28
Aug

Anti-retroviral treatment (ART) အေအာရ်တီဆေးဝါးအကြောင်း အမေး၊ အဖြေ

အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စှ်င့် စပ်လျဉ်း၍ သတင်းအစီရင်ခံခြင်း အခန်းမှ အေအာရ်တီဆေးဝါးအကြောင်း အမေးအဖြေကကို ယခု စာမျကှ်ာတွင် ဖော်ပြသွားမည်။
အိတ်ခ်ျအိုင်ဗွီ၊
အေအိုင်ဒီအက်စ် သတင်းရေးသား ပေးပိုခြင်း လမ်းညန် စာမျကှ်ာ (၃၉) မှ (၄၅) အထိ တင်ပြထားသည်။

+++++++++++++


Q:
Anti-retroviral treatment (ART)
အေအာရ်တီဆိုသည်မှာ အဘယ်နည်း။

 A: အေအာရ်တီသည် အေအိုင်ဒီအက်စ်လူနာများကိုပေးသော ပေါင်းစပ်ထားသည့် ဆေးဝါးတခုဖြစ်သည်
အေအိုင်ဒီ အက်စ်သည် စီဒီဖိုးခေါ် သွေးဖြူဥအရေအတွက် ၂၀၀
ထက်နည်းလာသောအခါနှင့် ခန္ဓာကိုယ်မှရောဂါအား မ တိုက်ထုတ်နိုင်သော အိတ်ခ်ျအိုင်ဗွီ၏
တဆင့်လွန်အဆင့်ဖြစ်သည်
အေအာရ်တီသည် ခန္ဓာကိုယ်တွင်းတွင်
အိတ်ခ်ျအိုင်ဗွီကို တိုက်ထုတ်ပေးသည်။

 

အေအာရ်တီသည် အိတ်ခ်ျအိုင်ဗွီပိုးပျောက်ကင်းသွားအောင်
ကုသပေးသော ဆေးဝါးတခုမဟုတ်ပေ။ အေ အာရ်တီသည် သင်ပိုမိုကျန်းမာလာစေရန်အတွက်
သင်၏ကိုယ်ခံအားစနစ်ကို ပိုမိုအားကောင်းလာစေရန် အထောက်အကူပြုပေးခြင်းသာဖြစ်သည်။
နှာစီးချောင်းဆိုး၊ တီဘီနှင့် ၀မ်းလျှောရောဂါစသည့် ဝေဒနာများ သင်၏ကိုယ်ခန္ဓာအတွင်း
မ၀င်ရောက်စေရန်တားမြစ်ခြင်းနှင့် တိုက်ထုတ်ခြင်းများအတွက်လည်း အေအာရ်တီက
အထောက်အကူပြုပေးသည်။

 

စီဒီဖိုးသွေးဖြူဥအရေအတွက်

စီဒီဖိုးဆဲလ်များဆိုသည်မှာ မည်သည့်အရာများဖြစ်သနည်း နှင့်
အိတ်ခ်ျအိုင်ဗွီပိုးရှိသူများအတွက် 
၎င်းတို့သည် အဘယ်ကြောင့်အရေးပါသနည်း။

 

