9
Sep

ART ဆေးဘယ်လို ယူမလဲ

HIV/AIDS
ရောဂါဝေဒနာ ခံစားနေရသော ဝေဒနာရှင်များအား မြောက်ဥက္ကလာပ မြို့နယ်ရှိ ဝေဘာဂီ အထူးကုဆေးရုံကြီး၏
ပြင်ပလူနာဌာနတွင် ART ဆေး ထုတ်ပေးလျက်ရှိသည်။ ဝေဘာဂီ ဆေးရုံကြီးသို့ ပြင်ပမှ လာရောက်ပြသသော
HIV/AIDS ဝေဒနာအသစ်များ အနေဖြင့် ရှေးဦးစွာ ဆေးရုံစာအုပ် ပြုလုပ်ရသည်။ ART ဆေးစားရန်
လိုအပ်ပါက ဆေးရုံရှိ ဆရာဝန်များ၏ ညွှန်ကြားချက်ဖြင့် ဝေဘာဂီ ဆေးရုံကြီး၏ ပြင်ပလူနာဌာနတွင်
ART ဆေးအခမဲ့ ထုတ်ယူနိုင်သည်။

သွေးစစ်လိုသော
လူနာများအား ဝေဘာဂီဆေးရုံကြီး၏ သွေးစစ်ဌာနတွင် နံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီအထိ
စစ်ဆေးပေးလျက်ရှိပြီး ART ဆေးထုတ်ယူမည့် ဝေဒနာရှင်များ အတွက်လည်း ဝေဘာဂီဆေးရုံကြီး၏
ပြင်ပလူနာဌာနတွင် နံနက် (၁၀) နာရီမှ စတင်၍ ART ဆေးများ ထုတ်ပေးလျက် ရှိသည်။

ဝေဘာဂီ
အထူးကုဆေးရုံ - မထသ (၄၃) အထူးမထသ (၄၃) အောင်မင်္ဂလာ အဝေးပြေးနှင့် ရွှေပေါ့ကံ္ကကားပါရမီ
(၁၈၃) (၁၅၉) ကားလတ်၊ (၁၂၁) ကားလတ် (၁၂၃) ကားလတ် (၄၃) ကားလတ်များစီး၍ ခြောက်ကွေ့မှတ်တိုင်ဆင်းပါ။
(၁၅၇) အထူးယာဉ်ကြီးနှင့် (၁၂၈) ကားလတ်စီးလျှင် ဆေးရုံမှတ်တိုင်ဆင်းပါ။

HIV
မေးခွန်းများကို မေးလိုလျှင် True News ဂျာနယ်တိုက်၊ အမှတ် ၂၃၊ ဗိုလ်တထောင်လမ်းသွယ်
(၁)၊ ဗိုလ်တထောင်မြို့နယ်၊ ဖုန်း - ၃၉၇၆၇၄၊ ၃၉၉၈၉၁ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အေးအေးဇင်


သြဂုတ်၊ ၂၀၁၀ (အတွဲ ၂၊ အမှတ် ၄၉) (စာမျက်နှာ ၂၉)

True News
- ART ဆေးဘယ်လို ယူမလဲ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top