6
Jun

အထက်လွှတ်တော်အမတ်နဲ့ ဝေဒနာဂေဟာ

ပိန်လှီနေပြီး မွဲခြောက်ခြောက် အသားအရေရှိတဲ့ ကလေးငယ် ၇ ဦးဟာ စွတ်စို ထိုင်းမှိုင်း နေတဲ့ မြေသား လမ်းငယ်ဘေးမှာ မတ်တပ်ရပ်နေပြီး လမ်းမဘက်ကို ငေးမျှော်ရင်း တစုံတခုကို စောင့်ဆိုင်းနေပါတယ်။

22
May

HIV ပိုး ရှိမရှိ ဘာကြောင့်စစ်ဆေးသင့်သလဲ

ရောဂါပိုးရှိမရှိကို ဆေးစစ်လိုသူတွေဟာ အလွတ်ကိုယ့်သဘောနဲ့ကိုယ် ဆေးစစ်ပြီး ရှိမရှိကို သိတာမျိုးထက်၊ သွေးမစစ်မှီနဲ့ သွေးစစ်ပြီးအချိန်တွေမှာ ဆွေးနွေးညှိနှိုင်း အကြံပေးမှုကို ရယူနိုင်ရင် ပိုကောင်းပါတယ်။ ဘာကြောင့် ဆွေးနွေးညှိနှိုင်း အကြံပေးမှုကို ခံယူသင့်သလဲဆိုရင် ရောဂါပိုးရှိခြင်း မရှိခြင်းစာ ကိုယ်အတွက် များစွာအရေးပါနေတဲ့ အတွက် စိတ်ပိုင်းဆိုင်ရာရော၊ လူမှုရေးပိုင်းမှာပါ စိတ်ဖိစီးမှုတွေ ရှိနိုင်လို့ပါပဲ။

4
Apr

အိုဘယ့် ကယ်တင်ရှင်

အိတ်ခ်ျအိုင်ဗွီနဲ့ တိုက်ရိုက် ဆက်စပ်ဆိုင်မှု မရှိသောလည်း၊ လူမှုရေးလုပ်ငန်း ပုံစံဖြင့် ဆက်စပ်နေပါသဖြင့် ဖတ်မှတ် စဉ်းစားနိုင်ကြရန် – ……. ဆင့်ပါးစပ် နှမ်းပက် ထောက်ပံ့မှုကို ရရှိထားသူများအား အလှူရှင်ထံ၌ မျက်နှာပန်းလှလိုမှုတခုတည်းအတွက် ဇွတ်အတင်း သာဓုခေါ်ခိုင်းနေသည်မှာ မခက်ပါလော။ “တိုးတက်လာပါသည်၊ ကောင်းမွန်လာပါသည်၊ စီမံကိန်းများ အောင်မြင်လာပါသည်၊ သို့သော် လိုအပ်မှုများကား ရှိနေဆဲ၊ အလှူငွေများ ထပ်မံလိုအပ်ဆဲဖြစ်သည်” ဟူ၍ အစည်းအဝေးများ၊ အစီရင်ခံစာများ၊ အဆိုပြုလွှာများတွင် အပ်ကြောင်းထပ်အောင် ပြောကြ၊ ဆိုကြ၊ ရေးကြသည်မှာလည်း …. – တင်ပြလိုက်ရပါသည်။
ဟင်း[မ်] မော်ဒရေတာ (မြန်မာပိုင်း)

23
Feb

Living Together And Social Problems

ဟိုးယခင်ကတော့ Living Together ဟာ မြန်မာလူမျိုးတွေနဲ့အတော်လေး စိမ်းနေခဲ့ပါတယ် ။ အခု တော့ လည်း ခေတ်လူငယ်တွေရဲ့ တီးတိုးပါးစပ်ဖျားမှာ ရေပန်းစားလို့လာခဲ့ပါပြီ ။ အနောက်တိုင်း နိုင်ငံတွေမှာLiving together အပေါ် ထောက်ခဲ့တဲ့လူတွေအများကြီးရှိခဲ့သလို ရှုံ့ချတဲ့သူတွေလည်း အများကြီးရှိခဲ့ပါတယ် ။ ကဲဒါဆို ကျွန်တော်တို့ကရော Living together အပေါ် ဘယ်လိုမြင်ပါသလဲ ???? ။ နှစ်ဦးနှစ်ဖက်လုံးက လည်း သဘော တူတယ် အခြေအနေအရပ်ရပ်ကလည်း အိုကေတယ် ဆိုရင် ဘာမှဝေဖန်စရာ ၊ မှတ်ချက်ချစရာမရှိပါဘူး ။ ဒီနေရာမှာ အပိုင်း ၂ပိုင်းဖြစ်သွားပါပြီ ။

