လူတွေလူတွေ သူတို့ အလိုလောဘ တစ်ခုတည်းပဲ ကြည့်နေကြတယ်။ သူ့မှာ သတ်မှတ်ထားတဲ့ Rule တွေရှိသည်။ Prostitute တစ်ယောက်က ငွေပေးတိုင်း ဖျော်ဖြေ ရမည်ဟု ဘယ်သူကများ သတ်မှတ် ထားပါသလဲ။ ဘယ်သူမှ မသတ်မှတ် ထားပါဘူး။ ငွေရတိုင်း ဒီအလုပ် လက်ခံမယ် လို့ရော ရှင်တို့ကို ဘယ်သူပြောလဲ။ ကျွန်တော် သတ်မှတ် ထားတဲ့ အကာအကွယ် သုံးရမယ်ဆိုတဲ့ ကိစ္စကို လက်မခံသရွေ့ ကျွန်မ အသားကိုတောင် ထိလို့ မရဘူးမှတ်။
အိမ်ပြင်ထွက်ရင် ဒါလေးကို သတိရပါ
ထိုင်းနိုင်ငံသည် ၁၉၈၄တွင် (၁.၁)သန်းကျော် ရောဂါဖြစ်ပွားခဲ့ပြီး (၅) သိန်းကျော် သေဆုံးရာမှ အလေးထား ကာကွယ်မူကြောင့် ၂၀၀၉ တွင် ဖြစ်ပွားသူ (၅) သိန်းကျော်ရှိပြီး သေဆုံးမူမှာ (၂၈၀၀၀) သာဖြစ်အောင် ဟန်တား ကာကွယ်နိုင်မူအား လေ့လာ အတုယူ သင့်ပါသည်။ တရားဝင် ပြည်တန်ဆာ ရှိနေရာနှင့် တန်းတူ မြန်မာနိုင်ငံတွင် HIV ရောဂါဖြစ်ပွားမှုအား နိုင်ငံတော် အစိုးရနေဖြင့် အမျိုးသားရေး တာဝန်တစ် ရပ်အဖြစ် ဆောင်ရွက်သင့်ပါကြောင်း တင်ပြ လိုက်ရပါသည်။
ပန်းခရမ်းပြာရဲ့ အိပ်မက်များကို ကြိုဆိုခြင်း
အမိမြန်မာနိုင်ငံကြီး ဆင်းရဲဒုက္ခထဲ ရောက်နေတဲ့ ကာလတွေမှာ ခိုကိုးရာ မဲ့ခဲ့တဲ့ ခလေးတွေ HIV ရောဂါရခဲ့တဲ့ ခလေးတွေ ပညာရေး မရရှိနိုင်တဲ့ ခလေးတွေ ကယ်သူမဲ့ ဘ၀များစွာ ရှိလာခဲ့ရပါတယ်။ သက်ကြီး ရွယ်အိုများရဲ့ ထောက်တည်ရာမဲ့ ဘ၀တွေနဲ့ ဆင်းရဲဒုက္ခ များစွာ ခံစားနေကြရပါတယ်။ ထိုများစွာသော ဘ၀တွေကို စာနာမှုနှလုံးသားနဲ့ လက်တွေ့ ကူညီမှုတွေနဲ့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က နေ့စဉ် ကူညီစောင့်ရှောက်ပေးလို့ အားကိုး ရာမဲ့ ဘ၀များ အေးချမ်းမှု ရရှိခဲ့ကြပါတယ်။
ရွှေမလေးတွေ ပြည့်တန်ဆာလုပ် နေတဲ့အိမ်များ
