ဆီးရီးယားတွင် တိုက်ပွဲဝင်နေသော အိုင်စစ်အဖွဲ့ဝင်များက AIDS ရောဂါရှိသူ တပ်သားတဦးကို ရောဂါပျံ့ ပွားစေမှုဖြင့် ကွက်မျက်လိုက်သည်။ အဆိုပါ AIDS ရောဂါသည် အိုင်စစ်အဖွဲ့ဝင်သည် အခြား အကြမ်းဖက် အဖွဲ့ဝင်တဦးကို သွေးလှူခြင်းမှ တဆင့် ရောဂါ ကူးစက်စေခဲ့ခြင်း ဖြစ်သည်။ အမည်မသိ အင်ဒိုနီရှားနိုင်ငံသား အိုင်စစ်အဖွဲ့ဝင်သည် သွေးလှူဒါန်းမှုပြုခဲ့ပြီး ၎င်းထံတွင် AIDS ရောဂါပိုရှိကြောင်း သိရှိခဲ့ရပြီးနောက် ဟာဆာကာခရိုင် ရှာဒါဒီအရပ်တွင် အခြေစိုက်နေသော အိုင်စစ်အဖွဲ့ဝင်များ ထိတ်လန့်တကြား ဖြစ်ခဲ့ကြကြောင်း သိရသည်။
AIDS ဝေဒနာရှင်၏သွေးကို လက်ခံခဲ့သော အီဂျစ်နိုင်ငံသား ဂျီဟတ်ဝါဒီတဦးနှင့် ၎င်း၏ လိင်ကျွန်ဖြစ်သော ၁၅ နှစ်အရွယ် ယာဇဒီ မိန်းကလေးအပါအ၀င် အဆိုပါ မိန်းကလေးကို အဓ္ဓမပြုကျင့်ခဲ့သူ ဆော်ဒီနိုင်ငံသား ၂ ဦးတို့လည်း ရောဂါကူးစက်ခံခဲ့ရပြီး အိုင်စစ်အဖွဲ့မှ တပ်မှူးအဆင့်ရှိသူတဦးလည်း ကူးစက်ခံထားရကြောင်း သတင်းများထွက်ပေါ်နေသည်။
အင်ဒိုနီးရှားနိုင်ငံသား၏ ဆေးမှတ်တမ်းများအရ ၎င်းထံတွင် AIDS ရောဂါရှိသည်ကို ယမန်နှစ် စက်တင်ဘာလ အိုင်စစ်အဖွဲ့သို့ မ၀င်ခင်ကပင် သိရှိပြီးဖြစ်ကြောင်း ဒေသတွင်းတက်ကြွလှုပ်ရှားသူများအဖွဲ့ Sound and Picture ထံမှ သိရသည်။ ယင်းကြောင့် အဆိုပါ အင်ဒိုနီးရှားနိုင်ငံသား AIDS ဝေဒနာရှင်အား“ဒဏ်ရာရတပ်ဖွဲ့ဝင်များကို သွေးလှူဒါန်းခြင်းဖြင့် အိုင်စစ်အဖွဲ့ဝင်များအပေါ် ထိခိုက်စေမှုဖြင့်” သေဒဏ်ချမှတ်ခဲ့သည်။
ယင်း AIDS ကူးစက်ပျံ့ပွားမှုသတင်းကြောင့် ဒဏ်ရာရအိုင်စစ်အဖွဲ့ဝင်များအတွက် သွေးလှူဒါန်းမည့်လူများကို တင်းကျပ်သောစစ်ဆေးမှုများ ပြုလုပ်နေကြောင်း Sound and Picture မှ လုပ်သားများအဖြစ် အသွင်ယူ၍ စုံစမ်းထောက်လှမ်းသည့် ဂျာနယ်လစ်များက ထုတ်ဖော်ပြောဆိုသည်။
“အိုင်စစ်အဖွဲ့ဝင်များအတွက် လှူသောသွေးများကို ၁ စက်မကျန် စစ်ဆေးရမည်”ဟု ညွှန်ကြားထားကြောင်း AIDS ရောဂါကုသရေးဌာနမှ ဆရာဝန်တဦးက ပြောသည်။
ယခု AIDS ကူးစက်မှုသတင်းနှင့်အတူ ယာဇဒီအမျိုးသမီး လိင်ကျွန်တဦးကို အမြင့်ဆုံးဆုကြေးအဖြစ် သတ်မှတ်သော အိုင်စစ်အဖွဲ့ဝင်များသည် ကိုရမ်ကျမ်းစာ အလွတ်ဆိုပြိုင်ပွဲများ သတင်းလည်း ထွက်ပေါ်လာသည်။
ယင်း ကိုရမ်အလွတ်ဆိုပြိုင်ပွဲများတွင် လိင်ကျွန်ဆုကြေးသာမက ဆုကြေးငွေများလည်း ပေးအပ်ကြောင်း၊ ဆီးရီးယားအတွင်းရှိ အိုင်စစ်တို့ ဗလီများတွင် ၇ ရက်ကြာ ကျင်းပလေ့ရှိကြောင်းလည်း သိရသည်။
ရည်ညွှန်း - ဒေးလီးမေးလ်
စောင့်ကြည့် သတင်းဂျာနယ် - AIDS ရောဂါရှင် အိုင်စစ် တပ်သားတဦး ရောဂါ ပျံ့ ပွားစေမှုဖြင့် ကွက်မျက်ခံရ




