အေအာတီဆိုသည်မှာ အိတ်ခ်ျအိုင်ဗွီ ( HIV) ပိုးအား ဆေးဝါးများဖြင့်ကုသခြင်း ( Antiretroviral Therapy) ကို ဆိုလိုခြင်းဖြစ်သည်။ အေအာတီဖြင့် ကုသရာတွင် HIV ပိုးကို ထိရောက်သော ဆေးသုံးမျိုးပေါင်းစပ်ပြီး သုံးလေ့ရှိသည်။ ဤကဲ့သို့ ဆေးသုံးမျိုးပေါင်းစပ်ပြီး သုံးစွဲခြင်းမှာ HIV ပိုးသည် အလွယ်တကူ ဆေး ပြီးနိုင်သောကြောင့် ဖြစ်သည် ။ ဆိုလိုသည်မှာ HIV ပိုးသည် အလွယ်တကူ ဆေးမတိုးသော ပိုးဖြစ်သွားနိုင် သည်။ ဆေးသုံး မျိုးပေါင်းစပ်ပြီးသုံးမှသာလျှင် HIV ပိုးအား တပြိုင်နက် ဖိနှိပ် ဖျက်ဆီးနိုင်မည်ဖြစ်သည်။
HIV ပိုးအား အေအာတီ ဆေးများဖြင့် ကုသရာတွင် HIV ပိုးမှာ သွေးထဲတွင် အရေအတွက် သိန်းဂဏန်း ၊ သန်းဂဏန်းမှ အကောင်ရေ တိုင်းတာ၍ မရအောင် နည်းသွားနိုင်သည် ။ သို့သော်လည်း HIV ပိုးမှာ ကိုယ်ခန္ဓာမှ လုံးဝ ပျောက်ကင်းသွားခြင်းမရှိ။ ပိုးအနည်းငယ်မှာ ကိုယ်ခန္ဓာအတွင်း တစ်နေရာတွင် ပုန်းလျှို၍ ခိုအောင်းလေ့ရှိသည်။ ထို့ကြောင့် အေအာတီဆေးများကို သုံးစွဲရာတွင် ရပ်တန့်၍ မရပါ။ ဆေးဝါးများ ရပ်တန့်လိုက်သည်နှင့် ပုန်းလျှိုနေသော HIV ပိုးများမှာ လျှင်မြန်စွာ ပြန်လည်ပွားများလာမည်ဖြစ်ပြီး အချိန်တန်လျှင် ရောဂါလက္ခဏာများ ပြန်လည်ပေါ်ပေါက်နိုင်သည်။
အေအာတီဆေးများဖြင့် ကုသပြီး HIV ပိုးမှ ကိုယ်ခန္ဓာအတွင်းတွင် သိသိသာသာ လျော့နည်းလာသည်နှင့်အမျှ ကိုယ်ခန္ဓာ၏ ခုခံစွမ်းအားမှာ ပြန်လည်ကောင်းမွန်လာပြီး ဆက်လက်နေထိုင်ကောင်းသွားမည် ဖြစ်သည်။ HIV ပိုးမှာ ခန္ဓာကိုယ်အတွင်း သိသိသာသာလျော့နည်းသွားသော်လည်း ပိုးကောင်ရေ အနည်းငယ် ကျန်နေ၍ လည်းကောင်း၊ HIV ပိုးမှာ လွယ်လင့်တကူဆေးမတိုးသည့်ပိုးသို့ ကူးပြောင်းနိုင်၍ တကြောင်း ART ဆေးများကို စသောက်ပြီဆိုပါက အမြဲတမ်း ဆက်လက်သောက်သွားရန်လိုအပ်သည်။
ဆေးကို အချိန်မှန်မှန်သောက်ရန်လိုအပ်သည်။ ဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း အလုံးရေ အတိအကျသောက် ရန်လိုသည်။ ဆရာဝန်မညွှန်ကြားပဲနှင့် ဆေးမရပ်ရ၊ ဆေး မဖြတ်ရ၊ ဆေးသောက်ရန် မမေ့ပါနှင့်။ ဆေးအပိုအမြဲဆောင်ထားပါ။ ဆေးပြတ်ပြီးမှ မ၀ယ်ပါနှင့်။ မှတ်ပုံတင်ပြီး တရားဝင် တင်သွင်းထားသော အေအာတီဆေးများကိုသာသုံးပါ။ နေကောင်းနေသော်လည်း ဆရာဝန်ချိန်းသည့်အတိုင်း မှန်မှန်ပြပါ။ ဆေး၏ ဘေးထွက်ဆိုးကျိုးများရှိမရှိ ဆေးထိရောက်မှု ရှိမရှိကို ဆရာဝန်မှ ရံဖန်ရံခါ စစ်ဆေးကြည့်ရန် လိုအပ်ပါသည်။ လိုအပ်ပါက ဆရာဝန်က အချိန်မီ ဆေးပြောင်းပေးပါလိမ့်မည်။
