11
Apr

AIDS နှင့် နေထိုင်သူများကို MSF က ARV ဆေး အခမဲ့ ထောက်ပံ့



ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် နယ်စည်းမခြား
ဆရာဝန်များအဖွဲ့( MSF ) မြန်မာနိုင်ငံရုံးခွဲမှ HIV/AIDS နှင့်နေထိုင်သူ
တစ်ထောင်ကျော်ကို ARV ဆေးဝါး အခမဲ့ ထောက်ပံ့ပေးနေကြောင်း  မြန်မာနိုင်ငံဆိုင်ရာ MSF ဆွစ်ဇာလန်နိုင်ငံ
ဌာနေကိုယ်စားလှယ် Mr.Emmanuel GOUE ၏ ပြောကြားချက်အရ သိရသည်။

 

သို့ရာတွင် ယင်းARV ဆေးဝါး ထောက်ပံ့ခြင်း
အစီအစဉ်ကို တနင်္သာရီတိုင်း ထားဝယ်မြို့ရှိ HIV/AIDS နှင့် နေထိုင်သူများသာ
ရရှိနိုင်ကြောင်း ယင်းအပြင် အဆိုပါ ဒေသမှ ဝေဒနာရှင်အသစ် ၂၅ဦးမှ ၃၀ကျော်ဦးအထိ
လစဉ် ARV ဆေးဝါး အခမဲ့ တိုးချဲ့ ထောက်ပံ့ ပေးနေလျက်ရှိကြောင်း သိရသည်။

 

မေ ၄ရက်နေ့က ပြုလုပ်ခဲ့သည့် The Voice Weekly နှင့်
သီသန့် တွေ့ဆုံမေးမြန်းခန်းတွင် ယင်းက အထက်ပါအတိုင်း ပြောကြား သွားခြင်းဖြစ်သည်။

 

ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် နယ်စည်းမခြား
ဆရာဝန်များအဖွဲ့ အနေဖြင့် ၁၉၉၂ ခုနှစ်တွင် မြန်မာနိုင်ငံတွင် အခြေစိုက်ခဲ့ပြီး
ငှက်ဖျား၊တီဘီ ခုခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေး ထိန်းသိမ်ရေးအတွက်
အရှိအဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေး စောင့်ရှောက်မှု မရှိသော ဝေးလန်ခေါင်သီ
သောဒေသနေ ဆင်းရဲနွမ်းပါးသည့် ပြည်သူများအတွက် ပြည်သူ့ကျန်းမာရေး
စောင့်ရှောက်မှုဆိုင်ရာများ တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း Mr. Emmanuel
GOUE ကထပ်လောင်း ပြောကြားသည်။

 

The Voice Weekly (May-28-2007)

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top