22
Dec

ART ဆေးဝေငှသည့်နေရာများ ၀န်ဆောင်မှု အားနည်းချက်ကြောင့် ဆေးထုတ် ယူသူများ အခက်ကြုံ

မြန်မာနိုင်ငံမှာ အေအာတီဆေး ဝေငှတဲ့နေရာတွေရဲ့ ၀န်ဆောင်မှု အားနည်းချက်တွေကြောင့် ဆေးလာရောက်ထုတ်ယူသူတွေ အတွက် အခက်အခဲ ကြုံရတယ်လို့ အမျိုးသား အေအိုင်ဒီအက်စ် ကာကွယ်ရေး စီမံချက်က ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အေအာတီဆေး လိုအပ်နေသူတွေရဲ့ (၇၀) ရာခိုင်နှုန်း နီးပါးအထိ အေအာတီ ဆေးရရှိခြင်း မရှိပေမယ့် ဆေးထုတ်ပေးတဲ့နေရာတွေမှာ စေတနာ့ဝန်ထမ်း အင်အားနည်းပါးခြင်း အပါအ၀င် ၀န်ဆောင်မှုအရည်အသွေး နိမ့်ကျခြင်းတို့ကြောင့် ဆေးထုတ်ယူခွင့် ရရှိထားသူတွေတောင် ဆေးလာရောက်ထုတ်ယူဖို့ အဟန့်အတားဖြစ်နေတယ်လို့ အမျိုးသားအေအိုင်ဒီအက်စ် ကာကွယ်ရေး စီမံချက်ရဲ့ ထုတ်ပြန်ချက်အတွင်းမှာ ဖော်ပြထားပါတယ်။

ဒီအခြေအနေ ကြုံနေရတာဟာ စေတနာ့ဝန်ထမ်းတွေအတွက် ထောက်ပံ့ငွေကြေး နည်းပါးပြီး လုပ်ငန်းတာဝန် များပြားတဲ့အတွက် စေတနာ့ဝန်ထမ်းတွေရဲ့ လုပ်အားကို အပြည့်အ၀မရသလို နည်းပညာပိုင်း အားနည်းချက်တွေကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ချက်အတွင်းမှာ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာကိုတော့ အမျိုးသား အေအိုင်ဒီအက်စ် ကာကွယ်ရေး စီမံချက်က ဦးဆောင်ပြီး မြန်မာနိုင်ငံ HIV နှင့် နေထိုင်သူများ အသင်းနဲ့ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) က ကျွမ်းကျင်သူတွေ ပါဝင်သုတေသနပြုလုပ် ရေးသားခဲ့တာ ဖြစ်ပါတယ်။

MRTV-4 - ART ဆေးဝေငှသည့်နေရာများ ၀န်ဆောင်မှု အားနည်းချက်ကြောင့် ဆေးထုတ်ယူသူများ အခက်ကြုံ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top