အေအာတီဆေးများကို ဆရာဝန်ညွှန်ကြားမှုမရှိပဲ မသောက်ပါနှင့်။ အေအာတီဆေးများကို ခုခံစွမ်းအားအတိုင်းအတာတစ်ခုထိ ပျက်စီးမှသာ စတင်တိုက်လေ့ရှိသည်။ ဆရာဝန်မှ ဆုံးဖြတ်ပေးလိမ့်မည်။ ရောဂါ လက္ခဏာများ ပေါ်ပေါက်နေသူများတွင် ရောဂါလက္ခဏာကို ဖြစ်ပေါ်စေသော အခြားရောဂါပိုးများကို စတင်ကုသပြီးမှ အေအာတီဆေးများကို စတိုက်လေ့ရှိသည်။
အေအာတီဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း စနစ်တကျ စွဲသောက်သွား မည်ဆိုပါက နေကောင်းနေ ပြီး ပုံမှန် သက်တမ်းစေ့ နေနိုင်သွားမည်ဖြစ်ပါသည်။
အေအာတီဆေးတွေကို အဓိကအားဖြင့် ၄ မျိုးခွဲထားနိုင်ပါတယ် ။ အဲဒါတွေကတော့
၁ ။ NRTI ( Nucleoside Reverse Transcriptase Inhibitors ) - Nucleoside Reverse Transcriptase အင်ဇိုင်း အား ပိတ်ဆို့သော ဆေးဝါးများ
၂ ။ NNRTI (Non-Nucleoside Reverse Transcriptase Inhibitors ) - Nucleoside မဟုတ်သော Reverse Transcriptase အင်ဇိုင်းအား ပိတ်ဆို့သော ဆေးဝါးများ
၃ ။ PI ( Protease Inhibitors) - Protease အင်ဇိုင်းအား ပိတ်ဆို့သော ဆေးဝါးများ
၎ ။ Fixed dose combinations - ဆေးအချိန်အဆအား fixed လုပ်ထားသော ပေါင်းစပ်ဆေးဝါးများ စသည် တို့ဖြစ်ပါတယ် ။
၁ ။ NRTI ( Nucleoside Reverse Transcriptase Inhibitors )
Zidovudine
Lamivudine
Stavudine
Emtricitabine
Didanosine
Tenofovir
Abacavir စသည်တို့ဖြစ်ကြပါတယ် ။
၂ ။ NNRTI (Non-Nucleoside Reverse Transcriptase Inhibitors )
Zevirapine
Efavirenz စသည်တို့ဖြစ်ကြပါတယ် ။
၃ ။ PI ( Protease Inhibitors) - Protease အင်ဇိုင်းအား ပိတ်ဆို့သော ဆေးဝါးများ
Indinavir
Nelfinavir
Saquinavir
Ritonavir
Lopinavir + Ritonavir
Atazanavir စသည်တို့ဖြစ်ကြပါတယ် ။
၎ ။ Fixed dose combinations
Lamivudine 150mg + Zidovudine 300mg
Lamivudine 150mg + Stavudine 30/40mg
Lamivudine 150mg + Stavudine 30/40mg + Nevirapine 200mg
Lamivudine 150mg + Zidovudine 300mg + Nevirapine 200mg
စင်္ကာပူရောက် မြန်မာများ - ART အကြောင်းသိကောင်းစရာ (အပိုင်း ၁)




