25
Jun

ART ဆေး သောက်ချိန် နောက်ကျသွားလို့ (အမေးအဖြေ)

မေး။    ။ ကျွန်တော် ART ဆေးသောက်ချိန်က နံနက် (၇း၃၀) ပါ။ အိပ်ပျော် သွားတာနဲ့ ဆေးသောက်ချိန် (၁း၀၀) နာရီလောက် နောက်ကျ သွားပါတယ်။ ဒါပထမဆုံး အကြိမ် အချိန် အကြာကြီး နောက်ကျခဲ့တာပါ။ ကျွန်တော် စိတ်ပူနေမိလို့ပါ။ ဘေးထွက် ဆိုးကျိုးနဲ့ ဆေးယဉ်ပါးမှုကရော ချက်ချင်း ဖြစ်နိုင်ပါလား။

ဖြေ။    ။ ဟုတ်ကဲ့ ART ဆေးကို နောက်ကျမှ သောက်ရင် ဆေးအာနိသင်အတွက် စိုးရိမ်ရပါတယ်။ အခုက မနက်တစ်ပိုင်းနောက်ကျပြီး နေ့ခင်းမှာ ပြန်သောက်တဲ့ အတွက် အထူးစိုးရိမ်စရာ မလိုပါဘူး။ တတ်နိုင်သလောက် အချိန်မှန်မှန် သောက်စေ ချင်ပါတယ်။ အချိန်မှန်မှန်သောက်ရင် ဆေးအာနိသင်က ကိုယ်ထဲမှာ ပုံမှန် ရှိနေတော ပိုးတွေ မျိုးပွားတာကို တားဆီးပေးပါတယ်။ တစ်မနက်ပဲ နောက်ကျတဲ့ အတွက် ဘေးထွက် ဆိုးကျိုးနဲ့ ဆေး ယဉ်ပါးမှု မဖြစ်နိုင်ပါဘူး။

ဘေးထွက်ဆိုးကျိုးက ဆေးနဲ့ မတည့်ရင် ဖြစ်တာပါ။ ဆေးယဉ်ပါးတာက ဆေးကို တစ်ပတ်သောက်လိုက် ကြားထဲမှာ မသောက်ပဲနေလိုက်။ နောက် တစ်ပတ် ပြန်သောက်လိုက် ပြန်ဖြတ်ထားလိုက် လုပ်ရင် ဖြစ်တတ်ပါတယ်။ မိတ်ဆွေက အခု ပုံမှန် သောက်နေတဲ့ အတွက် ဆေးယဉ်ပါးမှု အတွက် စိတ်မပူပါနဲ့။ ဘေးထွက် ဆိုးကျိုးကတော့ ဆေးသောက်ပြီး နှစ်အတော်ကြာမှ သိရပါတယ်။ ဆေးနဲ့ မတည့်ရင်တော့ ၇က်ပိုင်း အတွင်း သိသာပါတယ်။

ဆေးကို ပုံမှန်လေး ဆက်သောက်ပါလို့ တိုက်တွန်းပါရစေ။
လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top