လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်တွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည့် AIDS နှင့် ဆက်စပ်သည့် ရောဂါ များကြောင့် သေဆုံးသူဦးရေမှာ ယခုအချိန်တွင် ၂၁ ရာနှုန်း ကျဆင်းသွားပြီ ဖြစ်သည်ဟု ကုလသမ္မဂ္ဂ အေအိုင်ဒီအက်စ် ဌာနမှ ရရှိသည့် အချက်အလက်များတွင် ဖော်ပြခဲ့သည်။ လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်အတွင်း ကမ္ဘာအနှံ့တွင် HIV ကူးစက်မှုနှုန်းမှာ ၎င်း၏ အမြင့်ဆုံး ကာလဖြစ်သည့် ၁၉၉၇ ခုနှစ် နောက်ပိုင်းတွင် ၂၁ ရာနှုန်း ကျဆင်းခဲ့ကြောင်းလည်း ကုလသမ္မဂ္ဂ အေအိုင်ဒီအက်စ် အဖွဲ့၏ ၂၀၁၁ ခုနှစ်အတွက် အစီရင်ခံစာအရ သိရသည်။
ယခုလို နှစ်မျိုးလုံးတွင် ကျဆင်းခဲ့ရခြင်းမှာ ဆေးကုသမှု လုပ်ငန်းစဉ်များ ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နိုင်မှုကလည်း အဓိက အချက်တစ်ချက် ဖြစ်ေ ကြာင်း သိရသည်။ အဆိုပါ အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ တစ်ဦးဖြစ်သူ Michel Sidibe မှ ပြောရာ၌ မိမိတို့ အနေဖြင့် သိသာထင်ရှားသည့် ထိုးဖောက် ကျော်လွှားသည့် အခြေအနေ တစ်ခုသို့ ရောက်ရှိတော့ မည့်ဆဲဆဲ အနေအထားတွင် ရှိနေပြီ ဖြစ်သည်ဟု လည်း ပြောကြားခဲ့သည်။ အလွန်ခက်ခဲ့သည့် စီးပွားရေး ပြဿနာများ ရှိနေသော်လည်း နိုင်ငံအများမှ အေအိုင် ဒီအက်စ် နှင့်ပတ်သက်သည့် ရလာဒ်များ မှာ ကောင်းမွန်နေကြောင်းလည်း ၎င်းမှ ပြောခဲ့သည်။
အလားတူပင် မိမိတို့အနေဖြင့် HIV ရောဂါများနှင့် ပတ်သက်ပြီး လူသားတို့၏ ဘဝကို ကြီးမားသည့် သက်ရောက်မှု ဖြစ်စေ သည့် ဆေးကုသမှု လုပ်ငန်းများတွင် များပြားသည့် ပမာဏတစ်ခုဖြင့် ချဉ်းကပ်နိုင်နေပြီ ဖြစ်သည်ဟုလည်း ၎င်းမှ ထပ်လောင်း ပြောကြား သွားခဲ့သည်။ နေက်ဆုံး ရရှိထားသည့် ရလာဒ်များအရ တစ်ကမ္ဘာလုံးတွင် HIV ကူးစက်ခံရသူ ဦးရေမှာ ၃၄သန်းသို့ ရောက်ရှိနေပြီ ဖြစ်ေ ကြာင်း သိရကာ ဆာဟာရနှင့် အာဖရိကဒေသ တို့တွင် လွန်ခဲ့သည့် ၂၀၀၉ - ၂၀၁၀ ခုနှစ်အတွင်း ရောဂါ ကုသပေးနိုင်သည့် စာရင်းမှာ ၂၀ ရာနှုန်းသို့ မြင့်တက်ခဲ့ကြောင်းလည်း သိရသည်။ ကုလသမ္မဂ္ဂ စာရင်းများအရ လွန်ခဲ့သည့် နှစ်အတွင် အေအိုင်ဒီအက်စ်ဖြင့် သေဆုံးသူ ဦးရေမှာ လူပေါင်း ၇ သိန်း ရှိကြောင်း သိရကာ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဆေးကုသမှု ခံယူနိုင်သူ အားလုံး၏ ထက်ဝက်မှာ ဆေးကု သခွင့် ရရှိနေကြောင်းလည်း ယင်းစာရင်းတွင် ဖော်ပြခဲ့သည်။
MRTV-4 - AIDS နှင့် ဆက်စပ် ရောဂါများကြောင့် သေဆုံးမှု ၂၁ ရာနှုန်း ကျဆင်း




