20
Feb

AIDS အေ့ခ်ျစ် ဝေဒနာရှင်များနှင့်တွေ့ ဆုံခြင်း



The Voice Journal  Vol-3, No-49 (17/9/2007)

အသက် ၂၅ နှစ်အရွယ် ကိုယ်နေဟန်ထား ကျော့ရှင်းကာ
ဖြူစင်ဝင်းမွတ်လှပနေပြီး AIDS ဝေဒနာရှင် တစ်ဦးဟူ၍ မထင်ရလောက်အောင်
အမျိုးသမီးငယ်တစ်ဦးနှင့်တွေ့ ဆုံလိုက် ရသည်။

မေး။            
အစ်မကဘယ်အရပ်ဒေသကလဲ။

ဖြေ။`           
ကျွန်မကရင်ပြည်နယ် မြ၀တီကပါ။

မေး။            
ဘယ်လိုလုပ်ပြီး ခုခံအားကျဆင်းမှု ကူးစက်ရောဂါရခဲ့တာလဲ ကိုယ့်မှာဒီရောဂါ ရနေတာ
ဘယ်လိုလုပ်ပြီးသိတာလဲ။

ဖြေ။            
ကျွန်မအရင်တုန်းက ထိုင်းမှာသွားအလုပ်လုပ်ဖူးတယ် ၂၀၀၂ ခုနှစ်တုန်းကလောက်ပေါ့ ၂၀၀၆
ခုနှစ်မှာမြန်မာပြည်ကို ပြန်လာတယ်၊ ကျွန်မထိုင်းမှာ အိမ်ထောင်ကျခဲ့ဖူးတယ်
ဒါပေမဲ့ကျွန်မ ခင်ပွန်းက ၂၀၀၅ ခုနှစ်လောက်မှာ နေမကောင်းဖြစ်တယ်။ဆရာဝန်ညွှန်ကြား
ချက်အရ သွေးစစ်ကြည့်တော့ AIDS ဆိုတာသိရတယ် နေမကောင်းဖြစ်ပြီး သုံးလလောက်မှာ
ဆုံးသွားတယ်။ ဒါနဲ့ ကျွန်မလဲ မြန်မာပြည် ပြန်ရောက်တော့ သွေးစစ်ကြည့်တယ်၊
ကျွန်မမှာလည်း ခုခံအားကျဆင်းမှုရောဂါ 
ရနေပြီဆိုတာသိလိုက် ရတယ်။

မေး။            
အခုရန်ကုန်လာတာ ARV ဆေးရဖို့ လာတာလား ။

ဖြေ။             
ဟုတ်ပါတယ်၊ ကျွန်မ CD4 စစ်ကြည့်တာမှာ ၄၅ ပဲရှိတယ်၊ ဆရာဝန်က ARVဆေး သောက်ဖို
့လိုအပ်ပြီလို့ ပြောပါတယ်။ ဆေးက ဈေးကြီးတော့ ၀ယ်မသောက်နိုင်ဘူး၊ နယ်စည်းမခြား
ဆရာဝန်များအဖွဲ့ (AZG) ရဲ့ အင်းစိန်သဇင်ဆေးခန်းမှာ ဆေးရဖို့ တန်းစီနေပါတယ်။

မေး၊             
အစ်မက CD4 ၄၅ပဲ ရှိတယ်လို့ ပြောတယ်၊ ဒါပေမဲ့ အစ်မကြည့်ရတာ ပြည့်ပြည့် ဖြိုးဖြိုးပဲနော်၊
CD4 ၄၅ ပဲရှိတာဆိုတော့ အားနည်းသလို မခံစားရဘူးလား။

ဖြေ။             
ခုထက်ထိတော့ ကိုယ်အလေးချိန်မကျသေးဘူး CD4 ၄၅ ပဲရှိတယ်ဆိုတာလဲ ဆေးစစ်ကြည့်မှသိတာ၊
နည်းနည်းတော့မောတယ်၊ ဒါပေမဲ့ အရမ်းအားနည်းသွားသလိုတော့ မခံစားရပါဘူး။ (မှတ်ချက် -
သာမန် လူတစ်ယောက်တွင် CD4 ၈၀၀ မှ ၁၀၀၀ ကြားရှိသည်) ဟု ဆရာဝန်များက ပြောကြားသည်။

မေး။            
အခု AZG ရဲ့ သဇင်ဆေးခန်းက ARV ဆေးမရရင် အစ်မဘယ်လိုလုပ်မလဲ။

ဖြေ။             
ARV ဆေးပေးနိုင်တဲ့ တခြား NGO တွေကို ဆက်သွယ်မှာပါ။

မေး။            
ခုခံအားကျဆင်းမှု ကူးစက်ရောဂါအကြောင်း ဘယ်ကနေသိတာပါလဲ။ ဥပမာပေါ့ ဆရာဝန်ပြောပြတာလား
ဒါမှမဟုတ် အရပ်ထဲကတစ်ဆင့် တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ကြားတာလား။

ဖြေ။             
ကျွန်မယောင်္ကျား AIDS နဲ့ ဆုံးတယ်ဆိုကတည်းက AIDS ရောဂါအကြောင်း ရေးထားတဲ့စာတွေ
စာအုပ်တွေရှာပြီးတော့ ဖတ်ပါတယ်။ ဒါ့ကြောင့်ဒီ ရောဂါအကြောင်း သိထားသင့် သလောက်သိထားပါတယ်။

