24
Jul

AIDS ကုသဆေးအတွက် လမ်းပြမြေပုံကို သိပ္ပံပညာရှင်များ ရေးဆွဲ

နိုင်ငံတကာမှ AIDS  ရောဂါအကြောင်းကို ကျွမ်းကျင်သူ ပညာရှင်များမှာ HIV ရောဂါပိုးကို ကုသနိုင်မည့် နည်းလမ်းအတွက် လက်တစ်ဆုပ်စာ အကွာအဝေးသာ လိုတော့ကြောင်း ပြောကြားလိုက်ကာ ယခုဆေးကို ရှာဖွေရန် ဆယ်စုနှစ် အတော်ကြာ ကြိုးစားခဲ့ပြီးနောက် ယခုလို ပြောကြား လိုက်ခြင်း ဖြစ်သည်။  ကြာသပတေးနေ့က သုတေသန ပညာရှင်များမှ ပြောရာ၌ ၎င်းတို့အနေဖြင့် ယင်းရောဂါကို ကုသနိုင်ရန် လမ်းကြောင်းပေး သည့် နည်းလမ်းများကို ရောက်ရှိစေရေးအတွက် မဟာဗျူဟာများ ချမှတ်လိုက်ပြီး ဖြစ်သည်ဟု ပြောခဲ့သည်။

ယနေ့မှာ အဆိုပါ ဆေးအတွက် ပထမအဆင့် လုပ်ဆောင်ချက်တစ်ခု ဖြစ်ကြောင်း AIDS  ရောဂါကို ရှာဖွေတွေ့ရှိသူ သိပ္ပံပညာရှင် နှင့် နိုဘယ်ဆုရှင်ဖြစ်သူ Françoise Barré-Sinoussi မှပြောကြားခဲ့သည်။ လာမည့် တနင်္ဂနွေနေ့ မှာ  နိုင်ငံ တကာ AIDS   ကွန်ဖရင့်နေ့ပင်ဖြစ်ပြီး နိုင်ငံတကာမှ  သိပ္ပံပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် ဥပဒေပညာရှင် ၂ သောင်းကျော်မှာ ဝါရှင်တန်ဒီစီသို့ ရောက်လာ ကာ ဆွေးနွေးကြမည်ဖြစ်ကာ ကမ္ဘာအနှံ့ လူပေါင်း ၃၄ သန်းကို ထိခိုက်စေ ရသည့် ယခုရောဂါပိုး ပျံ့နှံ့မှုမရှိရန်အတွက် မည်သို့ လုပ်ဆောင်မည်ကို တိုင်ပင်ကြမည် ဖြစ်သည်။  HIV ရောဂါပိုးကို တားဆီးနိုင်မည့် ဆေးများမှာ ပိုမိုကောင်းမွန် လာသည်နှင့်အညီ  ကုသဆေးမှာ ကို တွေ့ရှိရန်မှာ လည်း ဖြစ်နိုင်ချေ ရှိနေပြီ ဖြစ်သည်ဟု Sinoussi မှ ပြောကြားသွားခဲ့သည်။

MRTV-4 - AIDS ကုသဆေးအတွက် လမ်းပြမြေပုံကို သိပ္ပံပညာရှင်များ ရေးဆွဲ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top