11
Jan

Aphaw Gel သုံးရင် Condom သုံးစရာ မလိုဘူးဆိုတာ ဟုတ်ပါသလား

အဖော်ဂျယ် ဆိုတာက ရေကို အခြေခံပြီး လုပ်ထားတဲ့ ချောဆီတစ်မျိုးပါ။ ဘာအတွက် သုံးတာလဲဆိုရင် လိင်ဆက်ဆံရာမှာ ချောမွေ့အောင်ပါ။ အထူးသဖြင့် လိင်ဆက်ဆံခြင်းကနေ လိင်တံနဲ့ အမျိုးသမီး အင်္ဂါတွေမှာ ပွန်းပဲ့ခြင်း မဖြစ်အောင် ကာကွယ်ပေးတဲ့ ပစ္စည်းပါ။ ဒီဂျယ်ကို သာမန် လင်မယားတွေမှာလည်း သုံးပါတယ်။ ချောချောမွေ့မွေ့ ရှိတော့ ပိုပြီး လိင်မှုဆိုင်ရာ အထိတွေ့ကို ကောင်းစေတယ်လို့ ဆိုပါတယ်။

ကွန်ဒုံးသုံတဲ့ ရည်ရွယ်ချက်က မလိုလားတဲ့ ရောဂါတွေနဲ့ ကိုယ်ဝန်မရအောင်တားခြင်းပါ။ ကွန်ဒုံးသုံးဖူးတယ်ဆိုရင် ကွန်ဒုံးအိတ်လေးကို ဖွင့်လိုက်တာနဲ့ ဆီတွေနဲ့အတူ ကွန်ဒုံးလေးကို တွေ့ရမှာပါ။ ဒီကွန်ဒုံး အိတ်ထဲက ဆီတွေက အဖော်ဂျယ်နဲ့ သဘောသဘာဝချင်း အတူတူပါဘဲ။ လိင်ဆက်ဆံရာမှာ ချောချောမွေ့မွေ့ဖြစ်စေဖို့ ထည့်ပေးထားတာပါ။ ကွန်ဒုံးသုံးရင် တစ်ချို့က တင်းတင်းကြပ်ကြပ် အရသာခံစားရတယ်၊ လိင်ကိစ္စ အရသာလျော့သလို ခံစားကြရတော့ ဒီလို ဆီလေး ထည့်ပေးထားတာ ပိုပြီး လိင်ကိစ္စအတွက် အဆင်ပြေရုံမက ကွန်ဒုံးပေါက်ပြဲခြင်းကိုပါ ကာကွယ်ပေးပါတယ်။

ဒါကြောင့် တစ်ချို့က ကွန်ဒုံးမှာပါတဲ့ ဂျယ်နဲ့ မလုံလောက်တဲ့ အခါ အပြင်ကနေ ဂျယ်ကို ထပ်ပြီး ၀ယ်ကြရပါတယ်။ တချို့လူတွေက လိင်တံကြီးတော့ ကွန်ဒုံးစွပ်ပြီးရင် တင်းကြပ်တဲ့ အရသာဖြစ်တတ်ပါတယ်။ အတူနေတဲ့ သူကလည်း အဆင်မပြေပါဘူး။ ဒီအခါ ဂျယ်ကို သုံးကြပါတယ်။ လိင်တူချင်းဆက်ဆံတဲ့ အမျိုးသားတွေမှာလည်း ဂျယ်ကို သုံးကြရပါတယ်။ စအိုနံရံတွေ ပွန်းပဲ့တာ၊ သွေးထွက်တာကို ကာကွယ်ဖို့ပါ။ ကွန်ဒုံး ကိုတော့ ရောဂါကာကွယ်ဖို့ သုံးကြပါတယ်။

ဈေးကွက်ထဲမှာ ချောဆီ (ဂျယ်) အမျိုးမျိုး ရှိပါတယ်။ အဖော်ဂျယ်ကတော့ မြန်မာပြည်ဈေးကွက်မှာ နာမည်ရှိလို့ အခေါ်ဝေါ်များတာပါ။ ဂျယ်တွေက ရေကို အခြခံပြီး ထုတ်ထားရပါမယ်။ တခြား ဂျယ်တွေ ဥပမာ - ခေါင်းလိမ်းဆီ၊ အုန်းဆီ၊ ကိုယ်လိမ်း အလှဆီတွေကို ကွန်ဒုံးနဲ့ တွဲသုံးလို့ မရပါဘူး။ ကွန်ဒုံးပေါက်ပြဲမှု ဖြစ်စေပါတယ်။

ဒီတော့ မေးခွန်းကို ပြန်မဖြေခင် မေးပါရစေ.... ကွန်ဒုံး သုံးရတဲ့ ရည်ရွယ်ချက်က ဘာလဲ.. ဂျယ်သုံးရတဲ့ ရည်ရွယ်ချက်က ဘာလဲ.. မိတ်ဆွေက ဘယ်လိုခံစားမှုအတွက် လိင်ကိစ္စ လုပ်မှာလဲ၊ ဥပမာ ကိုယ့်အမျိုးသမီးနဲ့ အတူနေပြီး ကလေးလည်း လိုချင်တယ်ဆိုရင် ကွန်ဒုံး သုံးစရာမလိုပဲ ဂျယ်လေးသုံးပြီ သာသာယာယာ စခန်းသွားလို့ ရပါတယ်။ ဒီလိုမဟုတ်ပဲ အပြင်က ကြေးစား မိန်းကလေးနဲ့ သွားမယ်ဆိုရင်တော့ ကွန်ဒုံးကို ရောဂါကာကွယ်ဖို့ သုံးရမှာဖြစ်ပြီး လိင်ကိစ္စ သာယာစေဖို့ ဂျယ်ကို သုံးလို့ ရပါတယ်။

မေးခွန်းကို တိုက်ရိုက်ဖြေရရင် အဖော်ဂျယ်က ရောဂါကာကွယ်ဖို့ အတွက်မဟုတ်ပါ။ ကာမအရသာ အတွက်ပါ။ ကွန်ဒုံးက ရောဂါတွေနဲ့ ကိုယ်ဝန်ရတာကို ကာကွယ်ဖို့ပါ။ တွဲသုံးလို့ရပါတယ်။

လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top