30
May

AIDS ဖြစ်ပွားမှု သုည အဆင့်ထိ ရောက်ရှိရေး သုတေသန မော်လမြိုင်ကို ရွေးချယ်

AIDS ရောဂါ ဖြစ်ပွားမှု သုည အဆင့်ထိ ရောက်ရှိရေး သုတေသန ပြုလုပ်ရန် မော်လမြိုင် မြို့ကို ရွေးချယ်ထားကြောင်း မွန်ပြည်နယ် ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။

AIDS ရောဂါ ဖြစ်ပွားမှု လျော့နည်း ပပျောက် သုည အဆင့်ထိ ရောက်ရှိရေး သုတေသနပြုလုပ် ခြင်းကို အာဆီယံ နိုင်ငံများရှိ မြို့များတွင် ပြုလုပ် ရန် ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော အစည်းအဝေး ဆုံးဖြတ်ချက် အရ အာဆီယံ ၈ နိုင်ငံတွင်းရှိ မြို့ ၁၃ မြို့တွင် သုတေသန ပြုလုပ်ရန် သတ်မှတ်ခဲ့ ခြင်းဖြစ်သည်။

ပြည်နယ် ခုခံအား ကျဆင်းမှု ရောဂါ တိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ သန့်ဇင်မင်းက မြန်မာနိုင်ငံ အနေဖြင့် သုတေသန ပြုလုပ် ရန် မော်လမြိုင်မြို့ကို ရွေးချယ် ရခြင်းမှာ မော်လမြိုင်မြို့သည် နယ်စပ် မြို့ဖြစ်ခြင်း၊ တစ်ဖက်နိုင်ငံသို့ ဝင်ထွက် သွားလာမှု လွယ်ကူခြင်း၊ စီးပွားရေး ကောင်းမွန်ခြင်း၊ သုတေသန ပြုလုပ်ရန် မြို့အနေ အထား၊ လူဦးရေ အနေအထား၊ အလွှာ စုံရှိခြင်း၊ NGO အဖွဲ့အစည်း များလည်း ရှိခြင်း တို့ကြောင့် ရွေးချယ် ရခြင်းဖြစ်ကြောင်း ပြောသည်။

မြန်မာနိုင်ငံတွင် AIDS ရောဂါဖြစ်ပွားမှုမှာ ၂ဝ၁ဝ ပြည့်နှစ်တွင် ကောက်ယူသော စာရင်းအရ လူနာဦးရေ ၂ဝ၆ဝဝဝ ခန့် ရှိကြောင်း အာဆီယံ နိုင်ငံများ အတွင်း AIDS ရောဂါဖြစ်ပွားမှု အများဆုံး သုံးနိုင်ငံ တွင် မြန်မာနိုင်ငံ ပါရှိကြောင်း၊ AIDS ရောဂါ ကာကွယ်ရေးကို မြန်မာနိုင်ငံ အနေဖြင့် အမျိုးသားရေး အသွင် တိုက်ဖျက်ရမည့် ရောဂါတစ်ခု အဖြစ် သတ်မှတ်ထားပြီး ဖြစ်ကြောင်း၊ သုတေသန လုပ်ငန်းများကို မော်လ မြိုင်မြို့တွင် ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင် များမှသည် ရောဂါရှိ သူများအထိ တစ်ဦးချင်း စစ်တမ်းကောက် ယူသွားမည် ဖြစ်ကြောင်း၊ သုတေသနပြု တွေ့ရှိ ချက်များကို အဖြေရှာပြီး တင်ပြ သွားမည်ဖြစ်ပါ ကြောင်း၊ လုပ်ငန်း များကို ဇူလိုင်လကုန် အထိ ဆောင်ရွက်ပြီး အစီရင်ခံ တင်ပြ သွားမည်ဖြစ်ပါ ကြောင်း၊ တွေ့ရှိချက် များကို အခြေခံ၍ ဆုံးဖြတ် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ သုတေသနပြု ချက်များမှ တွေ့ရှိချက် များကို အခြေခံ၍  ၂ဝ၁၅ ခုနှစ်တွင် သုည အဆင့် ရောက်ရှိရေး ရည်မှန်း ချက်များကို အကောင်အထည် ဖော်ဆောင်ရွက် မည်ဖြစ်ကြောင်း ခုခံအား ကျဆင်းမှု နှင့် ကာလ သားရောဂါ တိုက်ဖျက်ရေး စီမံချက် မန်နေဂျာ ဒေါက်တာမြင့်ရွှေ က ပြောသည်။

ထူးထူး (မော်လမြိုင်)

Popular Myanmar - AIDS ဖြစ်ပွားမှု သုည အဆင့်ထိ ရောက်ရှိရေး သုတေသန မော်လမြိုင်ကို ရွေးချယ် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top