20
Sep

AIDS ရောဂါကို အလိုအလျောက်တိုက်ဖျက်ပေးတဲ့ ကိုယ်ခံစွမ်းအား



HIV
ကနေ AIDS အဆင့်သို့ ကူးပြောင်းတဲ့ အခါ AIDS ရောဂါ လက္ခဏာများကို တိုက်ဖျက်ပေးတဲ့
Antibodies (ကိုယ်ခံစွမ်းအား) နှစ်မျိုးကို HIV ဝေဒနာသည်တစ်ဦးထံမှ
တွေ့ရှိခဲ့ကြောင်း ပြီးခဲ့တဲ့ အပတ်က ပညာရှင်များက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါ
antibodies နှစ်မျိုးဟာ HIV ကနေ AIDS အဖြစ်သို့ ကိုယ်ခံစွမ်းအား
လျော့နည်းလာခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါတွေရဲ့ သုံးပုံတပုံကို သူ့အလိုအလျောက်
တိုက်ဖျက်ပေးနိုင်ကြောင်း တွေ့ရတယ်။

ဒီလိုစမ်းသပ်ဖို့အတွက်
ထိုင်း၊ သြစတြေးလျနှင့် အာဖရိကရှိ HIV နှင့် အတူနေထိုင်သူပေါင်း ၁၈၀၀
ခန့်သွေးနမူနာ ယူပြီး စမ်းသပ်စစ်ဆေးခဲ့ရာမှ အာဖရိကမှ လူနာတစ်ဦးထံမှ
တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ
ကမ္ဘာ တစ်ဝှမ်းလုံး HIV , AIDS နဲ့အတူနေထိုင်ကြသူများ အတွက်
ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့ အတွက် မျှော်လင့်ချက်တစ်ခုပါ။ HIV ကာကွယ်ဆေးကို
ကြိုးစား စမ်းသပ်ထုတ်လုပ်နေကြပေမယ့် အခုချိန်မှ ထိထိရောက်ရောက် အောင်အောင်မြင်မြင်
မထုတ်လုပ်နိုင်ကြေသေးပါဘူး။ မျောက်များဖြင့် HIV ကာကွယ်ဆေးကို
စမ်းသပ်အောင်မြင်ခဲ့ပေမယ့် လူတွေနဲ့ စမ်းသပ်ဖို့အတွက် ပြဿနာ တချို့ ရှိနေပါသေးတယ်။

အထက်ပါ
တွေ့ရှိခဲ့တဲ့ Antibodies နှစ်မျိုးကိုသာ ကျယ်ကျယ်ပြန့်ပြန့်
အသုံးချနိုင်ခဲ့မယ်ဆိုရင် Virus ကို ဟန့်တား ထားနိုင်ဖို့အတွက် ဆေးအများ
အပြားသောက်နေရတဲ့ အဖြစ်ကနေ လွတ်ကင်းသွားနိုင်သလို ကာကွယ်ဆေး အတွက်လည်း ပိုပြီး
မျှော်လင့်ချက်ရှိလာမယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

(အတွဲ ၂၊ အမှတ် ၅၊ ၁၅ စက်တင်ဘာ
၂၀၀၉၊ အင်္ဂါနေ့ထုတ် သစ္စာသတင်းဂျာနယ်)
 



Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top