HIV AIDS ရောဂါနဲ့ပတ်သက်လို့ အမျိုးသမီးတွေ၊ သူတို့ရဲ့ မိသားစုတွေနဲ့ လူ့အဖွဲ့အစည်းအပေါ် တုန့်ပြန်ကြတဲ့နေရာမှာ သဘောထားအမြင်တွေ အပြုသဘောဆောင်နိုင်ဖို့ အတွက် ခေါင်းဆောင်ပိုင်းအနေနဲ့ အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်သင့်တယ်ဆိုတဲ့ခေါင်းစဉ်နဲ့ လက်ရှိ ၀ါရှင်တန်မြို့တော်မှာ ကျင်းပနေတဲ့ AIDS နိုင်ငံတကာညီလာခံကြီးမှာ ဇူလိုင်လ ၂၆ ရက်နေ့က ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဗွီဒီယိုသ၀ဏ်လွှာပေးပို့ခဲ့သလို သမ္မတဟောင်းကတော် လော်ရာဘုရှ် ကလည်း မိန့်ခွန်းပြောကြားခဲ့တာမှာ HIV AIDS ဝေဒနာသည်တွေအပေါ် နားလည်မှုနဲ့ ကရုဏာထား ဆက်ဆံကြဖို့ တိုက်တွန်း ပြောကြားသွားခဲ့ပါတယ်။ ဒီအကြောင်းကို အခုသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍ မှာ ဒေါ်လှလှသန်း က စီစဉ်တင်ဆက်ထားပါတယ်။
အိတ်အိုက်ဗွီ ဟာ တကယ်ဆို ဘာလဲဆိုတာကို ကျမတို့ နိုင်ငံသားတွေ အနေနဲ့ နားလည်သဘောက်ပေါက် သင့်ကြပါတယ်။ ကျမတို့အနေနဲ့ အိတ်အိုင်ဗွီဟာ ကြောက်စရာ မလိုဘူး ဆိုတာကို နားလည်သင့်ကြသလို အိတ်အိုင်ဗွီ ရောဂါပိုး ဝင်နေကြ သူတွေကိုလည်း ခွဲခြားပြီး မဆက်ဆံ သင့်ပါဘူး။
သူတို့တတွေဟာ လူ့အဖွဲ့အစည်းအတွက် အန္တရာယ် မဟုတ်ဘူးဆိုတာကို ခွဲခြား သဘောက်ပေါက်သင့်ကြပါတယ်။ ဒီအမြင်ကို လက်ခံလာကြပြီဆိုရင် ကျမတို့ အနေနဲ့ လူ့ သဘာဝအရ မေတ္တာ စေတနာထားပြီး ဆက်ဆံ လုပ်ကိုင်လာကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လူအများစုဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတဲ့ အတွက် မေတ္တာ ဂရုဏာနဲ့ တန်းဖိုးကို နားလည်ပြီးသား ဖြစ်ကြပါတယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၁၉ ကြိမ်မြောက် အေ့စ် ညီလာခံ အထူးအစည်းအဝေးအတွက် ပေးပို့တဲ့ ဗွီဒီယို မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားတာ ဖြစ်ပါတယ်။
အိတ်အိုင်ဗွီအေ့စ် နဲ့ ပတ်သက်လို့ အမျိုးသမီးတွေ သူတို့ မိသားဝင်တွေနဲ့ သူတို့ လူ့အဖွဲ့အစည်းတွေ ပေါ်မှာ ခွဲခြားဆက်ဆံမှု ကင်းစွာ တုန့်ပြန်နိုင်ဖို့ ခေါင်းဆောင် ပိုင်းရဲ့ နမူနာ ပြမူဟာလည်း အရေးကြီးတဲ့ ညီလာခံ အစည်းအဝေးမှာ ပါဝင်ဆွေးနွေးခဲ့သူ တဦးကတော့ သမ္မတ ကတော်ဟောင်း လော်ရာ ဘုရှ် ပါပဲ။ သူ့ခင်ပွန်းရဲ့ ဖခင် ဖြစ်သူ ၁၉၈၉ ခုနှစ် ၁၉၉၃ ခုနှစ်က သမ္မတ အဖြစ် ထမ်းဆောင်ခဲ့တဲ့ ဂျော့အိပ် ဘုရှ် လက်ထက်က ထိုစဉ် သမ္မတ ကတော် ဘာဗရာ ဘုရှ် က အိတ်အိုင်ဗွီအေ့စ် လူနာတွေ အပေါ်မှာ ဘယ်လို ကြင်နာမှု ပြသပြီး စံပြ နမူနာ ဖြစ်စေခဲ့တာကိုလည်း သူက ထည့်သွင်း ပြောကြားသွားပါတယ်။
"ကျမရဲ့ ယောက္ခမ ဖြစ်တဲ့ ဘာဗရာ ဘုရှ် အကြောင်းကို သွားစဉ်းစား မိပါတယ်... ကျမရဲ့ ခင်ပွန်း သမ္မတဘုရှ် အစောပိုင်းက သမ္မတ အဖြစ် တာဝန်ထမ်းဆောင်စဉ် အစောပိုင်း နှစ်တွေတုံးက လူတွေဟာ အိတ်အိုင်ဗွီအေ့စ် ရောဂါ သည်တွေနဲ့ ထိမိရင် ရောဂါ ကူးနိုင်တယ်လို့ ယူဆခဲ့တဲ့ အချိန်တုံးကပေါ့.... ဘာဗရာ ဘုရှ်ဟာ အိတ်အိုင်ဗွီအေ့စ် ရောဂါ ရနေတဲ့ ကလေးငယ်တွေကို ပွေ့ပိုက်ပြိး ချီတယ်.. ရောဂါ သည်တွေကို ဖက်လည်း တခင်း နုတ်ဆက်တယ်...အေ့စ် ရောဂါကြောင့် သေဆုံးခဲ့ရတဲ့ မိသားဝင်တွေနဲ့ တွေ့ဆုံတယ်... ဒီလို သူက ကျက်သရေ ရှိရှိနဲ့ ရှေ့ဆောင်လမ်းပြ စံပြအဖြစ်လုပ်ခဲ့တဲ့ ကစ္စတွေကြောင့် အမေရိကန် နိုင်ငံသား အများစုဟာလည်း အိတ်အိုင်ဗွီအေ့စ် ဝေဒနာသည်တွေ အပေါ်မှာ နားလည် သဘောပေါက် လာခဲ့ကြတယ်လေ........"
လူနာတွေကို မေတ္တာ ဂရုဏာနဲ့ ဆက်ဆံ ကြရပါမယ်.. ကြောက်ဖို့ နိမ့်ချ ဆက်ဆံဖို့လည်း မလိုဘူးဆိုတာကို လက်ခံလာကြပါတယ်.... သက္ကရာဇ် ၂၀၁၀ ခု UNAIDS စာရင်း ဇယားအရ ကမ္ဘာပေါ်မှာ အိတ်အိုဗွီအေ့စ် ရောဂါသည်ပေါင် ၃၄ သန်းရှိရာမှာ တဝက်ကျော်ဟာ အမျိုးသမီးတွေ ဖြစ်ကြပါတယ်.. မြန်မာနိုင်ငံမှာတော့ ၂၀၁၁ ခုနှစ်အတွက် တရားဝင် ထုန်ပြန်တဲ့ စာရင်း ဇယားအရ အိတ်အိုင်ဗွီပိုး ရနေသူပေါင်း နှစ်သိန်းတစ်သောင်းခြောက်ထောင် (၂၁၆၀၀၀) ရှိပြီး အထူးသဖြင့် လိင်လုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေကြား ကူးစက်နှုန်းဟာ မြင့်မားတာကိုလည်း ထောက်ပြထားပါတယ်...
အိတ်အိုင်ဗွီပိုး ကူးစက်တာနဲ့ ပတ်သက်လို့ သေသေချာချာ နားလည် သဘောပေါက်နိုင်ဖို့ ကနေဒါ အခြေစိုက် Alberta ဆေးတက္ကသိုလ်မှ ကဓိက အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အပြင် အေ့စ်ရောဂါနဲ့ လူ့ အခွင့်အရေး ဆက်စပ်မှု အကြောင်း အထူးပြု လေ့လာနေတဲ့ ဒေါက်တာ ဒေါ်ခင်စောဝင်းကို မေးကြည့်ခဲ့ပါတယ်....
