31
Jan

Azithromycin နဲ့ Ofloxacin ပဋိဇီဝဆေးများ

ကျွန်တော် အခုတလော ဆီးကျင်နေပါတယ်။ ဆီးခဏခဏ သွားချင်တာပါ။ သူငယ်ချင်းများကပြောတော့ အမျိုးသမီး အဖြူဆင်းနေချိန်မှာ သွားထိမိရင် ပိုးတမျိုး ဝင်စေနိုင်ပါတယ်တဲ့။ အဲ့ဒီပိုးကြောင့် ဖြစ်တာလို့ ပြောကြပါတယ်။

Urethritis in Men ယောက်ျားတွေ ဆီးအောင့်ရင် အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၂၉) ကို ပို့လိုက်ပါတယ်။

Tue, Jan 31, 2012 at 9:10 AM
"ဆေးညွှန်းထဲမှာ ဆေး ၂ မျိုးပါတယ်။ Azicure (Azithromycin) နဲ့ Oflamac (Ofloxacin 200mg) ဖြစ်တယ်။ ပနယ်စလင် မတည့်သူလဲ သောက်နိုင်တဲ့ ပဋိဇီဝဆေးတွေ ဖြစ်ပါတယ်။" ဆရာ ညွှန်းထားတဲ့ဆေးကို ဝယ်သောက်ရင် အဆင်ပြေနိုင်ပါ့မလားဆရာ။

Azithromycin (အဇစ်သရိုမိုင်စင်)
(ဗက်တီးရီးယား) တွေကိုနိုင်တဲ့ Macrolides (မက်ခရိုလွိုက်) အုပ်စုဝင် ပဋိဇီဝဆေး ဖြစ်တယ်။

• Bronchitis လေပြွန်ရောင်ခြင်း အပါအဝင် Respiratory infections အသက်ရှူလမ်းပိုးဝင်ခြင်းများ၊
• Ear infections နားရောင်ခြင်း၊
• Sinus infections ဆိုင်းနပ်စ်၊
• Pneumonia နူမိုးနီးယား၊
• Throat infections (Tonsillitis/Pharyngitis) အာသီးရောင်၊ လည်ချောင်းနာ၊
• Skin infections (Cellulitis, Folliculitis, Impetigo) အရေပြားအနာအမျိုးမျိုး၊
• Pelvic inflammatory disease (PID) တင်ပါးဆုံတွင်း အင်္ဂါများရောင်ခြင်း၊
• Sexually transmitted diseases (STDs) လိင်ကတဆင့်ကူးစက်ရောဂါများ = Gonorrhea (ဂနိုးရီးယား)၊ Chlamydia (ကလာမိုင်ဒီးယား)၊ Chancroid (ရှန်ကာရွိုက်)။
• ဒီဆေးက မနိုင်တဲ့ရောဂါတွေကတော့ Virus (ဗိုင်းရပ်စ်) ကြောင့်ဖြစ်တဲ့ Flu တုပ်ကွေး၊ Stomach flu အစာအိမ်-တုပ်ကွေး၊ Common cold အအေးမိခြင်းတွေဖြစ်ကြတယ်။

(ဗက်တီးရီးယား) ဝင်တာတွေအတွက် -
• လူကြီးတွေကို 250 mg or 500 mg တနေ့ ၁ ကြိမ်၊ ၃-၄-၅ ရက်သောက်ပါ။ ဆိုးဝါးတဲ့အခြေအနေအတွက် ရက်ပိုပေးမယ်။
• ကလေးတွေကို 5 mg to 20 mg/kg/day တနေ့ ၁ ကြိမ်၊ ၃-၄-၅ ရက်ပေးပါ။

လိင်ကတဆင့်ကူးစက်ရောဂါတွေအတွက် -
• 1-2 gram (1000-2000 mg) တခါတည်း။
• ဆေးကို အစာနဲ့ နီးနီး-ဝေးဝေး ပေးနိုင်တယ်။ ဆေးကြောင့် ပျို့-အန်ချင်သူတွေက အစာနဲ့သောက်ပါ။ ရေဖန်ခွက်တခွက်သောက်ပါ။ နေ့တိုင်း အချိန်တူမှာ သောက်ပါ။ ဆေးသက်တမ်း ကောင်းပါစေ။
• Azithromycin extended-release suspension (Zmax™) အမျိုးအစား ဆေးရည်ဆိုရင် အစာမစားခင် ၂ နာရီကြိုတင် သောက်ထားပါ။

Side Effects ဘေးထွက်-ဆိုးကျိုး
• Nausea ပျို့၊
• Diarrhea ဝမ်းပျက်၊
• Vomiting အန်၊
• Cramping ကြွက်တက်၊
• Abdominal pain ဗိုက်အောင့်၊
• Headache ခေါင်းကိုက်။

Azithromycin ဆိုတာ Generic ဆေးနာမည်ရင်းဖြစ်တယ်။ ဆေးကုမ္ပဏီတွေက နာမည်တွေပေးထားတယ်။ Zithromax®, Zithromax® TRI-PAK™, Zithromax® Z-PAK®, Zmax™ စတာတွေဖြစ်တယ်။
- Azithromycin 250 mg tablets
- Azithromycin 500 mg tablets
- Azithromycin 100 mg/5 mL liquid
- Azithromycin 200 mg/5 mL liquid
- Zmax™ 2 gm/60 mL

Ofloxacin (အိုဖလောက်ဆာစင်)
• Ofloxacin ကလည်း Generic ဆေးနာမည်ရင်းဖြစ်တယ်။ ဆေးကုမ္ပဏီတွေက နာမည်တွေပေးထားတယ်။ ဥပမာ Floxin
• ပဋိဇီဝဆေး၊ (ဗက်တီးရီးယား) တွေကိုနိုင်တယ်။
• Tablets ဆေးပြား 200mg, 300mg, 400mg နဲ့လာတယ်။
• Haemophilus influenzae နဲ့ Streptococcus pneumoniae ပိုးတွေကြောင့်ဖြစ်တဲ့ Pneumonia နူမိုးနီးယား နဲ့ Bronchitis လေပြွန်ရောင်တာကို အများဆုံးသုံးတယ်။
• Staphylococcus aureus နဲ့ Streptococcus pyogenes ပိုးတွေကြောင့်ဖြစ်တဲ့ Skin infections အရေပြားနာတွေ အတွက်လဲ သုံးတယ်။
• STDs လိင်ကတဆင့် ကူးစက်ရောဂါများတွေဖြစ်တဲ့ Gonorrhea (ဂနိုးရီးယား) နဲ့ Chlamydia (ကလာမိုင်ဒီးယား) အတွက်လဲ သုံးတယ်။ (ဆစ်ဖလစ်) ကို မနိုင်ဘူး။
• E. Coli ပိုးကြောင့်ဖြစ်တဲ့ Urinary infections ဆီးလမ်းရောင်တာနဲ့ Prostate infections ဆီးကျိတ်ရောင်တာတွေအတွက်လဲ သုံးတယ်။
• Streptococcus, Enterococcus နဲ့ Anaerobic bacteria တွေကို ဒီဆေးကမနိုင်ဘူး။
• ပန်းနာအတွက်သုံးတဲ့ Theophylline နဲ့တွဲရင် သတိထားရမယ်။ အတက်ရောဂါရှိသူတွေကိုလဲ သတိထားရတယ်။ အသက် ၁၈ နှစ်အောက်ကေလး မပေးသင့်ဘူး။
• ဒီဆေးသောက်နေချိန်မှာ နေရောင်သိပ်မထိတာကောင်းတယ်။ သွေးယိုတာ နဲနဲဖြစ်နိုင်တယ်။ ဆီးချို နဲနဲတက်နိုင်တယ်။
• ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်တွေမှာ ဒီဆေးမပေးတာကောင်းတယ်။

Side Effects ဘေးထွက်-ဆိုးကျိုး
• Nausea ပျို့၊
• Diarrhea ဝမ်းပျက်၊
• Vomiting အန်၊
• Headache ခေါင်းကိုက်။
• Insomnia အိပ်မရတာ၊
• Dizziness ခေါင်းမူးတာ၊
• Itching ယားတာ၊
• Vaginitis in women အမျိုးသမီးတွေ (ဗဂျိုင်းနား) ရောင်တာတွေဖြစ်နိုင်တယ်။
• Achilles tendon ဖနောင့်ကြောကိုထိခိုက်နိုင်လို့ ဆေးပေးနေတုံး ပြင်းပြင်းထံထံ လေ့ကျင့်ခန်း-အလုပ်လုပ်တာ ရှောင်ရမယ်။

Ofloxacin အပါအဝင် ပဋိဇီဝဆေးတွေကြောင့် အူတွေထဲမှာ ပုံမှန်နေကြတဲ့ (ဗက်တီးရီးယား) တွေ အခြေအနေ ပြောင်းစေတယ်။ Pseudomembranous colitis အူမကြီးရောင်တာ ဖြစ်စေနိုင်တယ်။ ဖျားမယ်၊ ဗိုက်နာမယ်၊ ဝမ်းပျက်မယ်၊ ရှားရှားပါးပါး (ရှော့ခ်) ရတတ်တယ်။

ဒေါက်တာတင့်ဆွေ (၃၁-၁-၂ဝ၁၂)

ဒေါက်တာတင့်ဆွေ - Azithromycin နဲ့ Ofloxacin ပဋိဇီဝဆေးများ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top