- ၁၉၈၁ ခုနှစ်၊ ဇွန်လ ၅
ရက်နေ့က အမေရိကန် ပြည်ထောင်စု လော့စ်အင်ဂျဲလိစ်က လူ ၅ ဦးမှာ HIV/AIDS (အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်)
ရောဂါရှိခဲ့တယ်လို့ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန ကနေ ထုတ်ပြန်ခဲ့တာဟာ ပြီးခဲ့တဲ့
တနင်္ဂနွေမှာ နှစ် ၃ဝ တင်းတင်း ပြည့်သွားပြီ ဖြစ်တယ်။
- အဲဒီ ထုတ်ပြန်ချက်ကို HIV/AIDS
ရောဂါရဲ့ ကနဦးလို့ သတ်မှတ်နိုင်ပြီး၊ အဲဒီကတည်းက HIV/AIDS ရောဂါကို လေ့လာဘို့
အတူးအဖွဲ့ကိုလဲ စတင်ဖွဲ့စည်းခဲ့တယ်။
- ၁၉၈၂ ဇူလိုင်လမှာ
ဒီရောဂါလို့ နာမည်မတပ်ရသေးသူပေါင်း
အမေရိကန် ပြည်ထောင်စု တဝက်လောက်မှာ ပြန့်နေတဲ့ လူနာပေါင်း ရာဂဏန်း ရှိနေပြီ
ဖြစ်တယ်။
- အာရုံစိုက်ဘို့ ကောင်းတဲ့
ကိန်းဂဏန်တွေကတော့ ဒီအတိုင်း ဖြစ်ပါတယ်။
- ၃၃့၎
သန်း = ကုလသမဂ္ဂ UNAIDS နောက်ဆုံး ထုတ်ပြန် ချက်အရ
ကမ္ဘာတလွှား HIV ကူးစက်ခံနေရတဲ့
ယောက်ျား-မိန်းမအရေအတွက်၊
- ၅့၇
သန်း = ကုလသမဂ္ဂ UNAIDS ထုတ်ပြန်ချက်အရ
အများဆုံးဖြစ်တဲ့ တောင်အာဖရိက မှာ HIV/AIDS ရှိနေသူပေါင်း။
-၂့၅
သန်း = ကမ္ဘာတလွှား HIV ကူးစက်ခံနေရတယ်လို့
သိထားရတဲ့ ကလေး စုစုပေါင်း၊
- ၁၉၅၉
= AIDS
အစောဆုံးလူနာ၊ လူတဦးဟာ သွေးရောဂါ
သုတေသနအတွက် သွေးလှူဒါန်းဘို့ ဆေးရုံကို လာခဲ့တယ်။ သူ့သွေးကို ၁၉၈ဝ ခုနှစ်ကျော်အထိ
အေးခဲ ထားခဲ့တာမှာ HIV ရှိနေတယ်လို့ TheBody.com
ကနေပြောခဲ့တယ်။
- ၁၉၈၁
= ပဌမဆုံး တရားဝင် အသိအမှတ် ပြုတဲ့HIVရောဂါ စခဲ့တယ်။ အမေရိကားမှာ
ဒီရောဂါ နာမည် တပ်တာ ပဌမဆုံးလို့ Avert.org ကနေ ပြောခဲ့တယ်။
၁၉၈ဝ မတိုင်ခင် ပြည်ထောင်စုအတွင်းမှာ AIDS ရာဇဝင်က မရေရာပါ။
-၂၅
သန်း = ၁၉၈၁ မှာ ရောဂါနာမည် စတပ်ကတည်းက AIDS ကြောင့်
သေဆုံးခဲ့ရသူပေါင်း၊
- ၅ဝ%
= ၂ဝဝ၈ နှစ်ကုန်အထိ HIV ကူးစက်ခံနေရတဲ့ အရွယ်ရောက်
အမျိုး သမီး ရာခိုင်နှုန်း၊
- ၈ဝ%
= လိင်မတူဆက်ဆံတာကနေကူးစက်ခံနေရတဲ့ တကမ္ဘာလုံး HIV လူနာ ရာခိုင်နှုန်း၊
- ၃%
=
Avert.org အဆိုအရ ဝါရှင်တန်မြို့တော်မှာ ရှိတဲ့ HIV နဲ့နေထိုင်သူ
ရာခိုင်နှုန်း၊ ၂ဝဝ၉ ခုနှစ် ဝါရှင်တန်၊ ဒီစီ ကျန်းမာရေးဌန အဆိုအရ အနောက်အာဖရိကထက် HIV ရာနှုန်း
မြင့်နေတယ်။
- ၆%
= တောင်-ကာရိုလိုင်းနား ဆေးတက္ကသိုလ် လေ့လာချက်အရ ဆာဟာရ-အောက်ပိုင်းဒေသမှ HIV ကူးစက်ခံနေရတဲ့
ရာခိုင်နှုန်း၊
- ၁၇၂၃၇၇
= နယူးယော့ခ် မှာ AIDS ရောဂါဖြစ်နေပြီလို့
သတ်မှတ်ခံထားရသူ စုစုပေါင်း။ အမေရိကန် ပြည်ထောင်စုထဲမှာ ကျန်ပြည်နယ်တွေထက် လူနာ
အများဆုံးရှိတယ်။ ကာလီဖိုးနီးယားမှာ ၁၃၉ဝ၁၉၊ ဖလော်ရီဒါမှာ ၁ဝဝ၉ဝ၈၊ တက်ဆပ်စ်မှာ
၆၇၂၂၇၊ နယူးဂျာဆီမှာ ၄၈၄၃၁။ ရောဂါ ထိန်းချုပ်ရေး ဌာန CDC က
ကိန်းဂဏန်တွေ ဖြစ်တယ်။
- ဒေါ်လာ
၅့၆၇ ဘီလျန် = AIDS, TB နဲ့ ငှက်ဖျားရောဂါတွေ
တိုက်ဖျက်ဘို့ (ဂလိုဘယ်-ဖန်း) ကနေ
ထောက်ကူတဲ့ ရံပုံငွေ၊ Avert.org အဆိုအရ
Global
Fund ဟာ AIDS ကပ်ရောဂါ တိုက်ဖျက်ရေးမှာ
အကြီးဆုံး အဖွဲ့အစည်း ဖြစ်တယ်။
- ၎
သန်း = Avert.org အဆိုအရ ဖွံ့ဖြိုးဆဲနဲ့
ဖွံ့ဖြိုးဘို့လုပ်နေတဲ့ နိုင်ငံတွေမှာ HIV အသက်ကယ်ဆေး ရရှိနေတဲ့
အရေအတွက်၊
- ၉့၅
သန်း = ဖွံ့ဖြိုးဆဲနဲ့ ဖွံ့ဖြိုးဘို့လုပ်နေတဲ့ နိုင်ငံတွေမှာ HIV အသက် ကယ်ဆေး
ရရှိဘို့ အရေးတကြီး လိုအပ်နေတဲ့ အရေအတွက်၊
ဒေါက်တာတင့်ဆွေ (၄-၆-၂ဝ၁၁)