ထိုဆဲလ်များ၏ မျက်နှာပြင်တွင် စီဒီဖိုးဟုခေါ်သော
မော်လီကျူးများရှိသည်။ ထိုကူညီပေးသောဆဲလ်များသည် ဗိုင်းရပ်စ်ပိုးကဲ့သို့သော
မိုက်ခရိုအော်ဂဲနစ်ဇင် (အဏုဇီဝများ) တိုက်ခိုက်ရာတွင် ခန္ဓာကိုယ်၏ တုံ့ပြန်နိုင်မှု ကိုဦးဆောင်သည်။
အိတ်ခ်ျအိုင်ဗွီသည်
retrovirus အမျိုးအစားဖြစ်သည်။ ဆိုလိုသည်မှာ ၄င်းဆက်လက် မျိုးပွားရန်
(ပုံတူထုတ်ခြင်း) အတွက် လက်ခံသူထံမှ ဆဲလ်များလိုအပ်သည်။ အိတ်ခ်ျအိုင်ဗွီ ပုံစံတွင်
စီဒီဖိုးဆဲလ် များသည် အိတ်ခ်ျအိုင်ဗွီဆက်လက်မျိုးပွားရန်အတွက် အထောက်အကူပြုပေးသော အိမ်ရှင်ဆဲလ်များဖြစ်သည်။
အိတ်ခ်ျအိုင်ဗွီပိုးသည် စီဒီဖိုးဆဲလ်ကိုတွယ်ကပ်ကာ ဗိုင်းရပ်စ်ပိုးများကို ၀င်ခွင့်ပေးခြင်း၊
စီဒီဖိုးဆဲလ်များကိုထိခိုက် စေခြင်း၊ ပျက်ဆီးစေခြင်းများကိုဖြစ်စေသည်၊
စီဒီဖိုးဆဲလ်များ အလုပ်လုပ်ဆောင်ခြင်းနည်းလာလေလေ ခန္ဓာကိုယ် အတွင်း
ခုခံအားစနစ်ချိနဲ့လာလေလေဖြစ်သည်။ ထို့ကြောင့် ကိုယ်ခန္ဓာပိုမိုအားနည်းသောလူတဦးသည်
ကူးစက် လွယ်ခြင်း၊ ရောဂါဖြစ်လွယ်ခြင်းဖြစ်သည်။

 

သွေးထဲတွင် စီဒီဖိုးဆဲလ်မည်မျှအလုပ်လုပ်နေသည်ကို
တွက်ချက်ကြည့်ခြင်းဖြင့် အိတ်ခ်ျအိုင်ဗွီပိုးရှိသူ၏ ကိုယ်ခံအားစနစ်မည်မျှ
ကြံ့ခိုင်နိုင်ခြင်းရှိမရှိကို သိနိုင်သည်။ ခန္ဓာကိုယ်အတွင်း စီဒီဖိုးဆဲလ် အရေအ တွက်မည်မျှအလုပ်လုပ်နေသည်ကိုတိုင်းတာသော
စီဒီဖိုးအရေအတွက်စမ်းသပ်သော ရိုးစင်းသည့် သွေးစစ်ချက် ဖြစ်သည်။ သို့မှသာ
ကိုယ်ခံအားစနစ်၏ ကျန်းမာရေးကို တိုင်းတာနိုင်မည်ဖြစ်သည်။ ကျန်းမာသောအရွယ် ရောက သူတဦးတွင်
ပုံမှန်စီဒီဖိုးဆဲလ်အရေအတွက် မတူကွဲပြားနိုင်သည်။ သို့သော် ပုံမှန်အားဖြင့်သွေး တစ်ကုဗမီလီမီတာ
တွင် ဆဲလ်အရေအတွက် ၆၀၀ မှ ၁၂၀၀ ထိရှိသည်။

 

၆၀၀ နှင့် ၃၅၀ အကြား - အိတ်ခ်ျအိုင်ဗွီပိုးရှိသူအတွက်
အလွန်ကောင်းသောအဆင့်ဟု သတ်မှတ်သည်။ ၃၅၀ နှင့် ၂၀၀ အကြား - ကိုယ်ခံအားစနစ်
အားနည်းနေသောအဆင့်ဖြစ်သည်။ ထို့ကြောင့် ပိုးရှိသူသည် ကူးစက်ရော ဂါများ၊
အခြားရောဂါများ ၀င်ရောက်နိုင်သော အန္တရာယ်ရှိနေသည့်အဆင့်ဖြစ်သည်။ ၂၀၀ အောက် -
ကိုယ်ခံအား စနစ် ဆိုးဆိုးရွားရွားကျဆင်းနေသောအဆင့်ဖြစ်သည်။ အိတ်ခ်ျအိုင်ဗွီရှိသူသည်
ကူးစက်ရောဂါ အလွယ်တ ကူရရှိနိုင်သော အန္တရာယ်အမှန်ပင်ရှိနေသည်။ စီဒီဖိုးဆဲလ် ၅၀
ထက်လျော့နည်း သွားပါက ကနဦးပိုင်းတွင် အများအပြားတိုးတက်မှုမရှိနိုင်သော်လည်း
ကိုယ်ခန္ဓာသည် ဆက်လက်သွားနိုင် လာနိုင်သေးသည်။

