4
May

ART ရဖို့ အရေး ဆွေးနွေး ရအောင်

ART
ဆိုတာက Anti -Retrovial Therapy ဆိုတဲ့ HIV ရောဂါ ပိုးဝင်ပြီး အချိန်ကာလ တစ်ခုမှာ
AIDS အဆင့်ဖြစ်ကာနီး ခုခံအားတွေကျနေချိန်မှာ CD 4 အရေအတွက်
ကျဆင်းချိန်မှာ ခုခံအားစနစ်ပြန်လည် ကောင်းလာဖို့၊ HIV ပိုးတွေရဲ့ တိုးပွား
နှုန်းကို ထိန်းပေးတဲ့ ဆေးပေးကုသမှုကို အတိုကောက်ခေါ်တဲ့ အခေါ်အဝေါ်ပါ။ HIV ရောဂါပိုး
ကူးစက်ခံရပြီဆိုတာနဲ့ အတော်အတန် ဗဟုသုတရှိထားတဲ့သူ တိုင်း ART ဆေးသောက်ဖို့
ကြိုးစား တတ်ကြတာပါ။

 

အမှန်တကယ်က
ရောဂါပိုးကူး စက်ခံရပြီဆိုတာနဲ့ သောက်ဖို့လိုအပ် တာမျိုးမဟုတ်ပါဘူး။ ဆေးတွေက
ပြင်းလည်းပြင်း၊ ဈေးလည်းကြီး၊ ပိုးကို အသေသတ် မျိုးဖြုတ်နိုင်တာမဟုတ် ဘဲ
မျိုးထပ်မပွားအောင် ထိန်းပေးတာ မျိုးပဲဖြစ်လို့ စသောက်မိရင် အသက် ရှင်နေသမျှ
တစ်သက်လုံး ဆက် သောက်နေရမှာမို့၊ ဆက်မသောက်ဘဲ ရပ်လိုက်ရင်လည်း ပိုးကဆေးယဉ်သွား
ပြီး ဆေးမတိုးဖြစ်သွားနိုင်တာမို့ ဆေး ကို ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့
တွေ့ဆုံအကြံတောင်း၊ ဆုံးဖြတ်ပြီးမှ သောက်သင့်တာပါ။

 

ဒီကနေ့
ကျွန်တော်တို့တိုင်းပြည်မှာ ပိုးရှိပြီး အသက်ရှင်နေသူပေါင်း ၂၃၈၀၀၀ ရှိတဲ့အနက်
ဆေးသောက်ဖို့ လိုအပ်တဲ့အခြေအနေ ရောက်နေသူ ၇၄၀၀၀ ဦးရှိတယ်လို့ UNGASS Country
Progress Report  Myanmar က ထုတ်ပြန်တဲ့ ကိန်း ဂဏန်းတွေအရ သိရပါတယ်။ ဒီအထဲ
ကမှ ဆေးတကယ်ရနေတဲ့သူက ၂၁၁၃၈ ဦးပဲ ရှိပါတယ်။ National Stratetic Plan,2009 အရ ဆေး
သောက်သင့်လျက်နဲ့ ဆေးမရလို့၊ မတတ်နိုင်လို့ မသောက်ရတဲ့သူ ၅၃၀၀၀ ဦး
နီးပါးရှိပါတယ်။ တစ်ခါက ဆွေးနွေးပွဲတစ်ခုမှ ဆွေးနွေးချက်တစ်ခုကို ပြန်သတိရမိ
ပါတယ်။ ဒီကိစ္စတွေမှာ ဘာလို့ဆေး ပေးနေမှာလဲ။ သူ့ဘာသာသူ ပွေရှုပ်လို့ဖြစ်တာ။
မြန်မြန်သေပြီးရော။ သူ့ဆီက တခြားသူကို မကူးရင်ပြီး ရော။

 

