရောဂါ ကူညီစောင့်ရှောက်ရေး ဌာနမှာပါ ကူညီလုပ်ဆောင်ပေးနေသူ ဂျိုးစ်ရူဇင် ကပြောပါတယ်။

ထိုင်းပြည်သူ့ကျန်းမာရေး
ဝန်ကြီးဌာနက ဒီလေ့လာမှုအတွက် လမ်းညွှန်မှုတွေပေးခဲ့သလို အမေရိကန် စစ်ဖက်ဆိုင်ရာကလည်း
ထိုင်းအစိုးရနဲ့ နှစ်ရှည်လများပူးတွဲပြီး ကာကွယ်ဆေးနဲ့ သက်ဆိုင်တဲ့ စမ်းသပ်မှုများ ပြုလုပ်ခြင်း၊
စစ်ဖက်ဆိုင်ရာဝန်ထမ်းများနဲ့ အရပ်ဘက် ဆိုင်ရာ ပြည်သူလူထုကို ကာကွယ်ဖို့ရာအတွက် အတူပူးတွဲပြီး
ဆေးဖက်ဆိုင်ရာ ဖွံဖြိုးတိုးတက်မှုကို လုပ်ဆောင်ခဲ့ကြတယ်။ ထိုင်းနိုင်ငံ အတွက်တော့
HIV ဟာအဓိကပြဿနာ တရပ်လိုဖြစ်နေတော့ လေ့လာဖို့ရာအတွက် ဖိအားတရပ်ပေးသလို ဖြစ်နေတာပေါ့၊
ဒီလို ဆိုလိုက်လို့ အမေရိကန်၊ အာဖရိက ဒါမှမဟုတ် မသိမမြင်နိုင်ရတဲ့ ကမ္ဘာကြီးရဲ့ ထောင့်တနေရာမှာ
ရှိနေတဲ့ရောဂါကို ကာကွယ်ဖို့ရာ အတွက် သိပ္ပံပညာရှင်တွေဟာ အတော်လေးကို စိတ်ဖိဆီးမှုဝေဒနာကို
ခံစားနေကြရရှာတယ်။

ကာကွယ်ဆေးဆိုင်ရာ
အကူအညီပေးမှုဟာ အဆိုးအကောင်းလို့ဆိုရမဲ့ ပါးလွှာတဲ့ခြားနားမှုကြောင့် အတော့်ကို အန္တရာယ်နဲ့နီးကပ်တယ်
လို့ဆိုရမယ်။ UNAIDS ရဲ့ခန့်မှန်းတွက်ဆချက်အရ တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရသော် နေ့စဉ်လူ
၇,၅၀၀ ခန့်ဟာ HIV ရောဂါပိုး ကူးစက်ခံနေရပြီး ၂၀၀၇ ခုနှစ်အတွင်း AIDS ရောဂါကြောင့် လူနှစ်သန်းဟာ
အသက်ဆုံးရှုံးခဲ့ကြရတယ်။ Prime-boost ဆိုတဲ့ ချဉ်း ကပ်မှုအတိုင်း နည်းလမ်းနှစ်သွယ်နဲ့
ရောဂါကာကွယ်ဆေးကို စမ်းသပ်လေ့လာရာ ပထမနည်းဖြစ်တဲ့ အစကနဦးထဲက ခုခံနိုင်စွမ်းမရှိတဲ့
နည်းလမ်းသုံးပြီး HIV ဗိုင်းရပ်စ်ပိုးကို တိုက်ခိုက်ခြင်းနဲ့ ဒုတိယနည်းလမ်းဖြစ်တဲ့
အင်အားအလုံအလောက်ရှိပြီးမှ တုန့်ပြန်တိုက်ခိုက် နည်းတွေနဲ့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပါတယ်။