မြန်မာ ပြည့်တန်ဆာလောကတွင် ဘွဲ့ရကျောင်းသူများ၊ ပြည်တွင်းတွင် ကျောင်းဆရာမဖြစ်ခဲ့သူများ၊ သူနာပြုဖြစ်ခဲ့သူများ၊ ဆယ်တန်းအောင်သည့် မိန်းကလေးများမှာ ထိုင်း – မြန်မာနယ်စပ်မြို့များဖြစ် သည့် ရနောင်း၊ မဲဆောက်၊မယ်ဆိုင်ဒေသများနှင့် ဘန်ကောက်တွင် အများအပြားလုပ်ကိုင်လျက် ရှိသည်ကို မိစန်းဟု အမည်ခံယူ ထားသည့် မဲဆောက်ရောက် အထက်တန်းပြဆရာမ တဦးကလည်း ရင်ဖွင့်ပြောကြားသည်။
ညဉ့်ငှက်ကချေသည့်တို့ရဲ့ လွန်ဆွဲပွဲ
နိုင်ငံတကာတွင် ပြည့်တန်ဆာလုပ်ငန်းကို မုဒိန်းမှု ကဲ့သို့သော ရာဇဝတ်မှုများ လျော့နည်းစေ ရန်အတွက် တရားဝင် လိုင်စင်များ ချပေးသည်။ သို့သော် မြန်မာနိုင်ငံတွင်မူ တရားဝင် လိုင်စင် ချထားရန် စဉ်းစား ဆွေးနွေးသည့် အဆင့်တွင်ပင် မရောက်သေးပေ။ မြန်မာ့ယဉ်ကျေးမှုနှင့် သွေဖည်သည့် လုပ်ငန်းဖြစ်နေခြင်းဟူသော အကြောင်း ပြချက်ဖြင့် ဖမ်းဆီး အရေးယူနေခြင်း ဖြစ်သည်။
ဒုတိယ ဘ၀အတွက် အပျော်ရွှင်ရဆုံးအချိန်
လက်ရှိတွင် ရခိုင်ပြည်နယ်မှ HIV ဝေဒနာရှင်များအတွက် ဆေးဝါးထောက်ပံ့မှုကို စစ်တွေမြို့မှ Utopia Association မှ စီစဉ်ပေးနေသည်။ ရခိုင်ပြည်နယ်တွင် ART ဆေးသောက် သုံးနေရသည့် PLHIV စုစုပေါင်း (၃၃၀) ရှိပြီး ART ဆေးဝါး သောက်သုံးသင့်သူ (၂၈၅) ဦးရှိသည်ဟု သိရသည်။
တရုတ်ပြည်မှာ HIV/AIDS ဝေဒနာရှင်တွေကို ခွဲခြားဆက်ဆံ
မနှစ်တုံးက ထောင်ကနေ ပြန်လွတ်လာပြီး အခုတော့ ဘေဂျင်မြို့မှာ အစောင့် ဝန်ထမ်းလုပ်နေပါတယ်.. ဆေးကု တာကိုတော့ ဘယ်သူမှ မသိအောင် သူလုပ်နေရပါတယ်.. တကယ်လို့ လူတွေက သူ့မှာ HIV ပိုး ရှိတယ်ဆိုတာကို လူတွေသိသွားရင် သူ အလုပ်ပြုတ်မယ်ဆိုတာကို သူသိနေလို့ ဖြစ်ပါတယ်.. ဒါပေမယ့် အစောင့် ဝန်ထမ်း လုပ်လို့ ရတဲ့ လစာက HIV/AIDS နဲ့ ဆက်နွယ်နေတဲ့ ဆေးဝါးတွေက ဆေးကြီး လွန်းတာကြောင့် ဘယ်လိုမှ မလုံလောက်နိုင်ပါဘူး.. အဲဒီအကြောင်း သူ အခုလို ဆက်ပြောပြပါတယ်….
