ဒါနဲ့ သူလည်း ဒီကိစ္စကို သူ့ဇနီးသည်ကလွဲလို့ ဘယ်သူ့ကိုမှ အသိမပေးဘဲ လျှို့ဝှက်ထားလိုက်ပါတယ်။ စစ်တပ်အသိုင်းအ၀န်းမှာ AIDS ရောဂါနဲ့ပတ်သက်ပြီး အကြောက် လွန်တာနဲ့ ရောဂါရှိသူတွေကို ခွဲခြား ဆက်ဆံတာတွေ ရှိတာမို့ ကျန်တဲ့လူတွေသိသွားရင် အလုပ်ပြုတ်နိုင်တဲ့အပြင် တပ်ဝန်းထဲက နေစေရာအိမ်လည်း ဆုံးသွားနိုင်တာကိုး။ တဖက်မှာလည်း HIV ဆေးသောက်တာ တခုထဲကပဲ သူ့ရဲ့လျှို့ဝှက်ချက်ကို ထိန်းထားနိုင်တဲ့ အခွင့်အရေးဖြစ် မှန်း သူနားလည်ပါတယ်။
MSM တဦး၏ ဖွင့်ဟဝန်ခံချက်
MSM တွေမှာ HIV နဲ့ ပတ်သက်တဲ့ ဖြစ်နိုင်ချေတွေ အများကြီးရှိတယ်။ HIV နဲ့ ပတ်သက်တဲ့ အခက်အခဲတွေ အများကြီး ရှိနေတဲ့အတွက်ကြောင့် အဲဒါတွေကို ကူညီချင်တဲ့ စိတ်တွေကြောင့် ဒီလိုမျိုး ဖွင့်ပြောတာပါ။ အခုလို ဖွင့်ပြောချင်းအားဖြင့် တခြား MSM တွေက အကူအညီလိုရင် ကိုယ့်ကို ဖွင့်ပြောပြီး အကူအညီ တောင်း လာနိုင်တယ်။
HIV ပိုး ရှိနိုင်မှန်း သိနိုင်တဲ့ လက္ခဏာများ
HIV ပိုးရှိသူတွေ အနေနဲ့ ရာသီသွေးနည်းတာ၊ သွေးကျဲတာတွေ ဖြစ်တတ်ပါတယ်။ အချိန် မတိုင်ခင် မီးယပ်သွေးဆုံးတာ ဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့် ၄၉ နှစ်မှ ၅၃ နှစ် အရွယ်မှာ သွေးဆုံးတတ်ပေမဲ့ HIV ပိုးကူးစက်ခံရသူတွေမှာ ၄၇ မှ ၄၈ နှစ်အရွယ်မှာ သွေး ဆုံးတတ်ပါတယ်။
လိင်လုပ်ငန်းမှာ ဥပဒေ ကင်းမဲ့လို့ HIV ပိုပြန့်
ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အရှေ့အာရှနဲ့ ပစိဖိတ် ဒေသ အတွင်း၊ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတိုင်းမှာ လိင်လုပ်ငန်းမှာ တရားဝင် ခွင့်ပြုမထားဘဲ ရာဇဝတ်မှုအဖြစ် သတ်မှတ် နိုင်နင်းကြတဲ့ အတွက် HIV ခုခံ စွမ်းအား ကျဆင်းတဲ့ ရောဂါ ပိုမိုကျယ်ပြန့်လာတယ်လို့ ဖေါ်ပြထားပါတယ်။
ငွေကြေး ရမ္မက်နှင့် ချောက်ကမ်းပါးထက်က ဘဝဈေးပွဲတော် သို့မဟုတ် အမှောင်ခြမ်းမှ အနွမ်းပန်းများ
HIV/AIDS ရောဂါပြန့်ပွားမှု ကာကွယ်ရန် ဆောင်ရွက်ချက်များစွာ အားနည်းနေသေး သည့်၊ အကြမ်းဖျဉ်းအားဖြင့် လိုအပ်ချက်များ ရှိနေသေးသည့် မြန်မာနိုင်ငံ၏ လိင်မှုဆိုင်ရာ ပညာပေး လုပ်ငန်းများအတွက် ပြည့်တန်ဆာလုပ်ငန်းနှင့် လုပ်ကိုင်သူများအပေါ် ကိုင်တွယ်မှုသည် ညင်သာ ပျော့ပြောင်းရန် လိုအပ်ပြီး၊ အကာအကွယ်ပစ္စည်း လက်ဝယ်ထား ရှိခြင်းအပေါ်တွင် ကျန်းမာရေးအသိဖြင့် အမြင်ကျယ်ရန် လိုအပ်မည်ဟု ထင်မိသည်။
HIV ကူးစက်ခံ မွေးစကလေးငယ်များ ဆေးမရပါက အသက် (၂) နှစ် မတိုင်မီ သေဆုံးနိုင်