ကာကွယ်တဲ့ကိစ္စတွေပဲ
ဦးစား ပေးရင် မရဘူးလားပေါ့။ ဆွေးနွေးသူ တစ်ဦးရဲ့ အမြင်ပါ။ ဒီကိစ္စမျိုးမှာ
ခွဲခြားနှိမ့်ချဆက်ဆံခြင်းဟာ ရောဂါပြန့်ပွားမှုကို ပိုဖြစ်စေတတ်ပါတယ်။ နောက်ပြီး
ရောဂါကူးစက် ခံရသူတိုင်းဟာ ပွေရှုပ်လို့ဖြစ်တာမဟုတ်ပါဘူး။ ပွေရှုပ်လို့ဖြစ်တယ်ပဲထား။
ဘယ်လိုရောဂါရခဲ့တယ် ဆိုတာထက်၊ ဘယ်လိုဆက်ပြီး ရောဂါမပျံ့ အောင် နေရမယ်ဆိုတာက
ပိုအရေး ကြီးတာပါ။ နောက်ပြီး ရောဂါကူးစက်မှု တားဆီးကာကွယ်ရေးမှာ PEER လို့ခေါ်တဲ့
ဘ၀တူချင်း၊ ပိုးရှိသူချင်း ကူညီ စောင့်ရှောက်မှုဟာ တခြားဘာနဲ့မျှ
အစားထိုးမရတဲ့ကိစ္စပါ။ ပိုပြီးထိရောက် အကျိုးရှိ စေပါတယ်။

 

ဒီလို
လုပ်နိုင်ဖို့ ပိုးရှိပေမယ့် ကျန်းကျန်း မာမာအသက်ဆက်ရှင်နေ ဖို့ကိစ်္စမှာ ART ဆေးကိစ္စဟာ အရေးကြီး လာပါတယ်။ ဒီကိစ္စကိုသိပြီး စေတနာသဒ္ဓါတရားပေါက်တဲ့ သူတွေလည်းရှိပါတယ်။
တတ်နိုင်သလောက် ကူညီချင်ကြ ပါတယ်။ ခက်တာက ART ကိစ္စက ကျားမြီးဆွဲရတာမျိုးပါ။ တစ်ခါ စပေးမိရင်
သေတစ်ပန် သက်တဆုံးပေးနေ ရမှာမို့၊ နောက်ပြီး ပေးနေတုန်းမှာ လည်း CD 4
အရေ အတွက် ပြန်စစ်တာမျိုးလို တန်ဖိုးကြီးစစ်ဆေးမှုတွေ လုပ်စရာ လိုတာကြောင့် စေတနာ
ပါပေမယ့် လက်မပါရဲကြ ဖြစ်နေတတ်တာကို တွေ့ရပါတယ်။ တစ်လကို ကျပ် ၂၅၀၀၀ ကနေ ၄၀၀၀၀
လောက် ကုန်မယ်။ တစ်နှစ်ဆို ၃- ၄ သိန်း ကုန်မယ်။ ၁၀ နှစ်ဆို သိန်း ၃၀-၄၀။ တော်ရုံအလှူရှင်
မလှူနိုင် ပါဘူး။

 

ကိုယ့်စီးပွားရေးက
နောက် နှစ်မှာ၊ နောက် ၁၀ နှစ်မှာ ဘယ်အခြေအနေရှိမယ်မှန်း မသိတော့ ပိုဆိုး တာပေါ့။
တခြားတစ်ဖက်က ကြည့်ရင်တော့ ရင်နာစရာပါ။ ရောဂါမတိုးအောင် ထိန်းပေးနိုင်တဲ့ ဆေးလည်းရှိတယ်။
ဝေဒနာ ခံစားနေရတဲ့သူလည်း ရှိတယ်။ ကုသပေးမယ့် ဆရာဝန်လည်း ရှိတယ်။ ဒါပေမယ့်
“တစ်သက်စာ” အလှူရှင်တွေမရှိလို့ ဆေးမသောက်ရတဲ့အဖြစ်က ရင်နာစရာပါ။ အလှူရှင်
ဘက်ကကြည့်တော့လည်း တစ်သက်စာ လှူရမှာ ဆိုတော့ တော်ရုံအလှူရှင် လက်တွန့်တာပေါ့လေ။
ဒီနေရာမှာ စဉ်းစားလို့ရတာ လေးတစ်ခု တင်ပြချင်လို့ပါ။ တစ်ဦး အားနဲ့မရရင် စုပေါင်းအားနဲ့
ရနိုင်တာ ပါ။ တစ်ယောက်ကို တစ်လ ၁၀၀၀ လောက်ထည့်နိုင်တဲ့လူ ၃၀ ရှိရင်
ဝေဒနာရှင်တစ်ယောက်ကို လစဉ်ဆေး ပေးနိုင်တယ်။

