6
Jun

AIDS အကြောင်း သိကောင်းစရာ အပိုင်း (၁)



AIDS ရောဂါဟာ
မြန်မာလို ခုခံအားကျဆင်းမှုရောဂါလို.ဆိုတဲ့အတိုင်း ကိုယ်ခန္ဓာရဲ. ခုခံမှု အဖွဲ.အစည်း
Immune
System
ကို ထိခိုက်ယို.ယွင်း သွားစေပါတယ်။
ဒါဟာ
HIV( Human Immunodeficiency Virus) ကြောင့် ဖြစ်ရတာပါ။

 

HIV ဟာ Retro
Virus
အမျိုးအစားအောက်ထဲက Virus
ပါ။ Immune System ကိုထိခိုက်တဲ့အတွက် ပြင်ပက ရောဂါပိုးတွေ၊ သာမန်လူတွေမှာ
ရောဂါမပေးတဲ့ ရောဂါပိုး အသေး အမွှားတွေ၊ မှိုရောဂါတွေ ဟာခန္ဓာကိုယ်အနှံ.မှာ
ဖြစ်လာပါတယ်။ ဒါကို
opportunistic infections လို.ခေါ်ပါတယ်။ မူလပုံမှန် ဆဲလ်တွေလည်း ကင်ဆာ ဆဲလ်တွေ အဖြစ်
(
Neoplasia) ပုံပြောင်း
သွားနိုင်ပါတယ်။
AIDS ရောဂါဟာ
အခုအခါမှာ တစ်ကမ္ဘာလုံးမှာပျံ. (
pandemic ဖြစ်) နေပါပြီ။ ကုသမှု ဆေးအသစ် အသစ်တွေ ထွက်ပေါ် လာပေမယ့်
ရောဂါအခြေနေကို ထိန်းချုပ်နိုင်ရုံပဲ ဖြစ်ပါတယ်။ အမြစ်ပြတ် မကုသနိုင်သေးပါဘူး။
အခုရောဂါ ဘယ်လိုဖြစ်သလဲဆိုတာကိုကြည့်ရအောင်။

 

 

ရောဂါဖြစ်ပုံ

 

HIV ပိုးစတင်ဝင်ရောက်တဲ့
အချိန်ကနေ
AIDS
ရောဂါလက္ခဏာစပြတဲ့အချိန် ကြားကာလကို
Window Period လို.ခေါ်ပါတယ်။ AIDS ရောဂါဖြစ်တဲ့ အခါမှာ ခန္ဓာကိုယ်ရဲ. Immune
System
က ဆဲလ်တွေကို ပျက်စီး
လျော့နည်းစေပါတယ်။ ဒီဆဲလ်တွေ အကြောင်း အရင်ပြောလိုပါတယ်။
Immune
System
ရဲ. အဓိက ဆဲလ်တွေကတော့ T
cells, B cells
နဲ. Macrophage တွေ ဖြစ်ကြပါတယ်။ T cell မှာ CD4+ T cell (Helper T Cell) နဲ. CD8+ T cell (Cytotoxic T Cell) ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အဲဒီမှာ CD4+
T cell
က ပိုအရေးကြီး ပါတယ်။

 

တီးဝိုင်းတစ်ဝိုင်းမှာ
တီးဝိုင်း ခေါင်းဆောင်က အရေးကြီးသလို
Immune System မှာ CD4+ T cell ကို Bandmaster of the Immune System လို.တောင် တင်စား ခေါ်ဝေါ်ကြပါတယ်။ ဘာလို.လဲဆိုတော့ CD4+
T cell
က တစ်ခြား Immune
cell
တွေဖြစ်တဲ့ B
cell
နဲ. Macrophage တွေကိုလှုံ.ဆော်ပေး နိုင်တယ်။ တစ်နည်း ပြောရရင် Immune
System
ရဲ. Cellular Immunity နဲ. Humoral Immunity တို.ကို တစ်ဆင့်ပြီး တစ်ဆင့် လှုံ.ဆော် ပေးနိုင်တယ်။ ဒီတော့
ဝင်လာတဲ့ ရောဂါပိုး (သို.)
foreign body တွေကို ထိထိ ရောက်ရောက် တိုက်ခိုက် ဖျက်ဆီးနိုင်တယ်၊
ခန္ဓာကိုယ်ကို အန္တရာယ် မကျရောက်အောင် ကာကွယ် ပေးတယ်။
HIV ရောဂါပိုး ကလည်း ဒီအရေးကြီး ပါတယ်ဆိုတဲ့ CD4+ ကိုမှ ဖျက်ဆီးပစ်တော့ ခက်တော့ တာပေါ့။ CD4+
T cell
တွေ လျော့နည်းတာဟာ Immune
System
ကြီး တစ်ခုလုံး တစ်ဖြည်းဖြည်း
ပျက်စီးလာတာနဲ. အတူတူပါပဲ။ ရောဂါတွေလည်း တစ်ခုပြီး တစ်ခုဝင်လာ ပြီး နောက်ဆုံးမှာ
့။
CD4+ cell တွေ အရမ်းကျဆင်း
လာပြီး ဒုက္ခရောက်တာပါပဲ။ အသေးစိတ်ပြောရမယ်ဆိုရင် အဆင့် ၃ ဆင့်ခွဲပြောလို.ရပါတယ်။

 

 