ဖဲကြိုးနီ အမြန်ရထား - အိန္ဒိယရဲ့ HIV/AIDS တိုက်ဖျက်ရေး အစီအစဉ်
အိန္ဒိယဟာ ကမ္ဘာမှာ HIV/AIDS ဝေဒနာရှင် တတိယအများဆုံးရှိနေတဲ့ နိုင်ငံဖြစ်ပြီး ကူးစက်တတ်တဲ့ ဒီဗိုင်းရပ်ကို ထိန်းသိမ်းရေးမှာ အခက်အခဲတွေ ရင်ဆိုင်နေရ တုန်းပါပဲ။ ဒီအကြောင်း ဘစ္စမေလာ ဂီလာနီက သတင်းဆောင်းပါး ပေးပို့ ထားပါတယ်။
ကတိပေးပါ သူငယ်ချင်း
ငါမင်းနဲ့ မနှစ်ကတွေ့တုန်းက အားရပါးရ နှုတ်ဆက်ချင်ခဲ့မိတယ် သူငယ်ချင်း။ မင်းလည်း အန်ဂျီအိုမှာ အလုပ်လုပ်နေတာသိတော့ ၀မ်းသာမိတယ်။ ငါတို့တွေ ကွဲသွားကြတာ ၁၀ နှစ်ကျော်နေပြီလေ။ ငယ်ငယ်တုန်း ကလို လက်သီးပြင်းပြင်းလေးနှစ်ချက် သုံးချက်လောက် မင်းကို စပြီး ထိုးပြစ်လိုက်ချင်သေးတယ်။ ဒါပေမယ့် မင်းက လူအများလေးစားတဲ့ ဆရာဝန်ကြီးဖြစ်နေပြီလေ။
ခြောက်လှန့်နေဆဲ တစ္ဆေ သို့မဟုတ် HIV/AIDS
မြန်မာနိုင်ငံ HIVAIDS ရောဂါဆိုင်ရာ အမျိုးသား မဟာဗျူဟာ စီမံကိန်း (၂၀၁၁-၂၀၁၅) နှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုစီမံကိန်း (Operation Plan) ကို ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၆ ရက်နေ့တွင် အတည်ပြုပေးခဲ့သည်။ ယင်းတွင် ၂၀၁၀ ပြည့်နှစ်တွင် ခန့်မှန်းခဲ့သော HIV ထပ်မံကူးစက်ခံရသူ အရေအတွက်၏ ထက်ဝက်သို့ ၂၀၁၅ ခုနှစ်၌ လျော့ကျသွားရန် ရည်မှန်းထားသည်။
စရိတ် သက်သာသော ရောဂါ ရှာဖွေရေး နည်းသစ်
”ခုကာလက ဆေးကုသ စရိတ်တွေ သိပ်ကြီးတယ်။ ကိုဒေါနလည်း သိမှာပါ။ ဥပမာ- AIDS ရောဂါ ရှိ၊ မရှိ သိချင်လို့ ဆေးစစ်ရင် မနည်းကုန်တယ်ဗျ”
”ဟုတ်တယ် ဆရာ၊ အလုပ်ရဖို့အတွက် ဆေးစစ်ရတယ် ဆရာ၊ အလုပ်မရခင် ငွေက အတော်ကုန်နေပြီ ဆရာ”
”ဒါကို အဆင်ပြေအောင် ယူကေက သုတေသီတွေက ထီထွင်နေတယ်။ လူနာခန္ဓာ ကိုယ်ထဲမှာ ပိုးကောင်ရေ နည်းနေ ရင်တောင် စစ်လို့ရတဲ့ နည်းသစ် ပေါ့ဗျာ။ ဒီနည်းက ငွေကုန်ကြေးကျ သက်သာတယ်တဲ့”
တရုတ်သို့ အဓမ္မ ထိမ်းမြားမှုနှင့် လူကုန်ကူး ခံခဲ့ရသူ အမျိုးသမီး တစ်ဦး၏ ဖွင့်ဟ ၀န်ခံချက်
အဲ့ဒီမှာ (၁၅- ၁၆) အရွယ် ကောင်မလေးတွေ အများကြီးပဲတွေ့ရတယ်။ တချို့ဆို ကိုယ့်ကိုကိုယ်တောင် မမှတ်မိချင်ဘူး။ ဦးနှောက်ပျက်နေတဲ့သူတွေ၊ ကိုယ့်အိမ်လိပ်စာတောင် ကိုယ်မမှတ် မိကြလို့ အမျိုးသမီးများ ထိန်းသိမ်းစောင့်ရှောင်ရေး ဂေဟာမှာ သောင်တင်နေတဲ့လူတွေလည်း အများကြီးပဲ။ အဲ့ဒီမှာတွေ့ရတဲ့ မိန်းကလေးတွေ အများစုက အရမ်းဆင်းရဲပြီး စားဝတ်နေရေး မပြေလည်လို့ လူကုန်ကူးခံရတဲ့ သူတွေကြီးပဲ။

Follow me on: