မေး။ ။ ART ဆေး သောက်နေတဲ့သူ ဂျင်စင်း ပါတဲ့ဆေး တစ်မျိုးမျိုး သောက်လို့ရသလား သိချင်ပါတယ်။ တစ်ချို့က ART က ဂျင်စင်းနဲ့ မတည့်ဘူးပြောလို့ပါ။
ဖြေ။ ။ ဂျင်ဇင်း က HIV ပိုးရှိသူတွေ (ART သောက်နေသူအတွက်ရော၊ မသောက်သူ) အတွက် လုံးဝ မသုံးသင့်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ HIV ရှိသူတွေမှာ ဂျင်ဇင်းနဲ့ ပက်သက်တဲ့ သုတေသန ခိုင်ခိုင်မာမာမရှိ သေးပါဘူး။ သုံးမိရင် တချို့လူတွေမှာ ရုတ်တရက် ကိုယ်ခံအား ကျသွားပြီး ရောဂါ အခြေအနေ ဆိုးတက်ပါတယ်။ မသုံးပါနဲ့ခင်ဗျာ။
မေး။ ။ နောက်တစ်ခုလောက် မေးချင်ပါတယ်။ HIV positive ရှိသူ မိန်းခလေးကို သာမန်ယောက်ျားတစ်ယောက်က လက်ထပ်ယူရင် ရှောင်ရန် ဆောင်ရန်နဲ့ ကလေးယူလို့ ရမရ သိချင်ပါတယ်ခင်ဗျာ။
ဖြေ။ ။ HIV positive တစ်ယောက်ကို လက်ထပ်မယ်ဆိုရင် ပြင်ဆင်စရာ စဉ်းစားစရာတွေ အများကြီးရှိပါတယ်။
၁။ တကယ်ချစ်မှ လက်ထပ်ပါ။ ဘာကြောင့်လဲ ဆိုတော့ လက်ထပ်ပြီးနောက်ပိုင်း လူမှုရေး၊စီးပွားရေး၊ အိမ်ထောင်ရေး ပြသနာတွေ အများကြီး ကြုံတွေနိုင်ပါတယ်။ ဒီပြသနာတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်မှ လက်ထပ်ဖို့ စဉ်းစားပါ။
၂။ လင်မယားဖြစ်ခဲ့ရင် လိင်ဆက်ဆံတိုင်း ကွန်ဒုံး သုံးရပါမယ်။ ပိုးမရှိတဲ့သူက နှစ်စဉ် ပိုးကူး/မကူး သွေးစစ်ဖို့လိုပါမယ်။ ပိုးရှိတဲ့ သူကလည်း ပိုးအရေအတွက်ကို တစ်နှစ်တစ်ခါ စစ်ဆေးရပါမယ်။
၃။ သားသမီးယူဖို့ တော်တော်လေး စဉ်းစားရပါမယ်။ သုတ်ပိုးကိုမျိုးဥကို ဖန်ပြွန်သန္ဓေသားပုံစံ အပြင်မှာ ကလေးဖြစ်အောင်လုပ်ပြီး မရ မက လုပ်ယူတဲ့ လူတွေလည်း ရှိကြပါတယ်။ ကလေးဆီကို ရောဂါ ကူးစက်နိုင်တဲ့နှုန်းကတော့ အသေအချာ ဂရုစိုက်ရင် ၃% နောက်ပဲ ရှိပါတယ်။ ခေတ်မီတဲ့ နိုင်ငံတွေမှာတော့ ၀% ပါ။ ဆိုလိုတာက ကလေးယူလို့ ရတယ်။ မြန်မာပြည်မှာတော့ ခက်ခဲနိုင်တယ်။
လမင်းကို