 

Q: အေအာရ်တီက မည်ကဲ့သို့ကူညီပေးသနည်း။

 

A: ၁။ အေအာရ်တီသည် လူနာနှင့် မိသားစုအတွက် ကောင်းမွန်သည်။

၂။ လူနာသည် ပိုမိုကျန်းမှာု ပိုမိုအသက်ရှည်စွာ နေနိုင်သည်၊

၃။ အေအာရ်တီသောက်သုံးနေသောလူသည် မိဘတဦး သို့မဟုတ်
အဓိက၀င်ငွေရှိနေသောသူဖြစ်ပါက

၎င်းတို့သည် ၄င်းတို့မိသားစုကို စောင့်ရှောက်မှုနှင့်
ထောက်ပံ့မှု ဆက်လက်လုပ်ဆောင်နိုင်သည်။

 

Q: အိတ်အိုင်ဗွီပိုးရှိသူ ခေါ် ပီအယ်လ်အိတ်ခ်ျအိုင်ဗွီက
မည်သည့်နေရာတွင် အေအာရ်တီကို ရရှိနိုင်သနည်း။

 

A: ကျန်းမာရေးစောင့်ရှောက်မှုဌာန အချို့သာလျှင်
ကုသမှုကိုကမ်းလှမ်းလိမ့်မည်ဖြစ်သည်။ ကျန်းမာရေးလုပ် သားများသည်
အေအာရ်တီလိုအပ်သောသူများကို မည်ကဲ့သို့ကူညီပေးရမည်ကို သိရှိနိုင်ရန်အတွက် စည်းစနစ်တကျ
သိထားရန် လိုအပ်သည်။ ထိုဆေးဝါးများကို အစီအစဉ်အတိုင်းပုံမှန်စားသုံးရမည်ဖြစ်သည်။
ကျန်းမာရေး လုပ်သား အမြောက် အမြားကို သင်ကြားထားပြီး ဆေးဝါးများများရှိနေပါက
ကျန်းမာရေးဌာနအတော်များများလည်း အေအာရ်တီကို ပေးနိုင်လိမ့်မည်ဖြစ်သည်။

 

Q: အေအာရ်တီဆေးဝါးများက သုံးစွဲသူများကို မည်သို့ဖြစ်စေသနည်း။

 

A:
-
အေအာရ်ဗွီဆေးအမျိုးအစား
အမျိုးမျိုးရှိသော်လည်း၊ တမျိုးတည်းစားသုံးရုံနှင့် အကျိုးအာနိသင် ထိရောက် လိမ့်မည်မဟုတ်။

 

- အေအာရ်တီဆေးသုံးမျိုးကို
အတူတကွစားသုံးမှသာလျှင် အာနိသင်အကောင်းဆုံး ထိရောက်မှုရှိသည်။ ဤ သည်ကို
ပေါင်းစပ်ကုထုံးဟုခေါ်သည်။

 

- သင့်အားပေးသော ပေါင်းစပ်ကုထုံးသည်
သင့်ခန္ဓာကိုယ်တွင်းရှိ အိတ်ခ်ျအိုင်ဗွီပိုးအရေအတွက် တိုးပွားခြင်း မှရပ်တန့်စေခြင်းဖြင့်
အိတ်ခ်ျအိုင်ဗွီပိုးပမာဏကို ထိန်းချုပ်လိမ့်မည်ဖြစ်သည်။

 

