AIDS ဗိုင်းရပ်စ်သည် ဝေဒနာရှင်၏ ဦးနှောက်ကို
နည်းလမ်းနှစ်မျိုးဖြင့်ဖျက်ဆီးသည်။ ၎င်းသည် ဦးနှောက်ကလပ်စည်းကို သေစေရုံသာမက
ကလပ်စည်းသစ်ဖြစ်ပေါ်မှုကိုလည်း တားဆီးနိုင်သည်ဟု အမေရိကန်သုတေသနဌာနမှ ဗုဒ္ဓဟူးနေ့တွင်
သတင်းထုတ်ပြန်သည်။
၎င်းရောဂါ စွဲကပ်ခံရသူများသည် မှတ်ဥာဏ်ရှုပ်ထွေးမှု၊ ကောင်းစွာအိပ်၍မရခြင်း၊
မှတ်ဥာဏ် ဆုံးရှုံးမှု ဖြစ်ပေါ်စေနိုင်သည်။ ဗိုင်းရပ်စ်ပိုးသည် ဦးနှောက်ကလပ်စည်းကို
ဖျက်ဆီး၍ ပင်မကလပ်စည်းမှ ကလပ်စည်း သစ်ခွဲထုတ်ဖြစ်ပေါ်စေခြင်းကိုလည်း
တားမြစ်နိုင်သည်ဟု ကယ်လီဖိုးနီးယား တက္ကသိုလ် ဆေးသုတေသန ဌာနမှပြောကြားသည်။
HIV ဗိုင်းရပ်စ်သည် ဦးနှောက်ကို ဒဏ်ရာရစေ၍ အလိုအလျောက်
ပြန်လည်ပြင်ဆင် ခြင်းကိုလည်း တားမြစ်နိုင်သဖြင့် နည်းလမ်းနှစ်ခုဖြင့် တိုက်ခိုက် ခြင်းဖြစ်ပေသည်။ HIV ကုသဆေးဖြစ်သော antiretroviral ဆေးသည် ဦးနှောက်အတွင်းသို့ ကောင်းစွာ ထိုးဖောက်ဝင်ရောက်မှုမရှိချေ။
ထို့ကြောင့် ဗိုင်းရပ်စအတွက် ပုန်းရှောင်ရန် နေရာရစေသည်။ လူနာများ အသက်အရွယ် ကြီးရင့်သည်နှင့်အမျှ
HIV ဆက်နွယ်သော
မှတ်ဥာဏ်ချို့ယွင်းခြင်း ဖြစ်တတ်သည်ကို မကြာခဏတွေ့ရသည်။
HIV ဗိုင်းရပ်စ်သည်။ ပင်မကလပ်စည်းကို တိုက်ခိုက်နိုင်ကြောင်း
ပထမဆုံးအကြိမ်တွေ့ရခြင်းဖြစ်သည်။ အဓိက တရားခံမှာAIDS ဗိုင်းရပ်စ်၏ အပြင်ဖက်တွင် တွေ့ရသော JP 120 ပရိုတင်းဖြစ်သည်။ မေ့လျော့ခြင်း၏ အကြောင်းအရင်းကို သိရပြီဖြစ်၍ မကြာမီတွင် ကုသမှု နည်းလမ်းကို ရှာဖွေတွေ့ရှိနိုင်တော့မည်ဟု
သုတေသနပညာရှင် မစ္စတာလစ်တန် ကပြောကြားသည်။ (အေပီ)
AIDS ဗိုင်းရပ်စ်သည် ဦးနှောက်အား
နည်းလမ်းနှစ်သွယ်ဖြင့်တိုက်ခိုက်




