အေအာတီကုသမှု ဆိုတာ
ခန္ဓာကိုယ်မှာရှိတဲ့ HIV ပိုးတွေ ပွားများလာခြင်းကို ထိန်းချုပ်ထားနိုင်တဲ့ အတွက် ကိုယ်ခံစွမ်းအား
စနစ်ကို ပြန်လည်ဖြည့်ဆည်း ပေးနိုင်တဲ့ ကုသမှု ဖြစ်ပါတယ်။
အေအာတီဆေးကို
ရောဂါဖြစ်ပွားမှု အခြေအနေအရ HIV ကူးစက်ခံရပြီး နောက်ပိုင်း ကိုယ်ခံစွမ်းအား (CDY) အရေအတွက်
၂၀၀ အောက် ကျဆင်းလာတဲ့သူများ ခုခံအားကျဆင်းမှု ကူးစက်ရောဂါကြောင့် ကျန်းမာရေး အခြေအနေ
ချို့ယွင်းလာပြီး ရောဂါလက္ခဏာများ ပြင်းပြင်းထန်ထန် ခံစားနေတဲ့ သူများ သောက်သုံးသင့်ပါတယ်။
အေအာတီဆေး
သောက်တဲ့ သူတွေအနေနဲ့ အေအာတီဆေးများဟာ သွေးထဲမှာ ၁၂ နာရီသာ အာနိသင်ရှိတဲ့ အတွက် ၁၂
နာရီခြားတစ်ခါ နေ့စဉ် မှန်မှန် သောက်ရပါမယ်။ အေအာတီဆေးဟာ HIV ကို မသတ်နိုင်တဲ့အတွက်
ဆေးသောက်တာ ရပ်လိုက်ရင် HIV ပိုး တွေပြန်ပြီး ပွားများလာစေနိုင်တဲ့အတွက် ဆေးကို ရေရှည်
(တစ်သက်လုံး) သောက်ရန် လိုအပ်ပါတယ်။
အေအာတီကုထုံးရဲ့
ကောင်းကျိုး ရလဒ်တွေကတော့ ကိုယ်ခံစွမ်းအား စနစ်ပြန်ကောင်းလာတဲ့ အတွက် ယခင်အတိုင်း ကျန်းမာလာခြင်း၊
ကျန်းမာလာတဲ့အတွက် အလုပ်ပြန်လုပ်နိုင်ပြီး မိသားစုများကိုလည်း ပြန်လည် ကူညီထောက်ပံ့
ပေးနိုင်ခြင်း၊ ကလေးတွေဆိုရင်လည်း သာမန်အတိုင်း ပြန်လည် ကျန်းမာလာနိုင်ပါတယ်။
အေအာတီ
ဆေးသောက်တဲ့ သူတွေအနေနဲ့ ပုံမှန်စွဲသောက်ရင် ဆေးအာနိသင် ထိရောက်မှု မရှိတော့ဘဲ HIV ပိုးတွေဟာ
အေအာတီဆေးကို ယဉ်ပါသွားပြီး ဆေးမတိုးတော့ပါဘူး။ အဲဒါဆိုရင် HIV ပိုးတွေ ပြန့်ပွားလာပြီး
ကိုယ်ခံ စွမ်းအားတွေပြန်လည် ကျဆင်းလာပါလိမ့်မယ်။ အစပိုင်းမှာ မသိသာပေမယ့် အချိန်တိုတွင်းမှာ
ကျန်မာရေး ကျဆင်းလာပြီး နောက်ဆုံးမှာ အသက်ဆုံးရှုံး နိုင်ပါတယ်။ ဆေးယဉ်နေတဲ့ HIV ပိုးများဟာ
သင့်ဆီက နေတခြား သူတွေကို ကူးစက်သွားနိုင်ပြီး သူတို့လည်း သင့်လိုဘဲ ခံစားရပါလိမ့်မယ်။
အေအာတီဆေးကို
ပုံမှန်ရေရှည် အမြဲသောက်နေပေမယ့်လည်း သင့်မှာ HIV ပိုးရှိနေတုန်း ဖြစ်တဲ့အတွက် HIV
ကူးစက်နိုင်ပေမယ့် အန္တရာယ်ရှိတဲ့ အပြုအမူမျိုးကို မပြုလုပ်သင့်ပါဘူး။
လဲ့လဲ့သင်း
True: News - အတွဲ
၂၊ အမှတ် ၄၀၊ ၁ ဇွန် ၂၀၁၀ (စာမျက်နှာ ၂၉)




