30
Nov

AIDS ရောဂါဝေဒနာခံနေရသည့် မြန်မာအမျိုးသမီးပြည့်တန်ဆာ(၂)ဦးထပ်မံကွယ်လွန်ပြန်



ထိုင်းနိုင်ငံရနောင်းမြို့နယ်
ဖန်းငါးဒေသတွင် ဖွဲ့စည်းထားသည့် စေတနာရှင် လူမှု ကာကွယ် စောင့်ရှောက်ရေး အဖွဲ့အစည်းမှ
ကယ်တင်ခဲ့သော AIDS ဝေဒနာသည် အမျိုးသမီးပြည့်တန်ဆာ (၁၂)ဦးအနက် နောက်ထပ်နှစ်ဦး နိုဝင်ဘာ(၂၈)ရက်
နံက်အချိန် ခူရပူရီမြို့ဆေးရုံမှာ ထပ်မံကွယ်လွန် သွားပြီဟု ရောဂါသည် နှင့်နီးစပ်သူတစ်ဦးမှ
ပြောပါသည်။

နိုဝင်ဘာ(၂၇)ရက်နေ့နံက်တွင်လည်း
နှစ်ယောက်ဆုံးသွားတဲ့အတွက် စုစုပေါင်း(၄)ဦးသေဆုံးသွားခဲ့ပြီး ဆေးရုံ၌ ကျန်ရှိတဲ့သူ(၃)ဦးကလည်း
အသက်ယဲ့ယဲ့မျှသာ ကျန်နေသည်ဟုဆို၏။ အဆိုပါ ဆုံးပါးသွားသော အမျိုးသမီးနှစ်ဦးမှာ သံဖြူဇရပ်မြို့နယ်
ကရုတ်ပိရွာသူတစ်ဦးနှင့် တောင်ဖလုကျေးရွာ ဇာတိ ဟုဆိုပါသည်။

ထို့အပြင်
နိုဝင်ဘာ(၂၈)ရက်တွင် ဖန်းငါးမြို့အခြေစိုက် စေတနာရှင် လူမှုကာကွယ်စောင့်ရှောက်ရေး အဖွဲ့မှ
အမျိုးသမီး ပြည့်တန်ဆာပေါင်း (၃၂)ဦးကို ထပ်မံကယ်တင်နိုင်ခဲ့ပြီး အဆိုပါအမျိုးသမီးများကို
ဆေးစစ်ခဲ့ရာမှာ HIV ရောဂါပိုး မတွေ့ရှိဟုဆိုပါ၏။ အဆိုပါ အမျိုးသမီးများသည် မွန်ပြည်နယ်၊
ကရင်ပြည်နယ် ကျေးရွာများမှဖြစ်ပြီး လူကုန်ကူးပွဲစား တွေကနေတဆင့် ပြည့်တန်ဆာအဖြစ် ရောင်းချခြင်းခံရတဲ့သူတွေဟု
ဆိုပါသည်။ ဒီအကြောင်းကို ဒေသခံလူမှုကာ ကွယ်စောင့်ရှောက်ရေး အဖွဲ့ဝင်တစ်ဦးက အခုလိုပြောပြခဲ့ပါသည်။

မနေ့က
ချွန်ဖွန်ကနေ ကယ်တင်ရခဲ့တဲ့ အမျိုးသမီး(၄)ဦးကတော့ ရောဂါမရှိသေးဘူး။ သူတို့ရောင်းချခံရတာ(၈)ရက်
ဘဲရှိသေးတယ်။ ပြီးတော့ အမျိုးသမီး(၂၈)ယောက်ကလည်း အဲဒီအမျိုးသမီး(၄) ယောက်နဲ့ဆက်စပ်နေတယ်။
ဝင်လာတဲ့လူတွေက ဖဲကတာရွာက(၁၂)ယောက် ကော့ဝမ်းက (၃ဝ)ယောက်လို့ သူတို့ပြောပြတယ်။ အဲဒီလူမှောင်ခို
ဂိုဏ်းတွေကတော့ အဆက်အသွယ် တော်တော်ကောင်းတယ်။ နိုင်ငံရပ်ခြားအထိသူတို့ အမျိုးသမီးတွေကိုပို့နေသည်
ဟု ပြောသွားပါတယ်။



စေတနာရှင်
လူမှုကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းမှ ကယ်တင်ထားသော အမျိုးသမီးများကို  နေရပ်သို့ပြန်ပို့မည်ဖြစ်ပြီး ကျန်ရှိနေသော
AIDS ရောဂါဖြစ်ပွါးနေသည့် အမျိုးသမီး(၃)ဦးမှာ ခူရပူရီမြို့ဆေးရုံ၌ပင် ဆေးကုသမှု ခံယူနေသော်လည်း
မျှော်လင့်ချက်ကင်းမဲ့နေပြီး သူမတို့၏ နောက်ဆုံးအချိန်ကိုသာ စောင့်ကြည့်နေရသည်ဟု လူနာ
နှင့်နီးစပ်သူတစ်ဦးမှ ပြောပါသည်။



Kaowao -

AIDS
ရောဂါဝေဒနာခံနေရသည့် မြန်မာအမျိုးသမီးပြည့်တန်ဆာ(၂)ဦးထပ်မံကွယ်လွန်ပြန်





Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top