Early, Acute Phase

ဒီအဆင့်ကတော့ ရောဂါပိုး
ကူးစက်ခံရပြီး သိပ်မကြာသေးတဲ့ အခြေနေပေါ့။
HIV ပိုးတွေသွေးထဲမှာ ခဏများပြီး ဆက်ပွားနေမယ်။ ပြီးတာနဲ.
ခန္ဓာကိုယ်မှာရှိတဲ့
Lymph Node (ပြန်ရည်အကျိတ်)တွေထဲမှာ
သွားပြီး အောင်းနေမယ်။့ ။
CD4+ T cell တွေ ခဏ တဖြုတ် နည်းသွားမယ်။ ပိုးပွားတာကို ထိန်းချုပ်ဖို. CD8+
T cell
တွေ များလာပြီး ခဏပဲ
ထိန်းချုပ်နိုင်တယ်။ ပြန် ထိန်းချုပ်နိုင်တယ် ဆိုတာ ဒီအဆင့်မှာပဲရှိပါတယ်။
နောက်ပိုင်း ပိုဆိုးလာရင် ဘယ်လိုမှ မထိန်းချုပ်နိုင်တော့ပါဘူး။

 

လက္ခဏာ

ရောဂါပိုး ကူးစက် ခံရပြီး ၃
ပတ်ကနေ ၆ပတ် အကြာမှာ ဖျားသလိုလို၊ လည်ချောင်း နာသလိုလိုဖြစ်မယ်။ ကိုယ်အလေးချိန်
အနည်းငယ် ကျသွားမယ်။ အရေပြားမှာ အနီစက်လေးတွေ (
Rash) တွေ ထွက်လာမယ်။ ၀မ်းလျှောတာ၊ အော့အန်တာတွေ ဖြစ်မယ်။
ဒီလက္ခဏာတွေဟာ ယာယီပဲဖြစ်တာပါ။ ၂ပတ်ကနေ ၄ပတ်အတွင်း ပြန်ပျောက်သွားပါတယ်။ ကျသွားတဲ့
CD4+
count
ကလည်း ၆ပတ်ကနေ ၁၂ပတ်အတွင်း
ပုံမှန်ပြန်ဖြစ်ပါတယ်။

 

Middle, Chronic Phase

ဒီအဆင့်မှာတော့
ရောဂါပိုးပွားတာကို မတားနိုင်တော့တဲ့အတွက် ရောဂါပိုးတွေ ဆက်ပွားလာပါတယ်။
CD4+
T cell
အရေအတွက်လည်း တစ်ဖြည်ုးဖြည်း
လျော့ကျလာပါတယ်။ ကျသွားတာကို ပြန်ကာမိဖို.အတွက်
CD4+ အသစ်တွေကိုလည်း Immune System က ပြန်ပွား ပေးပြန်ပါတယ်။ ပျက်လိုက်၊ ဖြစ်လိုက်ပေါ့ဗျာ။

 

လက္ခဏာ

ပြန်ရည်အကျိတ် (Lymph
Node)
တွေကြီးလာပါတယ်။ ဖျားနာတဲ့ လက္ခဏာတွေ
မတွေ.ရတော့ပါဘူး။ ဒီအဆင့်ဟာ နှစ်နဲ.ချီပြီး( ၇နှစ်ကနေ ၁၀နှစ်လောက်အထိ)
ကြာနေနိုင်ပါတယ်။ ဒီအဆင့်ပြီးရင်တော့ အခြေနေ သိပ်မကောင်း တော့ပါဘူး။
နောက်ဆုံးအဆင့်ပေါ့။

 

Final, Crisis Phase

ဒါကတော့ HIV အကူးစက်ခံအဆင့်ကနေ AIDS (full blown AIDS လို.လည်းပြောကြပါတယ်) အဆင့်ကို ရောက်တော့မယ့်
နောက်ဆုံးအဆင့်ဖြစ်ပါတယ်။ ဒီအဆင့်အပြီးမှာ ရောဂါလက္ခဏာကြီးကြီးမားမားတွေ
စပြီးပြလာပါတော့တယ်။
Atlanta
မြို.မှာရှိတဲ့
CDC (Centre for Disease Control) ရဲ.သတ်မှတ်ချက်အရ HIV ပိုးရှိပြီးသူတစ်ယောက်ဟာ CD4+ count 200 cells/µL အောက်ရောက်နေပြီဆိုရင်တော့ full blown AIDS လို.သတ်မှတ်ပါတယ်။ CD4+ T cell တွေမရှိတော့တဲ့ အပြင် ပြန်လည်ပွားယူဖို.နဲ. CD8+
T cell
တွေဝင်ရောက်တိုက်ခိုက်ပေးဖို.ဆိုတာ
မဖြစ်နိုင်တော့ပါဘူး။
Immune System ဟာ HIV ရန်သူတွေကို စစ်ရှုံးတဲ့ခြေနေ ရောက်နေပါပြီ။

 

လက္ခဏာ

လူနာဟာ ဖျားနာနေတာ
တစ်လထက်မကကြာနေမယ်။ မောပမ်းနွမ်းနယ်နေမယ်။ အလကားနေရင်း ၀မ်းလျှောမယ်။
opportunistic
infection (
ဒီအေကြာင်းကိုနောက်မှအသေးစိတ်ပြောပါမယ်)
တွေဖြစ်မယ်။ ကင်ဆာဆဲလ်တွေဖြစ်ပေါ်လာ
ပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top