ကလေးငယ်များတွင် HIV ပိုး ကူးစက်ခံရမူ ရှိ/မရှိကို မွေးကင်းစ (၆) ပတ် အရွယ်တွင် စတင် စစ်ဆေး နိုင်ပြီး ရောဂါပိုး တွေ့ရှိပါက ART ဆေး တိုက်ကျွေးကာ သက်တမ်းစေ့ နေထိုင် သွားနိုင်ကြောင်းကိုလည်း သိရှိရသည်။
HIV ရောဂါအကြောင်း ဖတ်မိသမျှ
HIV (Human Immunodeficiency Virus) ဟုဆိုရာတွင် HIV-1 နှင့် HIV-2 ဟူ၍ ခွဲခြားနိုင်သည်။ HIV-2 မှာ HIV-1 ကဲ့သို့ ပြင်းထန်ဆိုးရွားခြင်း မရှိဘဲ ရောဂါဖြစ်ပွား မှုနှုန်းမှာ အလွန်နည်းပါး လှပါသည်။ ထို့ကြောင့် HIV ဟုသုံးရာတွင် HIV-1 ကိုသာ ဆိုလိုခြင်းဖြစ်သည်။
သားလေးအတွက် အသက် ရှည်အောင်နေရမယ့် မေမေ့ရဲ့ ဘဝ
ကျွန်မ အမျိုးသားဆုံးတာ နောက်ဆုံးပေါ် ရောဂါတဲ့။ ဒါဆို ကျွန်မမှာလည်း ဒီရောဂါ ကူးနေပြီပေါ့” ဟု မျက်ဝန်းအိမ်တွင် မျက်ရည်တွဲခိုနေသည့် သူမက သားလေးကို ပွေ့ချီ ရင်း ဆိုသည်။
အခွင့်အရေးအတွက် တန်းတူ မျှော်လင့်ချက် ထားနေဦးမည့် အနွမ်းပန်း ဘ၀များ
“ကျွန်မတို့ တစ်ညကို အနည်းဆုံး နှစ်ယောက်လောက်နဲ့ အိပ်ရတယ်။ တစ်ယောက်နဲ့ ၀င်ရင် ခေါင်းက ၆၀၀၀ ပေးတယ်၊ နှစ်ယောက်ဆိုတော့ တစ်သောင်းကျော်တော့ ရတယ်။” ဟု မင်္ဂလာဈေးအနီးရှိ လိင်လုပ် သားလုပ်ကိုင်နေသူ မငယ်က ညည်းညူစွာ ပြောဆိုနေ
ညဥ့်လမ်းပေါ်က ဘ၀များစွာ
ပြည့်တန်ဆာလုပ်ငန်းသည် တရားမ၀င်သော်လည်း ထိုလုပ်ငန်းဖြင့် အသက်မွေးသူများ တစ်နေ့ ထက်တစ်နေ့ များပြား လာသည့်အတွက် ပြည့်တန်ဆာနှင့် ဆက်စပ်သည့် HIV၊ ကာလသား ကဲ့သို့သော ရောဂါ ပျံ့နှံ့မှုမှာလည်း ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။
HIV ပိုး ရှိသူများကိုလည်း နိုင်ငံသား အခွင့်အရေး ပေးရန်လို
မြန်မာနိုင်ငံတွင် CD4 ကောင်ရေ (၂ဝဝ) အောက်ရောက်ရှိနေသူ ART ဆေးလိုအပ်ချက် ရှိသည့် လူနာ ပေါင်း (၇၆ဝဝဝ) ဦး၊ CD4 ကောင်ရေ (၃၅ဝ) အောက်ရောက်ရှိနေပြီး ART ဆေးလိုအပ်ချက်ရှိသည့် လူနာပေါင်း (၁၂ဝဝဝဝ) ဦးခန့် ရှိကြောင်း သိရှိရသည်။
Sex Workerနှင့် မူးယစ်ဥပဒေအား ပြင်ဆင်နိုင်လျှင် HIV ကူးစက် ခံရနှုန်း လျော့ကျဖွယ်ရှိ
HIV/AIDS လျော့ချရေး လုပ်ငန်းများပြုလုပ်ရာတွင် လက်ရှိတွင် အခက်ခဲ အချို့ ရှိနေကြောင်း ကိုလည်း သိရသည်။ အဆိုပါ လျှော့ချပေးရမည့် ဥပဒေများမှာ မူးယစ်ဆေးဝါး သုံးစွဲလျှင် ဖမ်းဆီးသည့် ဥပဒေနှင့် Sex Worker များကိုလည်း ကွန်ဒုံးတွေ့ရှိသည်နှင့် ဖမ်းဆီးသည့် ကိစ္စရပ်များဖြစ်သည်။

Follow me on: