7
Apr

AZG ၏ ARV ဆေးအခမဲ့ ပေးဝေရေးစီမံကိန်း ကမ္ဘာ့ အကြီးဆုံး စီမံကိန်းတွင်ပါဝင်



နယ်သာလန် အခြေစိုက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့
(AZG)၏ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် HIV/AIDS ရောဂါ သက်သာစေသည့် (ARV)
ဆေးဝါး အခမဲ့ ပေးဝေရေးလုပ်ငန်းမှာ ကမ္ဘာ့အကြီးဆုံး စီမံကိန်း အမျိုးအစားတွင်
ပါဝင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ AZG အဖွဲ့မှ ဒေါက်တာစန်းဦးက The Voice Weekly
သို့ပြောကြားသည်။

 

AZG အဖွဲ့က မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ်အတွက်
HIV/AIDS နှင့်နေထိုင်သူ အရေအတွက် ၆၀၀၀ ထိARV ဆေးပေးရန် သတ်မှတ်ထားရာ ယင်းပမာဏမှာ
အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း NGO တစ်ခု၏
အမြင့်ဆုံးစွမ်းဆောင်နိုင်မှု အနေအထားကို ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့်
ယင်းတို့အဖွဲ့၏ ကမ္ဘာ့အကြီးဆုံး စီမံကိန်း ARVဆေး အခမဲ့ ပေးဝေရေးလုပ်ငန်းများမှာ
အာဖရိက နိုင်ငံများတွင် တည်ရှိနေကြောင်း ယင်းကဆိုသည်။

 

AZG အဖွဲ့သည် မြန်မာနိုင်ငံတွင် ၁၉၉၂
ခုနှစ်မှစတင်၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းစဉ်များ စတင်ဆောင်ရွက်ခဲ့ပြီး
ငှက်ဖျား၊တီဘီနှင့် ခုခံအားကျဆင်းမှုရောဂါ (HIV/AIDS)  များနှင့် စပ်လျင်းသည့် ကုသရေး ဆေးပေးဝေရေး
လုပ်ငန်းများ ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း ယခု ၂၀၀၇ ခုနှစ်အတွင်း
မြန်မာနိုင်ငံတွင် AZG ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်
ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၁၀သန်းအထိ တိုးမြှင့်သတ်မှတ်ရန် ဆောက်ရွက်ရန် ရည်ရွယ်ထားကြောင်း
AZG အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Dr.Frank Smith Thuis က The
Voice Weekly နှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင်ပြောကြားသွားသည်။



The Voice Weekly (May/7/2007)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top