- ကျွန်ုပ်တို့သည်
အေအာရ်တီဆေးဝါးများအကြောင်းကို အချိန်တိုင်းလေ့လာနေရမည်ဖြစ်သည်။ ယင်းအလုပ်မှာ
ကောင်းမွန်သောလုပ်ငန်းတခုဖြစ်သည်။ သတင်းအချက်အလက်အသစ်များက သိပံ္ပပညာရှင်များကို
ဆေးဝါး အသစ်များနှင့် ပိုမိုကောင်းမွန်သော ပေါင်းစပ်ကုထုံးအသစ်များ
ထုတ်လုပ်နိုင်ရန် ကူညီလိမ့်မည်ဖြစ်သည်။

 

အေအာရ်တီဆေးဝါးများသည် နာမည်အမျိုးမျိုးရှိနိုင်သည်။

ဤသည်မှာ သင်ကြားဖူးကောင်းကြားဖူးနိုင်သော နမူနာ

နာမည်အချို့ဖြစ်သည်။

 

- အေအာရ်တီ သို့မဟုတ်
အေအာရ်ဗွီဆေးဝါးများ

- HAART (သို့) အထူးအာနိသင်ရှိသော အေအာရ်တီကုထုံး

- ဆေးဝါးစုံ cocktail
အရောအနှော

- သုံးမျိုးပေါင်းစပ်ကုထုံး

- ပေါင်းစပ်ကုထုံး

 

Q: အေအာရ်တီတွင် အဘယ်ကြောင့် နာမည်အများအပြားရှိရသနည်း။

 

A: တခါတရံတွင် အေအာရ်တီများကို ၄င်းတို့၏ မျိုးရိုးဗီဇနာမည်ပေါ်အခြေခှုံ
ခေါ်ဝေါ်သည်။ (ဤသည်က စာလုံး အသေးနှင့် စသည်။)

 

တခါတရံတွင် အေအာရ်တီများကို အထုတ် (သို့) ဗူးပေါ်ရှိ
တံဆိပ်နာမည်လိုက်၍ခေါ်ဝေါ်သည်။ (ဤသည်

က စာလုံးအကြီးနှင့် စသည်။)

 

အခြားအချိန်များတွင် ယင်းတို့ကို နာမည်အတို (သို့)
အတိုကောက်ခေါ်ဝေါ်သည်။ အ၀တ်လျှော်ဆပ်ပြာမှုန့်ကို ဥပမာထား၍ စဉ်းစားကြည့်ပါ။
အပြင်ဘက်တွင် နာမည်သည် အိုမို သို့မဟုတ် ဆာ့ဗ် သို့မဟုတ် စကစ် ဖြစ်ကောင်းဖြစ်မည်
(တံဆိပ်နာမည် ဖြစ်သည်။) သို့သော် အတွင်းဘက်တွင် ယင်းသည် - အ၀တ်လျှော်ဆပ်ပြာ မှုန့်ပင်
- ဖြစ်သည် (မျိုးရိုးဗီဇနာမည်ဖြစ်သည်။)

 

ပေါင်းစပ်ကုထုံးဆေးဝါးများ (ပေါင်းစပ်ကုထုံး)

ယခုလောလောဆယ်တွင်
ဆေးရုံများနှင့်ဆေးခန်းများတွင်ရရှိနိုင်သော ဖြစ်နိုင်ချေပေါင်းစပ်ဆေးများ နှစ်မျိုးရှိ
သည်။ မည်သည့်ဆေးစပ်က အကောင်းဆုံးဖြစ်သည်ကို ဆရာဝန်က ဆုံးဖြတ်လိမ့်မည်ဖြစ်သည်။

 

ပထမအဆင့် ကုသမှု

သင်စားသုံးရသော ပထမဦးဆုံးပေါင်းစပ်ဆေးဝါးကို
ပထမကုသမှုဟုခေါ်သည်။ ဥပမာ -
stavudine (d4T) + lamivudine (3TC)
efavirenz (EFV) or nevirapine (NVP)

 