 

တစ်လကို
၁၀၀၀ ဆို တော့ လှူရတဲ့လူမှာလည်း တာဝန် မကြီးလောက်ပါဘူး။ ဒါပေမယ့် ဒီလိုမျိုး လူ ၃၀
ရှိတိုင်းမှာ ဝေဒနာရှင် တစ်ဦးကိုရွေးပြီး ဆေးပေးနိုင်မယ်။ လစဉ်ငွေထည့်ရမှာ
အလုပ်ရှုပ်ရင်၊ ကိုယ်တိုင်လည်း တတ်နိုင်ရင် တစ်နှစ်စာ စုပေးထား။ ဝေဒနာရှင် ဦးစားပေး
ရွေးချယ်ဖို့ကိုတော့ သာကေတက တာဝန်ခံဆရာဝန်နဲ့ဆွေးနွေး၊ ဖြစ်နိုင်ရင်
တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ကိုပါ ထောက်ပံ့ချင်တာပေါ့။ ဝေဒနာရှင်တွေဘက်ကလည်း
အလှူရှင်တွေ ရဲ့ စေတနာကို လေးစားတဲ့အနေနဲ့ ကျန်းမာအောင်နေထိုင်မယ်၊ ကိုယ်တိုင်တတ်နိုင်လာရင်၊
အခြားအလှူရှင် ရှိလာရင် ဒီအလှူငွေကို မယူဘဲပြန်လှူမယ်။ ရောဂါတားဆီးရေး၊
ပညာပေးလုပ်ငန်းတွေမှာ ပါဝင်ပြီး ကျေးဇူးဆပ် ပေးမယ်ဆိုရင် ဖြစ်နိုင်မယ် ထင်ပါတယ်။

 

ကိုယ့်ရဲ့
လစဉ်အလှူငွေ ၁၀၀၀ လောက်နဲ့ လူတစ်ယောက်ရဲ့ အသက်၊ သူ့ကိုမှီခိုနေတဲ့ မိသားစုရဲ့ ဘ၀၊
သူဆက်လက်လှုပ်ရှားပေးမယ့် ပညာပေးစည်းရုံးလှုံ့ဆော်မှုတွေက ရလာမယ့် အကျိုးအမြတ်တွေ ကို
ပြန်ရမယ်ဆိုရင် ကျွန်တော်တို့ ဒီကနေ့ကစပြီး စတင် လှုပ်ရှားကြဖို့
တိုက်တွန်းလိုက်ပါတယ်။ ၃၀ ART Foundation တွေ ပေါ်လာနိုင်ပါစေ။ ပျားတစ်ကောင်ချင်း
ရဲ့ လုပ်အားနဲ့ ပျားရည်တွေဖြစ်လာ တာပါ။ နှမ်းတစ်စေ့ချင်းရဲ့ ပါဝင်မှုမရရင်
နှမ်းဆီဆိုတာ ဖြစ်လာမှာမဟုတ်ပါဘူး။ အုတ်တစ်ချပ်၊ သဲတစ်ပွင့်၊ နှမ်း တစ်စေ့စီက
စလိုက်ကြရအောင်ပါ။ မေတ္တာဖြင့်---

 

Estimation
of the number of clients accessig ART in Myanmar 2010
Corrected with new figures from MSF (Switzerland) November 2010

 

Agency

Location

No. Clients accessing ART

National AIDS
Program me

National

1-2,000

AZG (MSF
Holland)

Yangon,
Kachin, Shan

18,000

MSF (Swiss)

Tamantharyi
Division

Approx.2,000(corrected
Nov 2010)

Medicins du
Monde

Yangon,
Kachin

500-1,000

Burnet
Institute partners

Mandalay,
Sagaing, Thaton/ Mon

200-300

AMI

Yangon

500

AFXB

Yangon, Mon
State clients

200-300

International
HIV AIDS Alliance

Yangon

100-200

Union

Mandalay,
Shan (Taunggyi)

Approx 2,000

IOM

Mon State

300

Consortium
(CARE, Save, MSI)

Sagaing
Division (northern), Mon State, Bago Division

 300

Total

 

Approx 26,000

 

ဒေါက်တာဌေးအောင်

 

ရိုးရာလေး - ART ရဖို့ အရေး ဆွေးနွေး ရအောင်





 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top