အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် တိုက်ဖျက်ရာတွင် ကမ္ဘာကြီးသည် ရှုံးနိမ့်နေကြောင်း အမေရိကန် သမ္မတ ဂျော့ဒဗလျူဘုတ်ရှ်၏ ထိပ်တန်းအကြံပေး ပုဂ္ဂိုလ်တစ်ဦးဖြစ်သော ဒေါက်တာအန်တိုနီဖိုချီက ဆစ်ဒနီတွင် ကျင်းပသော အိတ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေး ကွန်ဖရန့် တွင်ပြောကြားခဲ့သည်။
တစ်ဖက်တွင် အိတ်ခ်ျအိုင်ဗွီ လုပ်ငန်းများအောင်မြင်နေချိန်တွင် တစ်ဖက်တွင်လည်း အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူပမာဏမှာ များပြားလျက်ရှိနေသည်ဟု ဒေါက်တာဖိုချီကဆိုသည်။
“ လူတစ်ယောက်ကိုကုသ ပေးနေချိန်မှာ လူခြောက်ယောက်လောက်ဟာ ရောဂါပိုး ကူးစက်ခံနေရပါတယ်၊ ဒါ့ကြောင့်ကျတော်တို့ ဟာ ဒီကိန်း ဂဏန်းကစားပွဲမှာ ရှုံးနိမ့်နေပါတယ်” ဟု အိတ်ခ်ျအိုင်ဗွီ ၊အေအိုင်ဒီအက် ကျွမ်းကျင်သူများကွန်ဖရင့်တွင် ဒေါက်တာ ဖိုချီကပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် ဖွံ့ ဖြိုးဆဲနိုင်ငံများတွင် အိတ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေးဆေးဝါး သုံးစွဲရသူ ၂.၂ သန်းရှိခဲ့ပြီး လွန်ခဲ့သည့် သုံးနှစ်က သုံးသိန်းရှိခဲ့ သည်နှင့် ဒေါက်တာဖိုးချီက နှုန်းယှဉ်ပြောကြားခဲ့သည်။
၂
BBC (Flower News 2/8/07)