ALVAC
ကို ရောဂါရှာဖွေရေးနဲ့ ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ ဆာနိုဖီပါစတီအာ က ပြင်သစ်လူမျိုး
ဆေးဝါးကျွမ်းကျင်သူ ဆာနိုဖီ အာဗင်တီစ်မှဖော်စပ်သလို AIDSVAX ကိုတော့ VaxGen ကုမ္ပဏီကြီးမှ
အစပြုပြီး တိုးတက်အောင်ပြုလုပ်ခဲ့သလို အခုနေ အခါ မှာတော့ VaxGen က ၀န်ထမ်းတချို့ဟာ
လူမှုရေးဆိုင်ရာ လုပ်ငန်းအဖြစ် အသွင်ပြောင်းပြီး ကမ္ဘာ့နေရာအနှံ့အပြားက ကူးစက်ရောဂါနဲ့
သေဆုံးမှုပြဿနာတွေကို ကူညီဖြေရှင်းပေးနေတယ်။

 ALVAC ကို ကနေရီငှက်ရဲ့ ဆစ်ဖလစ်ရောဂါ ဗိုင်းရပ်စ်ပိုးမှ
အသွင်ပြောင်းပြီး အသုံးပြုထားတာ ဖြစ်သလို လူ့အသက်အန္တရာယ်ကိုတော့ ထိခိုက်မှုတစုံတရာ မရှိနိုင်ပေမယ့်လို့
ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ HIV ဗီဇမျိုးစေ့ တွေဆီကို သယ်ဆောင်ကူးပြောင်းပြီး ပေါင်းစပ်စေတယ်။
AIDSVAX ကျတော့ HIV ဗိုင်းရပ်စ်ပိုးရှိတဲ့ မျက်နှာပြင် တ၀ိုက်မှာ ဇီဝဗေဒ အင်ဂျင်နီယာ
နည်းနဲ့အသွင်ပြောင်း လုပ်ဆောင်တယ်။ ဒီရောဂါကာကွယ်ဆေးဟာ ဗိုင်းရပ်စ် အကုန်လုံးကို မကာကွယ်နိုင်သလို
သေဆုံး ခြင်း ဒါမှမဟုတ် ရှင်သန်ခြင်းနဲ့ HIV ရောဂါပိုးကြောင့်ရယ်လို့တော့ မဟုတ်ပါဘူး။

ဒီလေ့လာစမ်းသပ်မှုမှာ
ရောဂါကူးစက်မှုကြောင့် HIV အနှုတ်လက္ခဏရှိသူ အသက် ၁၈ မှ ၃၀ နှစ်အတွင်းရှိ ထိုင်းအမျိုးသားနဲ့
အမျိုး သမီးတွေကို ရောနှောပြီး စမ်းသပ်စစ်ဆေးပါတယ်။ တ၀က်ကိုတော့ အစကနဦးထဲက ခုခံနိုင်စွမ်းမရှိတဲ့
နည်းလမ်းအတိုင်း ALVAC ဆေး လေးခွက်စာ သောက်သုံးစေပြီး ကျန်တ၀က်ကိုတော့ ဒုတိယနည်းလမ်းဖြစ်တဲ့
အင်အား အလုံအလောက်ရှိပြီးမှ တိုက်ခိုက်တဲ့ AIDSVAX သောက်ဆေးနှစ်ခွက်စာနဲ့ ခြောက်လကျော်
ကြာအောင်စမ်းသပ်သလို တခြား ကျန်ရစ်သူတွေကိုတော့ ဟန်ပြအနေဖြင့်သာ တိုက်ကျွေး စေတယ်။

