AIDS ဟာ ရောဂါတစ်ခု အနေနဲ့ ဒီရေသဖွယ် ပြန့်ပွားလာခဲ့ပြီး လူမှုရေး အပိုင်းမှာလည်း တွေးခေါ်မှုနဲ့ စိတ်ဓာတ်ကို ထိခိုက်မဂရှိခဲ့တယ် ဆိုတာ သိရပါပြီ။ ဒါပမေယ့် ဒါလောက်နဲ့ AIDS ရဲ့ လှိုင်းဂယက်ဟာ မဆုံးသေးဘူး။ ကမ္ဘာပေါ်ရှိ လူ့အဖွဲ့အစည်းနဲ့ လူနေမှု စနစ်တစ်တခုလုံးကို အဘက်ဘက်က ထိနေပြီဆိုတာ တဖြည်းဖြည်း သိလာရတယ်။ တစ်ဆင့်ပြီး တစ်ဆင့် ကြီးမားကျယ်ဝန်းလာတဲ့ ဝဲသြဃစက်ဝိုင်းလို အရှိန်မသတ်ဘဲ အချိန်ကြာမြင့်လေ သူမှ တစ်ဆင့် ထုတ်ပေးလိုက်တဲ့ ပြဿနာတွေက ကြီးထွားလေ ဖြစ်နေပြီ။ ဒါကြောင့် AIDS ဟာ လူသားတွေရဲ့ အနာဂတ်ကို ဓားပြတိုက် ယူလိုက်တဲ့ ရောဂါလို့ ခေါ်ရမှာ ဖြစ်နေပြီ။
AIDS ရဲ့ ဂယက်ကြောင့် ထွက်ပေါ်လာတဲ့ ကိစ္စရပ်တွေထဲမှာ ပထမဦးဆုံး တတ်လာတဲ့ ကိစ္စကတော့ “AIDS ဘယ်က စသလဲ” ဆိုတာပဲ ဖစ်တယ်။ အရင် မဖြစ်ဘူးသေးတဲ့ ရောဂါတစ်ခု ပေါ်ပေါက်လာရင် ဒီရောဂါရဲ့ ဒဏ်ချက်ကို သက်သာအောင် လုပ်ရာမှာရော၊ ရောဂါ ကာကွယ်ရေး လုပ်ဆောင်ချက်တွေမှာရော ဒီရောဂါ အစဖော်ထုတ်ရေး ကိစ္စဟာ သိပ်အရေးကြီးတာတော့ မဟုတ်ပါဘူး။ AIDS မှာ လောလောဆယ် တကယ်စူးစိုက်ပြီး လုပ်ရမှာကတော့ ရောဂါ မပြန့်ပွားရေးပါ။ ဒါပေမယ့် AIDS အစရှာတဲ့ ကိစ္စက မထင်မှတ်ဘဲ အငြင်းပွားရတဲ့ အရေးအခင်း ဖြစ်လာရတယ်။
အကြောင်းကတော့ “သူ့ကြောင့်” “ငါ့ကြောင့်” ဆိုပြီး အပြစ်ဖို့ ချင်တဲ့ သဘောတွေနဲ့ နိုင်ငံရေး သဘောတွေ ရောလာတာကြောင့်ပဲ။ ဘယ်တိုင်းပြည် ဘယ်လူမျိုးတွေက စပြီး ကမ္ဘာကြီးကို ဒီရောဂါ အမွေဆိုးကြီး ပေးခဲ့သလဲဆိုတဲ့ ပြဿနာ တက်ခဲ့တယ်။ AIDS ရောဂါရဲ့ သမိုင်းကို ကြည့်ရင် ဒီစိတ်ဓာတ်ပိုင်းဆိုင်ရာအကြောင်း တွေကြောင့် ပြဿနာဟာ အခုထိ ခက်ခဲနက်နဲပြီး ကိုင်တွယ်ရ ချက်နေအောင် ဖန်တီးနေတယ်ဆိုတာ တွေ့ရတယ်။ ဒါကတော့ လူတွေဟာ AIDS နဲ့ ပတ်သက်လာရင် ပထမ မရှိဘူးလို့ ပြင်းကွယ်လိုက်တယ်။