"ဆေးပညာဘက် ရှူ့ထောင့်က ကြည့်မယ်ဆိုရင် ဒီလိုမျိုး ရောဂါ သည်တွေကို မလိုအပ်ပဲ ခွဲခြားဆက်ဆံဖို့ မလိုသလို တက်နိုင်သမျှ မိမိကိုယ်ကို ရောဂါးပို့ မကူးစက်အောင် ကာကွယ်ဖို့ လိုအပ်ပါတယ်... တချိန်တည်းမှာပဲ မိမိကိုယ် ရောဂါပိုး မကူးစက်အောင် ကာကွယ်နိုင်ဖို့ အတွက် အဓိကကတော့ ဒီရောဂါ တစ်ဦးကနေ တစ်ဦး ဘယ်လို ကူးစက်တယ်ဆိုတာကို တိတိ ကျကျ သိကြဖို့ လိုတယ်... အမှန်ကိုလည်း သိကြဖို့လိုတယ်.. အဲဒီတော့ အဓိက အိတ်အိုင်ဗွီ ရောဂါပိုး ကူးစက်တယ် ဆိုတာ မသန့်ရှင်းနဲ့သွေးနဲ့ သွေးသွင်ခံရတဲ့ အခါ၊ အရေပြားမှာ ကွဲရှနေတဲ့ ဒဏ်ရာနဲ့ ထိမိတဲ့အခါတို့မှာ ရောဂါးပိုး ကူးစက်မယ်.."
" နောက်တခုက တခါသုံးအပ် မဟုတ်ပဲ မသန့်ရှင်းနဲ့ အပ်ကို သုံးမိတဲ့ အခါမှာလည်း ကူးစက်နိုင်တယ်... အဓိက အရေးကြီးဆုံးကတော့ လိင်ဆက်ဆံတဲ့ အခါမှာ အကာအကွယ် မပါပဲ လိင်ဆက်ဆံတဲ့ အခါမှာလည်း ကူးစက်ပါတယ်... မိခင်ကနေပြီးတော့ ကလေးကို ကူးစက်နိုင်ပါတယ်.. မိခင်နို့ စို့ရာကနေ့ ရောဂါပိုး ကူးစက်တာဟာ သုံးဆယ်ရာခိုင်နှုန်းလောက်ပဲ ကူးစက်နိုင်တယ်လို့ သုတေသနအရ တွေ့ရပါတယ်.. ဒါပေမယ့် ဒါကလည်း လုံးဝ ကူးစက်တာမဟုတ်တဲ့ အတွက် ရောဂါးကူးစက်နိုင်တဲ့ အန္တရာယ်ပဲ ဖြစ်ပါတယ်.."
အဲဒီတော့ ဒီလိုမျိုး ကူးစက်နိုင်တဲ့ အန္တရာယ်ကို သိရှိထားပြီးဆိုတော့ မိမိကို ရောဂါပိုး မကူးစက်အောင် သတိထားပြီးတော့ ကာကွယ်လို့ ရပါတယ်... တချို့ဟာ လွဲမှားတဲ့ အယူအဆတွေ လွဲမှာတဲ့ သတင်း အချက်အလက်တွေ ရထားပြီးတော့ အတူတူစားရင်များ ကူစက်မလား အတူတူ ရေအိမ်သုံးရင်များ ကူးစက်မလားဆိုပြီးတော့ သိပ်မလိုအပ်ပဲနဲ့ အကြောက်လွန်နေကြတာတွေ ရှိတယ်လေ..