ဒီလေ့လာစမ်းသပ်မှု
ဘယ်အချိန်မှာ ပြီးဆုံးမယ်ဆိုတာကတော့ ဘယ်သူတဦးတယောက်မှ မသိကြပါဘူး။ စေတနာ့ဝန်ထမ်းအနေနဲ့
ဝင်ရောက်လေ့လာမှုပြု တွေကိုတော့ သုသေသန မပြုလုပ်ခင်ကတည်းက ကာကွယ်ဆေးအတွက် စမ်းသပ်ပြုလုပ်
မှာဖြစ်ကြောင်း ကြိုတင်အသိပေး ပြောကြားထားတာတွေတော့ ရှိပါတယ်။ ကိုယ်စီတိုင်းကို ကွန်ဒုံးပေးထားခြင်း၊
လိင်ဆက်ဆံမှုနဲ့ သက် ဆိုင်သော ပညာပေးလုပ်ဆောင်ခြင်း များအပြင် လိင်မှတဆင့် ရောဂါကူးစက်ပျံ့နှံ့နိုင်ကြောင်းနဲ့
HIV ရောဂါအတွက် ခြောက်လကြာ စမ်းသပ်လုပ်ဆောင်မည့် အကြောင်း သတိပေး ပြောကြားမှုတွေ ရှိပါတယ်။
မည်သူမဆို ရောဂါကူးစက်မှု တစုံတရာရှိခဲ့ပါက ဆေးဝါး ကုသ ခံယူဖို့ရာအတွက် အခမဲ့ ၀န်ဆောင်မှုပေးမှာဖြစ်တယ်။
HIV ပိုးအတွက်စမ်းသပ်စစ်ဆေးသူ အားလုံးဟာ သုံးနှစ်အတွင်း ခြောက်လ တခါ လုပ်ဆောင်မှာဖြစ်ပြီး
ကာကွယ်ဆေး သက်တမ်းကာလဟာ ကုန်ဆုံးမှာဖြစ်တယ်။

ရလဒ်

ကူးစက်မှုအသစ်အရ
ထွက်ပေါ်လာတဲ့ ရလဒ်ကတော့ ကာကွယ်ဆေး လက်ခံရရှိသူတွေဟာ ၅၁ မှာ ၈,၁၉၇ ထွက်ပေါ်လာပြီး ဟန်ပြ
ဆေးတိုက်ကျွေးမှုကို လက်ခံရသူတွေရဲ့ ရလဒ်ကတော့ ၇၄ မှာ ၈,၁၉၈ ပဲဖြစ်တယ်။ ကာကွယ်ဆေးသုံးစွဲတဲ့
အစုအဖွဲ့ဟာ ကူးစက်မှု နှုန်းထားအောက် ၃၁% ဆိုတဲ့ရလဒ် ထွက်ပေါ်လာသလို ပါဝင်သူနှစ်ဦးကတော့
ရောဂါကူးစက်ခံရမှုကြောင့် သေဆုံး သွားရ ရှာတယ်။

သိပ္ပံပညာရှင်တွေဟာ
သဏ္ဍာန်မတူတဲ့ ကာကွယ်ဆေးနှစ်မျိုး ဘာကြောင့် ပူးတွဲတိုက်ဖျက်ကြသလဲ ဆိုတာကိုတော့ အဖြေရှာမရသေးဘူးလို့
အစိုးရဌာနမှ သိပ္ပံပညာရှင်တဦးဖြစ်ပြီး HIV ဗိုင်းရပ်စ်ပိုးကြောင့် AIDS ရောဂါဝေဒနာ
ခံစားနေရသူတွေကို အကူအညီ ပေးခြင်း အပြင် လူမှုရေးအသင်းအဖွဲ့ဖြစ်တဲ့ AIDSVAX အဖွဲ့ကိုဦးဆောင်နေသူ
ဒေါက်တာ ဒိုနယ်ရ်ဖရန့်စစ် ကပြောပါတယ်။

AIDSVAX
ဟာ ခန္ဓာကိုယ်အတွင်းမှာရှိနေတဲ့ HIV ရောဂါပိုးကို ချက်ချင်းဆိုသလို ကာကွယ် တိုက်ခိုက်ဖို့ရာ အတွက်ကို
ရည်ရွယ်ထားခြင်းဖြစ်တယ်။ ဆာနိုဖီ ရောဂါကာကွယ်ဆေးဟာ ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ ဆဲလ်တွေကို
ဆွပေးပြီး ဗိုင်းရပ်စ်ပိုးကို ဦးတည်တိုက်ခိုက်တာဖြစ်တယ်။

