AIDS တိုကဖျက်ရေး မြန်မာနိုင်ငံလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ MBCA (Myanmar Business Coalition on AIDS) ကပြည်မြို့ တွင် လုပ်ငန်းခွင်အတွင်း HIV/AIDS သင်တန်းတွေ ဆွေးနွေး၊ ပို့ ချနေကြောင်း သိရသည်။
<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" />
MCBA (ပြည်) ကိုစတင်ဖွင့်လှစ်တဲ့ ၂၀၀၄ ခုနှစ်ကနေ ခုချိန်ထိ ဒေသတွင်း HIV/AIDS တားဆီးရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ကူညီခဲ့ ကြတဲ့ တ္တောရာ လူငယ်များ သာရေးနာရေး ကူညီမှုအသင်း ဟိုတယ် မိုတယ် တည်းခိုခန်းများ အစည်းအရုံး (ပြည်မြို့ )၊ ပြည်မြို့ မဈေးသူ၊ ဈေးသား တွေနဲ့ တစ်ဦးချင်း ကူညီပေးကြတဲ့ လုပ်ငန်းရှင်တွေ လူပုဂ္ဂိုလ်တွေကို MBCA ကကျေးဇူးတင်ကြောင်း အလှူငွေ ပေးအပ်ပွဲမှာ ပြောကြားသွားပါတယ်။
MBCA(ပြည်) ဟာ၂၀၀၄ ခုနှစ် ဧပြီလက ပြည်မြို့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ဦးဆောင်ပါဝင်မှု တွေကို ရရှိခဲ့ပါတယ်။ လုပ်ငန်းခွင်နဲ့ ပြည်သူတွေ အကြား HIV/AIDS ဆိုင်ရာ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့  ဆိုပါတယ်။ ပြည်၊ ရွှေတောင်၊ ဆင်မြီးဆွဲဒေသတွေမှာ လုပ်ငန်းခွင်ပေါင်း ၈၀ ကျော်က အလုပ်သမား ၈၀၀၀ နဲ့ ပြည်သူ ၁၀၀၀၀ ကျော်တို့ ကို ပညာပေးဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။
The Kumudra Weekly- 2 March 2007 (No-216)




