19
Jan

AIDS ဝေဒနာရှင်များ အတွက် အလားအလာရှိသည့် ကာကွယ် ကုသဆေး တွေ့ရှိ

သြစတြေးလျ သိပ္ပံပညာရှင်များသည် HIV ဗိုင်းရပ်စ်များမှ AIDS ဗိုင်းရပ်စ်အဖြစ် အသွင် မပြောင်းဘဲ ရပ်တန့်သွားနိုင်သည့် Nullbasic ခေါ် modified protein တစ်မျိုးကို လေ့လာတွေ့ရှိကြောင်း ထုတ်ပြန် ကြေညာ လိုက်သည်။ the Queensland Institute of Medical Research မှ သုတေသီ David Harrich က HIV ဗိုင်းရပ်စ် ပွားလာနိုင်ခြင်းနှင့် ကြီးထွားနှုန်းကို ဟန့်တားနိုင်သော ပရိုတင်း တစ်မျိုးကို အောင်မြင်စွာ ဆန်းသစ် ရှာဖွေနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အခက်အခဲ များစွာကို ရှင်းလင်းစေနိုင်မည်ဟု ခန့်မှန်းထားသည့် အဆိုပါ modified protein ကို AIDS ဝေဒနာရှင်များ ကုသရန် ဆက်လက်လေ့လာ သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Nullbasic သည် HIV ကြီးထွားမှုကို သိသိသာသာ ရပ်တန့်စေကြောင်း ဓာတ်ခွဲခန်း စမ်းသပ်ချက်များအရ တွေ့ရှိခဲ့ရသည့် ရလာဒ်အပေါ် HIV /AIDS ဝေဒနာရှင် များအတွက် ကာကွယ်ကုသဆေး ထုတ်လုပ်ရန် ဆေးပညာရှင်များမှ စိတ်အား ထက်သန်လျက် ရှိကြောင်း သိရသည်။

source- AFP

MRTV-4 - AIDS ဝေဒနာရှင်များ အတွက် အလားအလာရှိသည့် ကာကွယ် ကုသဆေး တွေ့ရှိ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top