ဖရန့်စစ်ရဲ့
အဆိုအရတော့ ဆန့်ကျင်ဘက်အရာတွေကို ပေါင်းစပ်လိုက်တဲ့ မဟာဗျူဟာ တရပ်လို့ပဲဆိုရတော့မှာပေါ့။
ဘာကြောင့် တချို့တွေကြတော့ ရောဂါကူးစက်ခံရပြီး တချို့လူတွေ ကြတော့ မဖြစ်သလဲဆိုတာ ပူးပေါင်း ပါဝင်လာသူတွေ
နားလည်သဘောပေါက် သိ ရှိလာဖို့ရာအတွက် သိပ္ပံပညာရှင်တွေဟာ နမူနာသွေး စစ်ချက်ကို ရယူဖို့လိုအပ်တယ်။
ကာကွယ်ဆေးပမာဏဟာ လက်ရှိအနေအထား အရတော့ အကန့်အသတ်နဲ့သာရှိပြီး နယ်ပယ် ကျဉ်းကျဉ်းလေးကိုသာ
သုသေသန လုပ်ခဲ့ရပေမယ့်လို့ အကောင်းဆုံးဖြစ်အောင် ကျနော် တို့ လုပ်ဆောင်ခဲ့တယ်လို့ ဖရန့်စစ်က
ပြောဆိုသွားပါတယ်။ ဆာနိုဖီ က၀န်ထမ်းတွေကလည်း ဒီသဘောထားအတိုင်းပါပဲ။

 ဒီကုမ္ပဏီရဲ့ ဒေါက်တာ ဆန်ဂျေးဂူရန်နာသန် ရဲ့ သဘောကတော့
စဉ်ဆက်မပြတ် လေ့လာဖို့ရာ အတွက် နှစ်ကာလတို စီမံကိန်းချ လုပ်ဆောင်ဖို့ လိုအပ်သလို ကာကွယ်ဆေးကို
ဒီ့ထက် ကောင်းမွန်ဖို့ရာ အတွက် တခြားသော ယှဉ်ပြိုင်ဘက်အသစ်တွေကလည်း boost နည်းလမ်းကို
အခြေပြု စဉ်းစားပြီး လုပ်ဆောင်လာနိုင်သည့်အတွက် မူပိုင်ခွင့်လိုအပ်ကြောင်းကိုပါ ထည့်သွင်း
ပြောဆိုသွားတယ်။ AIDS နဲ့ ပတ်သက်တဲ့ သုသေသနကို ဒီ့ထက်ပိုမို ကျယ်ပြန့်စွာ လုပ်ဆောင်မယ်
ဆိုရင်တော့ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေဟာ အခရာကျလာပြီ။

နယူးယောက်
အခြေစိုက် Community HIV/AIDS Mobilization Project မှ ဥပဒေကြောင်းဆိုင်ရာ အကြံပေးရေးအဖွဲ့မှ
ပြောရေးဆို ခွင့်ရှိသူ ဂျူလီယာဒေးဗစ် ကတော့ ခုနေအခါ ဒီကာကွယ်ဆေး သုံးစွဲမှုနဲ့ပတ်သက်ပြီး
အငြင်းခုံပြုနေကြမယ့်အစား တွေ့ရှိချက်အပေါ် အခြေပြုပြီး တစိုက်မတ်မတ် လုပ်ဆောင်ဖို့ကို
အလေးထား ပြောဆိုသွားတယ်။ ထိုင်းနိုင်ငံမှာ ဒီ သုသေသနပြုချက် ဘာလို့ အောင်မြင်ပြီး ဆုံးသွားရသလဲဆိုတော့
AIDS ရောဂန္တရကပ်ဆိုက်တဲ့ ဗဟိုချက်မဟာ ထိုင်းနိုင်ငံဖြစ်နေတဲ့ အတွက်ကြောင့် အမေရိကန်
သိပ္ပံပညာရှင် တွေဟာ သုသေသနကို လာရောက် လုပ်ကိုင်တာဖြစ်သလို ကာကွယ်ဆေး တိုက်ကျွေးဖို့ရာအတွက်
မျိုရိုးဗီဇဆိုင်ရာနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်ရရှိနိုင်သလို ထိုင်းအစိုးရအနေနဲ့
သုသေသနလုပ်ဖို့ရာအတွက် အကြံဥာဏ်အပြင် အကောင်းဆုံးထောက်ပံ့မှုတွေ ပေးတဲ့အတွက်ကြောင့်လည်းဖြစ်တယ်။

