နောက်တစ်နည်း စဉ်းစားနေကြတာကတော့ AIDS ဗိုင်းရပ်စ်ကို မသက်နိုင်သည့်တိုင် ဒီဗိုင်းရပ်စပ်ဟာ ကိုယ်ထဲရောက်ပြီးနောက် ခန္ဓာကိုယ်ထဲက ဆဲတွေထဲ မဝင်နိုင်အောင် တားဆီးလို့ရရင် လူတွေ တော်တော်သက်သာမယ်။ ၁၉၉၃ ခုနှစ်ကုန်အထိတော့ AIDS ဗက်စင်းနဲ့ ပတ်သက်ပြီး မျှော်လင့်အားထားလောက်တဲ့ သတင်း မရရှိသေးဘူး။
ဘယ်လိုပဲ ဖြစ်ဖြစ် တကယ်အာနီသင့်ပြည့်ဝပီး ထိရောက်တဲ့ ဗက်စင်းတွေခဲ့တသည့်တိုင် ထွေပြားလှတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရအုံးမှာပါ။ ပထမ အဆင့်တွေရမယ့် ပြဿနာကတော့ လက်တွေရလုပ်ရာမှာ အခက်အခဲနဲ့ လူမှုအခွင့်အရေး ပြဿနာတွေ ဖြစ်တယ်။ HIV ဗိုင်းရပ်စ် ဝင်ပြီးရင် ၅ နှစ်နဲ့ ၁၀ နှစ်ကြာ်မှ ရောဂါဖြစ်ဆယ်ဆိုတာ သိထားကြတယ်။ ဒီတော့ ဗက်ဆင်းဟာ တကယ်ပဲ ထိရောက်တယ်ဆိုတာလည်း ၅ နှစ်နဲ့ ၁၀ နှစ်ကြာမှ သိရမှာ။ “ဗက်စင်း အစမ်းစီမံချက်” (Vaccine Trial) မှာပါတဲ့ လူတွေကို ၁၀ နှစ်တိုင်တိုင် စောင့်ကြည့်ပြီး မှတ်တမ်းတွေ ထားနေရမှာလား။
မှတ်တမ်းထားရမှာလည်း သူတို့ရဲ့ လိင်ကိစ္စဆောင်ရွက်ချက်တွေအားလုံးကိုပါ မှတ်တမ်းတင်ရမှာ ဖြစ်တယ်။ ဗက်စင်းကြောင့် ဖြစ်လာတဲ့ မလိုလားတဲ့ ဖြစ်ရပ် (Side Effects) ဟာ ဘယ်ောလက်ဆိုးမလဲဆိုတာ ပြောဖို့ရာကလည်း ခက်ပြန်တယ်။ ဗက်စင်းရလာရင် ဘယ်သူတွေကို အရင်စမ်းသပ်ပေးကြည့်မှာလဲ။ ဒီလို လက်တွေ့ ကိစ္စတွေနဲ့ ပတ်သက်တဲ့ ဖြစ်လာနိုင်မယ့် အကြောင်းအရာကိစ္စအဝဝကို တတ်နိုင်သလောက် ထောင့်စေ့၊ ကွတ်တိ ဆွေးနွေပြီး လမ်းညွန်ချက်တွေ ဖော်ထုတ်တင်ပြဖို့ လိုလိမ့်မယ်။
ဒီလို ဗက်စင်းစမ်းသပ်မှုအတွက် လမ်းညွှန်ချက်တွေ ထုတ်ပေးဖို့ရာဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ တာဝန်ဖြစ်နေတာ တွေ့ရတယ်။ အရင် ဗက်စင်းစီမံချက်တွေမှာလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အလားတူ ကဏ္ဍက ပါဝင်ခဲ့ပြီး လမ်းညွှန်ချက်တွေကို ရှာဖွေသတ်မှတ် ပေးခဲ့ဖူးတယ်။