လူအများစုသည် ယင်းပေါင်းစပ်ဆေးဖြင့် စတင်သည်။

- ထိုပေါင်းစပ်ဆေးကသင့်ကို
ဆိုးရွားသောဘေးထွက်ဆိုးကျိုးဖြစ်စေပါက သို့မဟုတ် ယင်းက အာနိသင် ထိ ရောက်မှု ရပ်တန့်သွားပါက
သင့်ဆရာဝန်သည် သင့်အားဆေးပြောင်းပေးရန် ဆုံးဖြတ်ကောင်း ဆုံးဖြတ်မည်။

 

ဒုတိ ယအဆင့်ကုသမှု

- ပထမကုသမှုမထိရောက်ပါက
ဆရာဝန်သည်အခြားပေါင်းစပ်ဆေးတခုကို ကြိုးစားကောင်းကြိုးစားမည်။

- ဤသည်ကို ဒုတိယကုသမှုဟုခေါ်သည်။ ဥပမာ - ziduvudine
(AZT) + didanosine (ddI) + lopinovir (LPV) or ritonavir (r)

 

Q: အေအာရ်တီများကို မည်မျှကြာကြာ စားသုံးရမည်နည်း။

A: ထိုဆေးဝါးများကို သင့်ဘ၀တလျှောက်လုံး နေ့စဉ်နေ့တိုင်း တနေ့တကြိမ်
သို့မဟုတ် နှစ်ကြိမ် သင်စားသုံး ရလိမ့်မည်ဖြစ်သည်။ ဆေးပြားတိုင်းတွင်
အချိန်မှန်သင်စားသုံးပါက ဗိုင်းရပ်စ်ပိုးများကို ကြီးထွားများပြား လာခြင်း မှရပ်တန့်ပေးသင့်ပြီး
ဗိုင်းရပ်စ်ပမာဏ
ဟုခေါ်သော သင့်ခန္ဓာကိုယ်တွင်းရှိ
ဗိုင်းရပ်စ်ပိုးများ စုစည်းမှုကို လျှော့ချနိုင်သည်။

 

Q: လူများအနေဖြင့် အေအာရ်ဗွီဆေးဝါးများ အလုပ်ဖြစ်မဖြစ်ကို
မည်ကဲ့သို့သိရှိနိုင်သနည်း။

A: ကျန်းမာရေး လုပ်သားသည် အေအာရ်ဗွီဆေးဝါးများ ကောင်းကောင်းအလုပ်ဖြစ်မဖြစ်ကို
အောက်ဖော်ပြပါများ ပြုလုပ်ခြင်းဖြင့် စစ်ဆေးလိမ့်မည်ဖြစ်သည်။

 

- သွေးဖြူဥအရေအတွက် ခေါ် စီဒီဖိုး (CD4) ရေတွက်ခြင်း

ဤစစ်ဆေးမှုက သွေးဖြူဥ (စီဒီဖိုး) ဆဲလ်များ၏ အရေအတွက်ကို
စစ်ဆေးသည်။ အေအာရ်ဗွီဆေးဝါးများသည် ကောင်းကောင်းအလုပ်ဖြစ်ပါက
ခန္ဓာကိုယ်တွင်းရှိကူးစက်မှုကို တိုက်ခိုက်ရန်အတွက် စီဒီဖိုးဆဲလ်များ ပိုမိုများပြား
လာလိမ့်မည်ဖြစ်သည်၊ ဤသည်က ခုခံအားစနစ်သည် ပိုမိုအားကောင်းလာကြောင်း ပြသသောလက္ခဏာ တရပ်ဖြစ်သည်။

- ဗိုင်းရပ်စ်ပိုးပမာဏ စစ်ဆေးခြင်း

 

