6
Apr

ART ဆေး သောက်သင့်ပြီလား...

မေး။    ။ ကျွန်တော်တို့ လင်မယား သဇင်ဆေးခန်းမှာ ပြတာ တစ်နှစ်လောက် ရှိနေပါပြီ ကျွန်တော်ရဲ CD4 က ၃၉၉ ကျွန်တော့်ရဲ့ မိန်းမ CD4 က ၈၀၀ ရှိပါတယ် ဆရာ။ ကျွန်တော်တို့ လင်မယား အသက်က အခုမှ (၂၅) ကျော်ပဲ ရှိသေးတယ် ဆရာ။ ကျွန်တော်တို့ကို ART ဆေး မပေးသေးဘူး ဆရာ ကျွန်တော်အနေနဲ့ Company ၀န်ထမ်း တစ်ဦးဖြစ်ပါတယ်။ ကျွန်တော့်ရဲ့လစာ တစ်လကို ၁ သိန်း ခွဲလောက် ရတယ် ဆရာ။  အခု အချိန်မှာ ကျွန်တော်လေ အမြဲတမ်း လိုလို နှုံးချည့်နေတယ် ဆရာ။ ဘာလက္ခဏာမှ မပြသေးဘူးဆရာ။

ကျွန်တော် ဆေးခန်းက ဆေးပေးတာကို စောင့်နေရင်းနဲ့ လဲသွားမှာကြောက်တယ် ဆရာ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် အခုအချိန်မှာ လုပ်နိုင် ကိုင်နိုင်သေးတယ် ဆရာ။ ကျွန်တော် အလုပ်လုပ်နိုင်ရင် မိသားစုကိုလည်း ရှာကျွေးနိုင်တယ်၊  ဆေးဝယ် သောက်နိုင်တယ် ဆရာ။  ART ဆေးကို ဆေးခန်းက ရောဂါ အရမ်းဆိုးဝါးမှ တိုက်တာဆိုရင် မဖြစ်ဘူးဆရာ။ အဲ့ဒါဆိုရင် ကျွန်တော်လည်း အလုပ်အကိုက်ပြတ်ပြီး ဘ၀က ဒီထက် ဆိုးသွားနိုင်တယ်လို့ ထင်တယ် ဆရာ။ ကျွန်တော်ကို အကြံဥာဏ်လေး ကူညီးပြီး ပေးပါအုံး ဆရာရယ်။

ဖြေ။    ။ HIV ပိုးရှိသူတွေကို ARTဆေးပေးတဲ့ အခါမှာ ဆရာဝန်တွေ အနေနဲ့ Viral Load (အိတ်ခ်ျအိုင်ဗွီ ပိုးအရေအတွက်) နဲ့ CD4 count (စီဒီပိုးအရေအတွက်) စတာတွေကို ကြည့်ပြီးမှ ပေးလေ့ရှိပါတယ်။ အခု ပြောပုံ အရ စီဒီဖိုးက ကောင်းနေတော့ ဆရာဝန်က ဆေးမပေးတာလည်း ဖြစ်နိုင်ပါတယ်။

ပိုးရှိတဲ့ သူတွေမှာ ဒီဆေးသောက်ရမှ အသက်ရှင်မှာ မဟုတ်ပါဘူး။ ပိုးရှိတဲ့ သူတွေ အနေနဲ့ မိမိကိုယ်ကို စနစ်တကျ ဂရုစိုက်ရင် (အနေအထိုင်၊ အစားအသောက်၊ အစစ အရာရာ) ဆေးမသောက်ပဲ နှစ် ၂၀ ကျော် နေနိုင်တဲ့ သာဓကတွေ ရှိပါတယ်။ အခုနွေရာသီဖြစ်လို့ နုံးခွေတာ မျိုးဖြစ်နိုင်သလို အလုပ်ကြောင့် ပင်ပန်းတာလဲ ဖြစ်နိုင်ပါတယ်။

ကျနော့် အနေနဲ့ ART ဆေးသောက်ဖို့ကို စိတ်မလောစေချင် ပါဘူး။ ဘာလို့လဲ ဆိုတော့ ဒီဆေးက စသောက်ပြီးရင် တစ်သက်လုံး မပြတ်တမ်းသောက် ရမှာပါ။ ဆေးမှာ ဘေးထွက် ဆိုးကျိုးတွေလည်း များပါတယ်။ အထူးသဖြင့် အသည်း၊ ကျောက်ကပ်နဲ့ အာရုံကြောကို ထိခိုက်ပါတယ်။ အခုလို အလုပ် လုပ်နိုင်တုန်းမှာ ဆေး စသောက်ရင် မလိုအပ်ပဲ အပိုငွေ ကုန်မှာလည်း စိုးရိမ်ပါတယ်။ အပြင်မှာ ဆေးဝယ်သောက် ရင်တော့ ငွေပိုကုန်ပါတယ်။ နှစ်နဲ့ချီပြီး သောက်ရမှာဖြစ်တဲ့ အတွက် အန်ဂျီအိုက ဆေးရရင်တော့ ကိုယ့်အတွက် ၀န်ပေါ့နိုင်ပါတယ်။

ဒီတော့ အလုပ် ဆက်လုပ်ချင်တဲ့ ဆန္ဒရော နုံးခွေတာတွေကိုပါ သံသယ ရှင်းသွားအောင် ဆရာဝန်နဲ့ ပြန်ပြစေချင်ပါတယ်။ သဇင်ဆေးခန်းမှာ ဖြစ်စေ၊ အပြင်က အထူးကု ဆေးခန်းတွေ မှာဖြစ်စေ ပြလို့ရပါတယ်။ ဆရာဝန်က Viral Load နဲ့ CD4 ပြန်စစ်ခိုင်းနိုင် ပါတယ်။ သူက ဒါတွေစစ်လို့ ART ဆေးသောက်ဖို့ လိုတယ်ဆိုရင် ညွန်းပါလိမ့်မယ်။

လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top