လူတွေမှာ စမ်းသပ်ကြည့်လို့ အောင်မြင်ပြီ ဆိုပါတော့ ဒီဗက်စင်းကို လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိပြီး ပေးဖို့ရာကို ဘယ်လို စီမံမလဲ၊ ဆေးကုမ္ပဏီတွေက ဒီဗက်စင်းကို ထုတ်ဖို့ရာာ သဘောတူပါ့မလား။ တာဝန်ယူဖို့ရာ လက်တွန့်နေစရာ အကြောင်းတွေ ရှိတယ်။ တစ်ခုခုဖြစ်လို့ တရားစွဲခံရမှာက တော်တော်ဖြစ်နိုင်တဲ့ ကိစ္စ။ ဒါမျိုးကို ဆေးကုမ္ပဏီတွေ သိပ်ကြောက်ကြမှာ။ ဗက်စင်းပေးရင်လည်း ဘယ်သူ ဘယ်အုပ်စုကို ဦးစားပေးပြီး ပေးမလဲ၊ သတ်မှတ်ချက်နဲ့ ဦးစားပေး အစီအစဉ်ဆွဲမှာလဲ၊ အားလုံးကိုပဲ ပေးမလား။
လူထုအားလုံး သူတို့ရှိရာ နေရာအထိအရောက် ဗက်စင်းပို့ပေးရေးကလည်း တကယ် လုပ်ကြည့်ရင် လွယ်မှာ မဟုတ်ဘူး။ အချို့နိုင်ငံတွေမှာဆိုရင် အထက်က တင်ပြပြီးတဲ့အတိုင်း AIDS ဗိုင်းရပ်စ်ဟာ လူထုအတွင်း အတော်ပြန့်နေပြီ ဖြစ်တယ်။ ထပ်ပြန့်ဖို့ရာကလည်း သိပ်အလားအလာ ရှိတယ်။ (ဆင်းရဲတယ် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း မဖွံ့ဖြိုးမလုံလောက်။ အခြားလူမှု ကိစ္စများလည်း ရှိတယ်) ဒီတော့ ဒီလို အခြေမှာ လူတိုင်းလူတိုင်းကို ဗက်စင်း မပေးဘူးဆိုရင် ဒီတိုင်းပြည်မှာ မျိုးပြုတ်လုနီးနီး ဖြစ်နိုင်တယ်။ ဒီလို မဖြစ်မျိုး အဖြစ်ခံမလား။
ဥပမာ ဟေတီကျွန်းနဲ့ အချို့သော အာဖရိက နိုင်ငံများမှာဆိုရင် အခုအခြေအနေအရ ပြောရရင် ဗက်စင်းကို အားလုံးပေးမှ ဖြစ်မယ့်အခြေ ဆိုက်နေပြီ။ တတိယ ကမ္ဘာ တိုင်းပြည်တွေမှာ ဗက်စင်းကို ဖြန့်ချိဖို့ရာမှာ ပိုလို့ ခက်စရာ အကြောင်းရှိတယ်။ ဒါပေမယ့် သူတို့ရဲ့ လိုအပ်ချက်ကလည်း အင်မတန်မှ ကြီးမာပြီး ချက်ချင်း လက်ငင်း မလုပ်မနေလုပ်ရမယ့် အရေးပေါ် ကိစ္စကြကီး တခု ဖြစ်နေတယ်။ နောက် အရေးပါတဲ့ အကြောင်းကတော့ စရိတ်စက ကိစ္စပါပဲ။ ဒီဗက်စင်းဟာ သိပ်ဈေးကြီးမှာကတော့ အမှန်ပဲ။ Hepatitis B Vaccine (အသည်းရောင်ရောဂါ (ဘီ) အတွက် ဗက်စင်း)ကို ပုံစံပြရရင် အဲဒီဗက်စင်းဟာ ပေါ်စက လူတစ်ယောက်အတွက် အမေရကန်ဒေါ်လာ ၁၈၀ ကျတယ်။
AIDS ဗက်စင်းဟာလည်း ဒီလောက်တော့ ကျမှာပဲ။ နောက်ဘက်ပိုင်းမှာ ဈေးကွက်ကျလာနိုင်စရာ ရှိပေမယ့် ပေါ်စအချိန်မှာတော့ တတ်နိုင်သူ အင်မတန်နည်းမှာပါ။ ဒါဟာ ထင်တာထက် အများကြီးခက်မယ့် ကိစ္စပါ။ အချင်းပွား ပဋိပက္ခ ဖြစ်နိုင်စရာလည်း ရှိပါတယ်။
ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။