အဲဒါမျိုးတွေကြတော့ ကျမတို့က ထိထိရောက်ရောက် ပညာပေးပြီးတော့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ အများသိအောင် ဖြန့်ဝေပေးဖို့ လိုပါတယ်.. ရောဂါပိုးရှိသူနဲ့ အတူတူနေ၊ အတူတူစားမယ်၊ လက်ဆွဲနုတ်ဆက်မယ်၊ ပခုံးဖက်မယ်၊ လက်သုတ်ပဝါ အတူတူသုံးမယ်..အဲဒီလို နွေးနွေးထွေးထွေး နေရုံနဲ့တော့ ရောဂါပိုး မကူးစက်နိုင်ပါဘူး။ ဒီလိုမျိုး အပြုအမူတွေကို သံသယ ရှင်းရှင်းနဲ့ လူလူချင်း ခွဲခြားဆက်ဆံမှု မရှိပဲ ဆက်ဆံလို့ ရပါတယ်...မိမိတို့ မိသားစု ဝင်ထဲက ဒီလိုမျိုး ရောဂါနဲ့ ပတ်သက်လို့ အတူတူစားတာတို့ ထမင်းစားပန်ကန်တို့ သောက်ရေခွက်တို့ ခွဲခြားဆက်ဆံစရာ မလိုအပ်ပါဘူး...
အမျိုးသမီးတွေ အနေနဲ့ အိတ်အိုင်ဗွီအေ့စ်ရောဂါ ကူးစက်ရာမှာလည်း တခါတရံ မသိနားမလည်ပဲ ခင်ပွန်းသည်တွေထံကနေ ကူးစက်တာတွေ ရှိပါတယ်.. ၃၂ အရွယ် အမျိုးသမီး တစ်ဦးရဲ့ ပြောပြချက်ပါ...
"ကျမ အမျိုးသား ဆုံးတော့ ကျမသိရတာပါ.. ကျမ အမျိုးသားဆီက ရတာပါ... အမျိုးသားက ငါးဖမ်းသင်္ဘောတွေ လိုက်တာပါ.. သဘောင်္ဦးစီး စက်ဆရာ နှစ်ခုစလုံး လုပ်တယ်... သူတို့ကတော့ အဲလိုနေရာတွေက ရမယ်ထင်တယ်.. ကျမ တို့ကတော့ မသိဘူးပေါ့ သူကျန်မာရေး မကောင်းလို့ ပြန်တက်လာမှ ကျမတို့က ဆေးတွေကုတယ် .. ဘာရောဂါ ဖြစ်လို့ဖြစ်မှန်း မသိဘူး... ဒီရောဂါ ဖြစ်နေမှန်းလည်း မသိဘူးပေါ့နော်.... ရန်ကုန် ဂျပန်ဆေးရုံကို လာကုတာပေါ့နော်.....ရန်ကုန် ဂျပန်ဆေးရုံကို ၄ လပိုင်း ၂၈ ရက်နေ့က တက်လာတာပါ.. ၅ လပိုင်း ၂၄ ထိ သူခံတယ်... ဆရာဝန်ကို ဘာရောဂါ ဖြစ်တာလည်း မေးတာလဲ မပြောဘူးပေါ့နော်.. အတင်းမေးတော့ သနားလို့ မပြောဘူးပေါ့နော်..သူသေခါနီးမှ မရမက ဆရာဝန်ကို ကျမ အတင်းမေးတော့မှ သူ အိတ်အိုင်ဗွီ ရောဂါ ဖြစ်နေတယ်ဆိုတာ သိရတယ်.."
ဒါအပြင် သူမှာ အိတ်အိုင်ဗွီ ရောဂါကြောင့် ခွဲခြားဆက်ဆံ ခံရတယ်လို့လည်း ပြောပါတယ်.... "ကျမမှာ ညီအကို မောင်နှမတွေ အများကြိးတယ်.. ကျမဆီကို တယောက်မှ မလာဘူး..ကျမတယေက်တည်း တကောင်ကြွက် ထွက်လာတာ ...ကိုယ်ကတော့ ဝမ်းနည်းတာပေါ့.. ဒါပေမယ့် ကိုယ့်စိတ်ကို ကိုယ်ဖြေရတာပေါ့..."
နောက်ထပ် ကံဆိုးသူ အမျိုးသမီး တဦးကတော့ တရုတ်ပြည်မှာ ရောင်းစားခံရတဲ့ အေ့စ် ရောဂါဝေဒနာရှင် တဦးဖြစ်ပါတယ်..