AIDS
နဲ့ ပတ်သက်ပြီး ပွဲဦးထွက် သုသေသနပြုလုပ်ထဲက ထိုင်းအစိုးရဟာ အောင်မြင်မှု တွေရခဲ့တယ်။
ဒီလေ့လာမှုတခုလုံးအတွက် ၁၆,၀၀၀ ထက်မကတဲ့ လူပေါင်းများစွာရဲ့ ကြိုးပမ်း အားထုတ်မှုကြောင့်
ကူးစက်ခံရသူပေါင်း ၁၂၅ ယောက် ထွက်ပေါ်လာသလို မထင်မှတ်ထား လောက်အောင်ကို အောင်မြင်မှုအပေါင်းက
ဆီးကြိုနေတာကတော့ ကြိုးပမ်း အားထုတ်မှုရဲ့ ရလဒ်လို့ပဲ ဆိုရမှာပေါ့။

သိပ္ပံပညာရှင်တွေကတော့
ဒီကာကွယ်ဆေးရဲ့ သက်ရောက်မှု အချိန်ပမာဏကို သိချင်နေကြသလို အင်အား အလုံအလောက်ရှိပြီးမှ
တိုက်ခိုက်တုံ့ပြန်မှု စွမ်းရည်မြင့်မားလာခြင်း ဟုတ်မဟုတ် သိဖို့လိုအပ်လာတဲ့အပြင် ဒီကာကွယ်ဆေးဟာ
လိင်တူဆက်ဆံလို့ ကူးစက် သူတွေအပေါ်မှာရော အကာအကွယ် ပေးနိုင်သလားနဲ့ ဒါမှမဟုတ် မူးယစ်ဆေး
သုံးစွဲခြင်းကြောင့် ကူးစက်သူတွေ အပေါ်မှာရော ဘယ် လို အကျိုးသက်ရောက်မှု ရှိသလဲဆိုတာကို
အတော်လေးသိချင်နေကြတယ်။

ဒီရောဂါ
ကာကွယ်ဆေးဟာ HIV ပိုးကူးစက်ခံရပြီးသား လူတယောက်ရဲ့ သွေးအပေါ်မှာတော့ ဘယ်လိုမှ အကျိုးသက်ရောက်မှုမရှိတဲ့
ဒီကာကွယ်ဆေးဟာ ခုခံအားနည်းပါးမှုအပေါ်မှာ အကန့်အသတ်နဲ့ ချေဖျက် နိုင်ရှိလားဆိုတာနဲ့ ရောဂါပိုးကူးစက်ခံရပြီးသား
သူတွေအပေါ်မှာထပ်ပြီးဆိုးကျိုးကို ဖြစ်သလားဆိုတာကိုတော့ နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ရမှာဖြစ်တယ်။
သမရိုးကျမဟုတ်တဲ့ အစပျိုးအောင်မြင်မှုဟာ အလွန်တရာကို အရေးပါလှသလို သိပ္ပံ ပညာရှင်တွေကတော့
ဒီရောဂါအပေါ် ဘယ်လောက် အတိုင်းအတာထိ ကာကွယ်နိုင်မလဲ ဆိုတာကတော့ မှန်းဆတွက်ချက်နေတုန်းပဲ
ဆိုတာရယ် အဆုံးသတ်ကောက်ချက် ဆွဲလို့မရသေးသည့်အတွက် ဆန္ဒစောပြီးမထုတ်ဖော်ဖို့အင်မတန်
အရေးကြီးကြောင်း ဖူဆီ က ကောက်ချက်ချ သုံးသပ်သွားတယ်။

http://www.naytthit.com/articals/september09/article_sep27-2.html

http://news.yahoo.com/s/ap/20090924/ap_on_he_me/med_aids_vaccine

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top