မေး။            
ကိုယ့်မှာ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ရှိနေပြီဆိုတာ သိတော့ မတုန်လှုပ်ဘူးလား။

ဖြေ။             
တုန်လှုပ်တာပေါ့၊ နှစ်လ လောက်ကတော့ ထမင်းမစား၊ မအိပ်နိုင်ဘူး ဒါပေမဲ့
တုန်လှုပ်နေရုံနဲ့ မပြီးသေးဘူး ဆိုပြီးစိတ်ကို ပြန်တင်းထားလိုက်ပါတယ်။

မေး။             ။ကိုယ့်လို
ဘ၀တူတွေကိုဘာပြောချင်ပါသလဲ။

ဖြေ။             
စိတ်ဓါတ်ပါ စိတ်ဓါတ် မကျပါနဲ့ ၊ စိတ်ထောင်းရင် ကိုယ်ကျေဖြစ်တတ်ပါတယ်။

အဆိုပါ အမျိုးသမီးငယ်၏ ဘေးနားတွင်
ထိုက်လျှက်ရှိသော အသက် ၃၀ အရွယ်ကျော်ခန့် ရှိ အမျိုးသား တစ်ဦးကလည်း ကျွန်တော့်ကို
ပြုံးပြ၏။


မေး။              ။ အစ်ကိုကရော
ဒီအစ်မလို ARV ဆေးရဖို့ စောင့်နေတာလား။

ဖြေ။             
ဟုတ်ပါတယ်။

မေး။            
အစ်ကိုကရော ဘယ်လိုလုပ်ပြီး ဒီရောဂါရခဲ့တာလဲ။

ဖြေ။             
ပြောတော့ပြောချင်တယ် အမည်တွေ နာမတွေမသုံးနဲ့ နော်၊ အစ်ကိုက အဝေးပြေးကား မောင်းတယ်၊
သစ်လုံးတွေဝယ်တဲ့ ကားကြီးပေါ့၊ နယ်စုံရောက်တယ် အပေါင်းအသင်းလဲ စုံတယ်။
တစ်ခါကားထွက် ပြီးသစ်သယ်ရင် တစ်လလောက်ကြာတယ်၊ အိမ်နဲ့ ဝေးနေတော့ သိတဲ့အတိုင်းပဲလေ
နယ်စုံမှာ မိန်းမမျိုးစုံနဲ့ တွေ့ တော့တာပေါ့၊ နောက်တော့နေမကောင်း ခဏခဏဖြစ်တယ်
အရမ်းပိန်သွားတယ် အဲဒါဆရာဝန်က သွေးစစ်ခိုင်းတယ် အဲဒီမှာရောဂါ ရနေပြီဆိုတာသိရတာပဲ။

မေး။            
အစ်ကို CD4 စစ်ပြီးပြီလား။

ဖြေ။             
ဟုတ်ကဲ့ CD4 ၆၂ ပဲ ရှိတယ်။

မေး။             ။အစ်ကို
နယ်စုံမှာ မိန်းမစုံ၊ လူမျိုးစုံနဲ့ တွေ့ တယ်ဆိုတော့ အဖေါ်(ကွန်ဒုံး) မသုံးဘူးလား။

ဖြေ။              ။အဖေါ်
ကွန်ဒုံးအကြောင်းတော့သိတယ် ဒါပေမဲ့ နယ်ဘက်တွေ အထူးသဖြင့် နယ်အဝေးပြေး ကားလမ်းမှာရှိတဲ့
ဆိုင်တွေမှာ အဖေါ်က အလွယ်တကူမရဘူး၊ အဖေါ်တို့  AIDS တို့ ရောဂါတွေ
အကြောင်း တော့သိတယ်။ သိပေမဲ့မရှောင်နိုင်ခဲ့ဘူး။

မေး။            
အစ်ကိုက အိမ်ထောင်ရှိသလား။

ဖြေ။             
ရှိတယ် ဒါပေမဲ့ကွဲသွားတာ ၅ နှစ်လောက်ရှိပြီ။ သားသမီးလဲမရှိဘူး။

မေး။            
ဒါဆို အစ်ကိုနဲ့ ကွဲသွားတဲ့ မိန်းမကို သွေးစစ်ကြည့်သင့်တယ်လို့ မထင်ဘူးလား။

ဖြေ။             
ဘယ်ဆီနေမှန်းတောင်မသိဘူး။

မေး။              ။ ဘ၀တူတွေကို ဘာများအားပေးချင်ပါသလဲ။

ဖြေ။              ။ ဖြစ်လာပြီးရင်တော့ ရင်ဆိုင်ရမှာပဲ အတိတ်ကို
နောင်တရနေရုံနဲ့ တော့ဘာမှဖြစ်လာ မှာမဟုတ်ဘူး အစ်ကိုကတော့ ရှေ့ ဘာဆက်လုပ်မယ်ဆိုတာ ကိုပဲစဉ်းစားတယ်။
ပြီးခဲ့တဲ့အရာတွေကို ပြန်မတွေးဘူး။

The Voice Journal  Vol-3, No-49 (17/9/2007)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top