Weekly Eleven No – 46 / Vol – 12 (29/08/2007)
သုခရိပ်မြုံရှိ ကလေးငယ်များကို သီးသန်
့ဆောင်များဖြင့် ထားရှိစောင့်ရှောက်သွားရန် အစီအစဉ်ရှိကြောင်း သုခရိပ်မြုံရှိဆရာမ
ဒေါ်သန်းမြင့်အောင်က ပြောကြားခဲ့သည်။
သုခရိပ်မြုံတွင် ယခုလက်ရှိယေင်္ကျားလေး (၇) ဦးနှင့်
မိန်းကလေးခြောက်ဦး ရှိပြီး အသက်အားဖြင့် (၂) နှစ်မှ (၁၂) နှစ်ထိရှိကြောင်း
သိရသည်။ “ဒီမှာ ကလေးတွေ တဖြည်းဖြည်းနဲ့  အသက်ကြီးလာမှာဆိုတော့ ကလေးတွေကို ယေင်္ကျားလေးသီးသန်
့ဆောင်နဲ့ ၊ မိန်းကလေး သီးသန့် ဆောင်ဆောက်လုပ်ပေးနိုင်ဖို့ 
ငွေကြေးမလုံလောက်သေးတော့ အကောင်အထည် မဖေါ်နိုင်သေးပါဘူး။ကလေး တွေ မှာအခြေအနေ
ဆိုးဝါးစွာခံစားနေရတဲ့ ကလေးတွေကတော့ မပါကြပါဘူး။ ARV ဆေးသောက်နေရတဲ့ ကလေးတွေတော့
ရှိကြပါတယ်၊ ကလေးတွေရဲ့ ကျန်းမာရေးကို ရွှေဗဟို အထူးကုဆေးရုံက ဆေးရုံအုပ်ကြီးရဲ့
အစီအစဉ်နဲ့  ဆရာဝန်တွေက လိုအပ်သလို အချိန်မရွေး လာရောက်ကုသ ပေးပါတယ်။” ဟုယင်းက
ဆက်လက်ရှင်းပြပါသည်။
ကလေးများ၏ပညာရေးကို စေတနာ့ဝန်ထမ်းဆရာများက နေ့ စဉ်အလှည့်ကျသင်ကြားပေးလျက်ရှိပြီး
ဝိသာခါသီလရှင်ကျောင်းတွင် ကျောင်းအပ်ကာ စာမေးပွဲဖြေစေကြောင်းသိရှိရသည်။ ၂၀၀၄
ခုနှစ်တွင် သန်လျင်တွင်စတင်ဖွင့်လှစ်ခဲ့သော သုခရိပ်မြုံမှာ ယခုအခါ မြောက်ဒဂုံ၊ ၁၁
ရပ်ကွက်၊ တပင်ရွှေထီးလမ်းတွင် ဖွင့်လှစ်ပေးထားကြောင်း သိရှိရသည်။
Weekly Eleven No – 46 Vol – 12 (29/08/2007)