ဤစစ်ဆေးမှုမှ မည်သည့်ဗိုင်းရပ်စ်ပိုးမှမတွေ့နိုင်ပဲ
သွေးထဲတွင် အိတ်ခ်ျအိုင်ဗွီပိုးနည်းနည်းသာ ရှိနေသည့်တိုင် အောင်
ဗိုင်းရပ်စ်ပိုးပမာဏလျော့ကျသွား မသွားကို စစ်ဆေးသည်။ အေအာရ်ဗွီဆေးဝါးများ
ကောင်းကောင်း အလုပ်ဖြစ်ပါက ယင်းလျော့ကျမှုသည် ၁၂ ပတ်အတွင်းဖြစ်နိုင်သည်။
သွေးစစ်ဆေးမှုက ဗိုင်းရပ်စ် ပိုးမရှိဟုပြသ သော်လည်း အေအာရ်ဗွီဆေးဝါးများသည်
ခန္ဓာကိုယ်တွင်းမှ အိတ်ခ်ျအိုင်ဗွီ ပိုးများကိုလုံးဝဖယ်ရှားခြင်း သို့မဟုတ်
ကုသပေးနိုင်ခြင်းမရှိသည်ကို သတိပြုပါ။ လူတဦးသည် အေအာရ်ဗွီစားသုံးခြင်း ကိုရပ်တန့်လိုက်ပါက
ဗိုင်းရပ်စ်ပိုး များ သွေးထဲတွင် ပြန်လည်၍များပြားမှု စတင်လာလိမ့်မည် ဖြစ်သည်။

 

- စစ်ဆေးခြင်း

ကျန်းမာရေးလုပ်သားတဦးအနေဖြင့် ကျန်းမာရေးနှင့်
ခန္ဓာကိုယ်တွင်းပြောင်းလဲမှုရှိမရှိ သိရှိရန်နှင့် ကိုယ်အ လေးချိန်ကိုစစ်ဆေးနိုင်ရန်
စစ်ဆေးမှုတခု ပြုလုပ်နိုင်သည်။

အေအာရ်ဗွီဆေးဝါးများ အာနိသင်ကောင်းကောင်းထိရောက်ပါက

 

၁။ လူတဦးသည် ပိုမိုကောင်းမွန်လာသည်ဟုခံစားရပြီး

ကျန်းမာ၍ အသက်ရှည်ရှည်နေရလိမ့်မည်ဖြစ်သည်။

၂။ လူတဦးသည် ပိုမိုအားကောင်းလာလိမ့်မည်ဖြစ်ပြီး
စွမ်းအားများပိုမိုရှိလာမည်။

၃။ ၄င်းတို့၏ ခုခံအားစနစ်သည် ပိုမိုအားကောင်းလာလိမ့်မည်ဖြစ်သည်။

၎။ ခန္ဓာကိုယ်တွင်းရှိ အိတ်ခ်ျအိုင်ဗွီပိုးကြီး
ထွားတိုးပွားလာခြင်းမှ ရပ်တန့်သွားလိမ့် မည်ဖြစ်သည်။

၅။ ဗိုင်းရပ်စ်ပိုးပမာဏ လျော့ကျလာ လိမ့်မည်။

၆။ စီဒီဖိုးအရေအတွက် တက်လာမည်။

၇။ လူတဦးသည် အေအာရ်ဗွီဆေးများ မစားခင်ကကဲ့သို့ မကြာခဏဖျားနာခြင်း
မဖြစ်တော့ပေ။

၈။ လူတဦးသည် သူတို့ခံစားခဲ့ရသောပြ၏နာများမှ
ပြန်လည်နာလန်ထလာလိမ့်မည်။ ထိုပြ
နာများမှာ ချောင်း ဆိုးခြင်း၊ မှက္ခရုပေါက်ခြင်း၊ အဖုအပိန့်များ၊
အနီကွက်များထခြင်း သို့မဟုတ် ၀မ်းသွားခြင်းတို့ ဖြစ်သည်။

 

၉။ လူတဦးသည် ကိုယ်အလေးချိန်ကျခဲ့ပါက အလေးချိန်ပြန်တက်လာလိမ့်မည်ဖြစ်သည်။

၁၀။ ၄င်းတို့ယခင်က စားချင်သည့်စိတ်ဆန္ဒနည်းပါးခဲ့လျှင်
ယခုတိုးတက်လာမည်ဖြစ်ပြီး ပို၍၊ ပို၍စားချင် လာလိမ့် မည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top