11
Apr

AIDS နှင့်နေထိုင်သူများအတွက် အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ



HIV/AIDS နှင့်နေထိုင်သူများအတွက် အဖွဲ့အစည်း
ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ရှိ YMCA
ခန်းမတွင် ဧပြီလ နောက်ဆုံးပတ်တွင် ကျင်းပခဲ့ကြောင်း ယင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့်
HIV ဖြင့်အသက်ရှင်နေထိုင်သူ PLHA တစ်ဦး၏ ပြောပြချက်အရ သိရသည်။

 

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို International
HIV/AIDS Alliance
နှင့် Greater Involvement of People Living HIV/AIDS (GIPA) အဖွဲ့ တို့က
ဦးဆောင်၍ မြန်မာနိုင်ငံရှိ PLHA အဖွဲ့အစည်း များမှ အဖွဲ့ဝင်
နှစ်ဦးစီတက်ရောက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင်းမှ အဖွဲ့အစည်း ၅၀ကျော်
တက်ရောက်ကြောင်း ယင်းကပြောကြားသည်။

 

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပရခြင်း
ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင်းရှိ PLHA များ၏ ကိုယ့်အားကိုယ်ကိုး
အရည်အသွေးများနှင့် လုပ်ကိုင်နိုင်စွမ်းရည်များကို မြှင့်တင်ပေးရေးနှင့်
ယင်းတို့အကြားရှိ အချင်းချင်း ကွန်ယက်ဆက်သွယ်မှု မြှင့်တင်ပေးရေး တို့ဖြစ်ကြောင်း
ယင်းထံမှသိရသည်။

 

ဆွေးနွေးပွဲ တက်ရောက်သူများကို Alliance နှင့် GIPA အဖွဲ့အစည်းတို့က နေ့လည်စာ
ကျွေးမွေးပြီး ခရီးစရိတ်အဖြစ် ကျပ်ငွေ နှစ်ထောင်ခန့် ထောက်ပံ့ပေးခဲ့ကြောင်း
နယ်ကတက်ရောက် လာသူများကို ခရီးစရိတ်အပြင် တည်းခိုနိုင်ရန်အတွက် YMCA(ရန်ကုန်) တွင်
စီစဉ်ပေးကြောင်း သိရသည်။

 

အဆိုပါ ဆွေးနွေးပွဲကို နေ့စဉ် နံနက် ၉ နာရီမှ ညနေ
၅နာရီထိ ကျင်းပခဲ့ပြီး ယခုအကြိမ်သည် ဒုတိယကြိမ် ကျင်းပခြင်းဖြစ်သည်။



The Voice Weekly (May 7 2007)

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top