25
Jun

AIDS ဝေဒနာရှင် သေဆုံးသူ များပြား



မြန်မာနိုင်ငံမှာ HIV–AIDS ဝေဒနာရှင်တွေ အတွက် ဆေး လုံလုံလောက်လောက် မရတာကြောင့်
သေဆုံးသူ ဝေဒနာရှင်တွေ သိသိသာသာ များပြားလာကြောင်း ဝေဒနာရှင်တွေကို ပြုစုစောင့်ရှောက်
ပေးနေတဲ့ လူမူရေးအဖွဲ့တွေက ပြောဆိုပါတယ်။

HIV–AIDS ဝေဒနာရှင်တွေအတွက် အသက်ဆက်ပေးနေတဲ့ ARV ဆေးကို ဟော်လန်နိုင်ငံ အခြေစိုက်
နယ်စီး မခြား ဆရာဝန်များအဖွဲ့ AZG က အဓိက ဖြန့်ဝေပေးနေရာမှာ လူနာ ၆ သောင်းကျော်ကို
ဖြန့်ဝေပေးနိုင် တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လူမူရေးအဖွဲ့တွေ ကတော့ အခု ဖြန့်ဝေပေးနေတဲ့
ပမာဏထက် ၂ ဆ ကနေ ၃ ဆခန့် အထိ လိုအပ်နေတယ်လို့  ဆိုပါတယ်။

လွန်ခဲ့တဲ့ ၆ လလောက်က စပြီး ဆေးရရှိမူ အကန့်အသတ်နဲ့ ဖြစ်လာတာကြောင့် ဝေဒနာရှင်တွေကို
အကူအညီ ပေးနေတဲ့ အဖွဲ့တွေ အနေနဲ့ လူနာဟောင်းတွေကိုသာ ဆေးဝေနိုင်ပြီး လူနာသစ်တွေကို
ဖြန့်ဝေနိုင်တဲ့ အခြေအနေ မရှိဖြစ်နေတယ်လို့ သိရပါတယ်။ ဒီအခြေအနေ တွေကြောင့် သေဆုံးသူ
အရည်အတွက်လည်း သိသိသာသာ တက်လာတာ ဖြစ်ပါတယ်။

NLD ပါတီ HIV–AIDS အကူအညီ ပေးရေးအဖွဲ့က ကိုရာဇာက အခု နောက်ပိုင်းမှာ ART ဆေးကုသမှု
ရရှိဖို့ ခက်ခဲလာနေကြောင်း၊ သူတို့အဖွဲ့နဲ့ ဆက်သွယ် ရောက်ရှိလာတဲ့ လူနာတွေအတွက် အလှူရှင်များထံက
ဆေးဝါး အလှူခံပြီး ဆေးတိုက်ကျွေးခဲ့တဲ့ အတွက် အသက်ဆက် နေနိုင်ကြပေမဲ့ ကူညီပေးမဲ့ အဖွဲ
့အစည်းနဲ့ အဆက်အသွယ် မရှိသူတွေကို ဆေးရုံမှာ နေ့စဉ်ဆိုသလို သေဆုံးနေတာတွေ တွေ့ရှိရကြောင်း
အာအက်ဖ်အေ ကိုပြောပါတယ်။

ဝေဒနာရှင်တွေအတွက် မြန်မာနိုင်ငံ အစိုးရက တာဝန်ယူ ဖွင့်လစ်တဲ့ ဆေးရုံ ၂ ရုံသာ
ရှိပြီး ဆေးရုံမှာလဲ ဝေဒနာ ရှင်တွေအနေနဲ့ ဆေးဝါးကအစ ကိုယ့်တာဝန် ကိုယ်ယူရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ HIV-AIDS ဝေဒနာရှင်တွေနဲ့ ပတ်သက်ပြီး စာရင်းကောက်ယူမူ မှတ်တမ်း စနစ်တကျ
မရှိတာကြောင့် ကူးစက် ပျံပွားမှုနှုန်းကို အတိအကျ မသိရှိနိုင်သေးဘူးလို့ ကူညီရေး အဖွဲ့တွေက
ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး HIV-AIDS ရှင်တွေကို အကူအညီပေးရေး လုပ်ငန်းတွေ လုပ်နေတဲ့
NLD ပါတီက မဖြူဖြူသင်းကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

မေးမြန်းတဲ့ အချိန်မှာ မဖြူဖြူသင်းဟာ ဝေဒနာရှင် လူနာတဦးကို မင်္ဂလာဒုံ ကူးစက်ရောဂါ
ဆေးရုံကြီးကို လိုက်ပို့ နေချိန် ဖြစ်ပါတယ်။



25-06-2010



RFA - AIDS ဝေဒနာရှင် သေဆုံးသူ များပြား

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top