ငြင်းလို့မရလောက်တဲ့အခါကျတော့ ဘယ်သူဘယ်ဝါကြောင့်ဆိုပြီး အပြစ်ဖို့လို့ရမယ့် အုပ်စုအပေါ် အပြစ်တင်လိုက်ပြီး ဘာဃာတတွေ ထားလာကြတယ်။ ဒါကြောင့်လည်း အာရှနိုင်ငံသားတွေက အနောက်နိုင်ငံသား (ကမ္ဘာလှည့်ခရီးသည်) တွေကြောင့်လို့ ဆိုတယ်။ ဥရောပမှာတော့ အာဖရိကက လူတွေရဲ့ အပြစ်တဲ့၊ နောက် ပြည့်တန်ဆာတွေ၊ ဂေးတွေ စသည်ဖြင့် အပေါ်ပုံချကြတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်ဆံရေးတောင် ထိပါးလာတယ်။ တချို့နိုင်ငံတွေက AIDS ဆေးစစ်ပြီး မရှိဘူးလို့ ပြနိုင်မှ သူတို့နိုင်ငံကို ဝင်နိုင်မယ်။ တချို့ကလည်း တာတိုအမြင်နဲ့ တဇွတ်ထိုးပြောဆို အကြံပြုတာတွေ ရှိတယ်။
ဥပမာ AIDS ဗိုင်းရပ်စ်ပိုး မရှိကြောင်း လက်မှတ် လူတွေ ကိုင်ဆောင်ရမယ်၊ AIDS ပိုးရှိနေသူတွေကို ဆေးမင်ကြောင်ထိုးပြီး အမှတ်တံဆိပ် ခတ်နှိပ် ထားရမယ်။ AIDS ပိုးရှိသူဟာ အိမ်ထောင်မပြုရ၊ အလုပ်မလုပ်ရ၊ ခရီးသွားခြင်း မပြုရလို့ ဥပဒေနဲ့ တားမယ် စသည်ဖြင့် ဖြစ်လာကြတယ်။ ဒါတွေက လက်တွေ့ရဲ့ အပြင်ဘက် ဟိုဘက်အစွန်း ရောက်နေတဲ့ ကန့်သတ်ချက်တွေဆိုတော့ ဘယ်လုပ်လို့ ရမှာလဲ။ တကယ် ထိရောက်မှုလည်း မရှိနိုင်ဘူးဆိုတာ AIDS အကြောင်း အစစ်အမှန် သိပြီးလူတွေ အတွက်တော့ ရှင်းနေတာပဲ။ ဆစ်ဖလစ်တုန်းကလည်း ဒါမျိုး ကြုံခဲ့ဖူးပါပြီ။
AIDS ရောဂါ အစရှာပုံတော်ကို ဆက်ကြရရင် စာတွေ့သဘောနဲ့ ပြောရင်တော့ ရောဂါ အရင်းခံအစကို ရှာမယ်ဆိုရင် ပထမဦးဆုံးသော လူနာ ဘယ်မှာလဲဆိုတာ ရှာလို့ ရရမယ်။ ဒါက စိတ်ရှည်လက်ရှည်နဲ့ နောက်ကြောင်းပြန်ကောက်ပြီး တစ်ဆင့်စီ တစ်ဆင့်စီ တစ်လှမ်းချင်း နောက်ပြန်ဆုတ်ပြီး ရှာရမှာ။ ရောဂါက ဘယ်လို ကူးစက်တယ်ဆိုတာကို သိရင် ဒီလို လုပ်လို့ ရမယ်။ ဒါပေမယ့် တကယ့် လက်တွေ့မှာတော့ သိပ်မလွယ်ဘူး။ ဒီလို AIDS ရောဂါကို ရှာဖို့လုပ်ရာမှာ ပထမဦးဆုံး ကသိကအောက် ဖြစ်သွားရတဲ့ ကိစ္စကတော့ အမေရိကန်ရှိ CDC ခေါ် ရောဂါ ထိန်းချုပ်ရေး ဗဟိုဌာနက ထုတ်တဲ့ ကြောညာချက်တစ်ခုထဲမှာ ဟေတီကျွန်းသားတွေကို စွပ်စွဲ အပြစ်ဖို့နေပုံ ရနေတယ်။ အဲဒီ ကြေညာချက်ထဲမှာ ၁၉၈၂ ခုနှစ်မှာ အမေရိကန်မှာ လူ ၁၀၀ လောက် သေပြီး လူ ၂၀၀ ကျော်လောက် ရောဂါ ဖြစ်နေတဲ့ ရောဂါအသစ်အဆန်း AIDS ပေါ်နေတဲ့ အထဲမှာ ဟေတီကျွန်းသား ၃၄ ဦးမှာ ဒီရောဂါတွေ့ထားတယ်။
သူတို့ဟာလည်း အခြားရောဂါတွေ့ထားတဲ့ လူနာတွေလို “ဂေး” မဟုတ်ကြဘူး။ မူးယစ်ဆေးလည်း မထိုးလို့ဆိုတော့ ဒီဟေတီနိုင်ငံသားတွေ ကများ ရောဂါစတာလားဆိုတဲ့ ထင်မြင်ချက်မျိုး ပါနေတယ်။ ၁၉၈၃ မှ ဒါဟာ မဟုတ်နိုင်ဘူးလို့ ဟေတီက ဆရာဝန်တွေက စောဒက တက်ကြတယ်။ ဒီအချိန်က AIDS ရောဂါ ရှိနေသူပေါင်းရဲ့ ၆% လောက်သာ ဟေတီကျွန်းသားတွေ ဖြစ်နေတာ။ ဒါတော့ ဘယ်အုပ်စုကမဆို ဒီလောက်နည်းတဲ့ ရာနှုန်းတော့ ဖြစ်နိုင်တာပဲ။ ဘာကြောင့် ဟေတီကျွန်းသားတွေကိုမှ ကွက်ပြီး မီးမောင်း ထိုးပြနေကြတာလဲ။ ဟေတီလူနာတွေဟာ သူတို့ “ဂေး” ဖြစ်ကြတယ်။ မူးယစ်ဆေး ထိုးတယ်ဆိုတာကို လွယ်လွယ်ကူကူနဲ့ မပြောတတ်ကြဘူး။ ဒါကတော့ သူတို့ရဲ့ စရိုက်ပဲ။
ဒီတော့ သုတေသီတွေက ဒီလိုနေရာမျိုးမှာ လူတွေဓလေ့အကြောင်း ကောင်းကောင်းနားလည်ပြီး ဒီလို အရာမျိုး မေးတဲ့နေရာမှာ သိမ်မွေ့နူးညံ့စွာ ဌာနေစရိုက်နဲ့ ဘောင်ဝင်စွာ ကိုင်တွယ် ဆက်ဆံပြီး အဖြေမှန်ရအောင် လုပ်ဖို့ လိုတယ်လို့ ဆိုတယ်။ မေလ ၁၉၈၅ မှာတော့ CDC က ဟေတီသားတွေကို AIDS အထူးတလည်ပိုဖြစ်တဲ့ အုပ်စုအဖြစ်မှ ပယ်ဖျက်ပါတယ်။ သူတို့ဟာ အခြားသူတွေထက် AIDS အန္တရာယ် ပိုရှိတယ်လို့ မယူဆနိုင်ဘူးလို့ CDC က ပြန်ပြင်ပြီး ပြောရတယ်။ ဒါပေမယ့် ဒီအတွင်းမှာတော့ ဒဏ်ခတ်ခြင်းတော့ ခံလိုက်ရပြီ။
ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။




