အေ့ဒ်စ်ရောဂါကို ဖြစ် ပွားစေတတ်သည့် ရောဂါဇာစ်မြစ် အား သုတေသီအဖွဲ့နှစ်ခုက ရှာဖွေ ခဲ့ရာ အာဖရိကတိုက်ကင်မရွန်းနိုင်ငံ အနောက်တောင်ပိုင်းရှိ ဂေါ်ရီလာ မျောက်ဝံမှ ဆင်းသက်လာကြောင်း နိုင်ငံတကာသိပ္ပံပညာရှင်များအဖွဲ့ က တနင်္လာနေ့၌ အမေရိကန်ပြည် ထောင်စု၌ ထုတ်ဝေလိုက်သည့် စာစောင်တွင် ဖော်ပြခဲ့ကြောင်း AFP သတင်းအရ သိရသည်။
အသစ်သိရှိရသည့် အကြောင်း အရာမှာ သုတေသီများက လူသား များကို ကူးစက်နေသည့် HIV ရော ဂါပိုး၏ မူလဘူတဇာစ်မြစ်ကို သိရှိ ခဲ့ရပြီး ဖြစ်သည်ဟု ဆိုလိုပေသည်။
HIV (HIV-1) မှာ အနည်းဆုံး လမ်းကြောင်းလေးခုမှ ကူးစက်နေသည်။ ၄င်းတို့မှာ အုပ်စု M,N,O နှင့် P တို့ ဖြစ်သည်။ အုပ်စုတစ်ခုစီ တွင် ၄င်း၏ မူလဇာစ်မြစ် ရှိကြသည်။ မျောက်ဝံမှ လူသားသို့ ကူးစက်သည်မှာ အနည်းဆုံး အခြေအနေ လေးရပ် ကြောင့် ကူးစက်ခြင်းဖြစ်သည်။
အုပ်စု M နှင့် N မှာ ကင်မရွန်းချန်ပန်ဇီမျောက်ဝံမှ ကူးစက်ခြင်း ဖြစ်သည်။ သို့ရာတွင် O နှင့် P ရော ဂါပိုးများ၏ ဇာစ်မြစ်ကိုမူ မည်သည့် နေရာမှလာသည်ကို မသိရသေးဟု ဆိုသည်။
AFP (ဝါရှင်တန်၊ မတ် ၄)
Yangon Media Group - AIDS ရောဂါပိုး ဂေါ်ရီလာမှ ဆင်းသက်လာဟု လေ့လာမှုကဆို