" သမီး သိတာကတော့ တစ်နှစ်ကျော် နှစ်နှစ်လောက်တော့ ရှိပြီ ပေါ့နော်.. သမီးက တရုတ်ပြည်ကို ရောင်းစားခံရလို့ ရောက်သွားတဲ့ အချိန်မှာ ဖြစ်တာပါ... ဟိုရောက်တော့ သူတို့က ဟို.. ယေက်ျားပေးစားတာပေါ့နော်... ကိုယ့်ယောက်ျားမှာ ဒီလို ရောဂါပိုးရှိလား မရှိလားဆိုတာ သေချာမသိဘူးပေါ့... အဲဒီမှာ သားသမီး နှစ်ယောက်ရခဲ့ပါတယ်.. သမီးပြန်လာပါတယ်.. သားသမီး နှစ်ယောက်ကိုတော့ အဲဒီမှာ ထားခဲ့ပါတယ်... အိမ်က ညီကို မောင်နှမ ဆွေမျိုးတွေကို သတိရလို့ ဆိုပြီး ပြန်လာတယ်... ပြန်လာပြီး မပြန်ဖြစ်တာပါ.. ကားပေါ်မှာ သတိလစ်ပြီး မေ့မြော သွားတယ်.. ဒါပေမယ့်...ကိုယ့်ဇာတိကို ရောက်လို့ ရောက်မှန်း မသိလိုက်ဘူး... အိမ်က ကိုယ့် ဇာတိက လူတွေက ကိုယ့်ကို ပြောတယ်.. ကျန်းမာရေးကို သိလားဆိုတော့ စစ်ဆေးခိုင်းလိုက်တဲ့ အချိန်မှာ သမီးမှာ ဒီ အိတ်အိုင်ဗွီ ရောဂါပိုး ရှိတယ်ဆိုတာ သမီး သိလိုက်ရတယ်.. အခု ဒီရောဂါပိုးကြီး ဖြစ်နေတယ်ဆိုတာ သိလိုက်ရတော့ ရင်ထဲမှာ တမျိုးကြီး ဖြစ်သွားတာပေါ့နော်...ငါသေရလိမ့်မယ်ပေါ့နော်.. အဲလိုပဲ သတ်မှတ်ထားပါတယ်..."
သူလည်းပဲ ဆွေမျိုး အရင်အခြာတွေရဲ့ ခွဲခြားဆက်ဆံခြင်းကို ခံခဲ့ရတယ်လို့ ဆိုပါတယ်....
"သမီးတို့ ဆွေမျိုးတွေ ဆိုလို့ရှိရင် အဖေ ဘက်ကရော အမေဘက်ကရော သမီးကို တော်ရုံ တန်ရုံ စကားမပြောကြဘူး... ဘာလို့လည်း ဆိုတော့ သမီးမှာ ဒီလိုရောဂါမျိုး ဖြစ်နေတယ်ဆိုတာ သိတဲ့ အတွက် တော်ရုံတန်ရုံ ဆက်ဆံတာ ခွဲခြားတယ်ပေါ့...."
ဒီနှစ် အေ့စ် ညီလာခံကြီးရဲ့ ဆောင်ပုဒ်ကတော့ "Turning the Tide together" ဆိုတဲ့ အေ့စ်ရောဂါ ဒီရေလှိုင် ရိုက်ခတ်မှုဒဏ်ကို စုပေါင်းညီညာ တိုက်ဖျက်ကြပါစို့ ဖြစ်ပြီးတော့ တချိန်တည်းမှာပဲ အိတ်အိုင်ဗွီအေ့စ် ရောဂါနဲ့ ပတ်သက်လို့ ခွဲခြားဆက်ဆံမှု ပပျောက်နိုင်ဖို့ အတွက် ခေါင်းဆောင်ပိုင်းကလည်း နမူနာ ပြသရမှာ ဖြစ်တယ်လို့လည်း တိုက်တွန်းထားပါကြောင်း တင်ပြရင်း ဒီသတင်းပတ်ရဲ့ အမျိုးသမီးများကဏ္ဍကို နိဂုံးချုပ် အပ်ပါတယ်....
ဗွီအိုအေရဲ့ သုတအဖြာဖြာ အမျိုးသမီးကဏ္ဍမှ "AIDS ရောဂါသည်တွေကို ကရုဏာထားဆက်ဆံဖို့ တိုက်တွန်းချက်" ကို ပြန်လည်း ရေးသားဖော်ပြထားပါတယ်...




