26
May

AIDS နဲ့သေဆုံးသူတွေအတွက် ဘာသာကြီး ၄ ခု ဆုတောင်းပြု

AIDS ရောဂါနဲ့ ကွယ်လွန်သူတွေအတွက် ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ ခရစ်ယာန်၊ မွတ်စလင် ဘာသာကြီး ၄ ခုလုံးက လူတွေပူးပေါင်းပြီး ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲကို မေ ၂၄ က စိမ်းလန်းစိုပြေမှာ ပြုလုပ်ခဲ့ကြပါတယ်။

HIV/AIDS ကူးစက်ခံရသူ ရောဂါသည်တွေအတွက် လူမှုရေးပိုင်းဆိုင်ရာ နစ်နာမှုတွေ လျော့နည်းသွားအောင် ကျင်းပတာဖြစ်ပြီး ကူးစက်ပြန့်ပွားမှု လျော့နည်းအောင် လူတိုင်းကိုယ်စီမှာ တာဝန်ရှိတယ်လို့ ဒေါက်တာ စစ်နိုင်က ပြောပါတယ်။ ရောဂါ ကူးစက်ခံရသူတွေအတွက် ဆေးဝါးတွေ လက်လှမ်းမီသလောက် ရရှိဖို့၊ အသိပညာပေးမှုနဲ့ ဥပဒေပိုင်းဆိုင်ရာတွေကိုတော့ အစိုးရမှာ လုပ်ပေးဖို့ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

HIVနဲ့ ပတ်သက်တဲ့ လူမှုကွန်ရက်တွေနဲ့ ရောဂါဝေဒနာခံစားရဖူးသူတွေ ပူးပေါင်းလုပ်ဆောင်တဲ့ ဒီဆုတောင်းပွဲဟာ AIDS ရောဂါကြောင့် ကွယ်လွန်သူတွေအတွက်သာ မဟုတ်ဘဲ လက်ရှိ ရောဂါကူးစက်ခံထားရသူတို့ရဲ့ ဘဝတွေချောမွေ့ဖို့ကိုလည်း ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။

လူသားတိုင်း သေဆုံးကြမှာဖြစ်လို့ ဒီရောဂါနဲ့ကွယ်လွန်တာဟာလည်း အထူးအဆန်းမဟုတ်သလို သေဆုံးခဲ့သူတွေအတွက် လာရောက်ဆုတောင်းခွင့်ရတာ အတိုင်းမသိဝမ်းသာတယ်လို့ Martina က ပြောပါတယ်။ လက်ရှိရောဂါခံစားနေရသူတွေကိုလည်း စိတ်ဓာတ်ကျပြီး အားငယ်မနေကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ရုပ်သံ -  http://https://www.youtube.com/watch?v=cACqax9T5nU

ကမာရွတ် - AIDS နဲ့သေဆုံးသူတွေအတွက် ဘာသာကြီး ၄ခု ဆုတောင်းပြု

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top