4
Jul

HIV ထက် ကြောက်စရာကောင်းသော လူတစ်စု

ရုပ်ရှင်ရုံ တစ်ရုံတွင် အမျိုးသမီး တစ်ဦးသည် ရုပ်ရှင်ရုံ အတွင်းရှိ ထိုင်ခုံတွင် ထိုင်လိုက်သောအခါ တင်ပါးတွင် ဆူးကနဲ နာကျင်သွားသည်။ သူမထ၍ ထိုင်ခုံကို ကြည့်လိုက်သောအခါ ထိုင်ခုံတွင် ဆေးထိုးအပ်တစ်ချောင်း နှင့် စာတစ်စောင်ကို တွေ့ရတယ်။ စာထဲတွင် ရေးထားသည်ကား ” သင်သည် HIV ပိုးကို ကူးစက် ခံလိုက်ရပါပြီ ” တဲ့။

3
Jul

အမျိုးသမီး နဲ့ HIV ရောဂါ

HIV ရောဂါပိုး ကူးစက်မှု အန္တရာယ်ဟာ အမျိုးသမီးတွေအတွက် သိပ်ကိုကြီးမားနေတယ် ဆိုတဲ့ ထင်ရှားတဲ့ သတ်သေအထောက်အထားတွေ ရှိနေပြီးတော့ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းပေးခြင်း မရှိသေးပါဘူး။ ရောဂါကူးစက်မှုကပဲဖြစ်ဖြစ်၊ လူမူရေး အကြောင်းအရာတွေကြောင့်ပဲဖြစ်ဖြစ်၊ ဆင်းရဲမွဲတေမှုကြောင့်ပဲဖြစ်ဖြစ်၊ တနိုင်ငံလုံး အတိုင်းအတားနဲ့ အိတ်(စ်)ရောဂါ ကားကွယ်ရေးလှုပ်ရှာမှုတွေကိုပဲကြည့်ကြည့် အမျိုးသမီးတွေကို ဦးစားပေးထည့်သွင်းဆင်စားခြင်း မရှိပါဘူး။ ရောဂါတိုက်ဖျက်ရေး အစီအစဉ်တွေကိုဖော်ဆောင်ရာမှာနဲ့ ပေါ်လစီတွေ ချမှတ်ရာမှာလည်း အတော်လေးကွာဟမှု ရှိနေတာတွေ့ရပါတယ်။

14
Jun

ဘဝတွက်တာ သိမှတ်စရာများ မှ (၄)

ဘဝတွက်တာ သိမှတ်စရာများ စာအုပ်မှ – အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ် ရောဂါနဲ့ အန္တရာယ်ကို ငယ်ရွယ်သူများ နားလည် သဘောပေါက်ဖို့ လိုပါတယ်။ မိဘများ၊ ဆရာ/ဆရာမများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ အုပ်ထိန်းသူများနဲ့ ဘာသာရေး ခေါင်းဆောင် များဟာ အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ်၊ လိင်ဆက်ဆံခြင်းမှ ကူးစက်သော အခြားကာလသား ရောဂါများနဲ့ ကြိုင်တင် စီစဉ်မှု မရှိဘဲ ရယူတဲ့ ကိုယ်ဝန်များရဲ့ အန္တရာယ် ကြီးမားပုံကို လူငယ်များကို သတိပေး ပြောကြား သင့်ပါတယ်။

14
Jun

ဘဝတွက်တာ သိမှတ်စရာများ မှ (၃)

ဘဝတွက်တာ သိမှတ်စရာများ စာအုပ်မှ – အိတ်ဒ်စ် ရောဂါဟာ ကုသလို့ မရနိုင်မယ့် ကာကွယ်လို့ရတဲ့ ရောဂါ ဖြစ်ပါတယ်။ အိတ်ဒ်စ် ရောဂါကို ဖြစ်ပွားစေတဲ့ အိပ်ခ်ျအိုင်ဗွီ ပိုးဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း (လိင်အင်္ဂါစွပ် မပါဘဲ လိင်ဆက်ဆံခြင်း) ပိုး ရှိ/မရှိ စစ်ဆေး မထားသော သွေးကို သွင်းမိခြင်း၊ (မူးယစ်ဆေးဝါး ထိုးသွင်းရာမှာ သုံးစွဲသော) မသန့်ရှင်းတဲ့ ဆေးထိုးပိုက်/အပ်များကို အသုံးပြုခြင်း၊ ရောဂါပိုး ရှိသော မိခင်ထံမှ သူမရဲ့ ရင်သွေးထံသို့ (ကိုယ်ဝန်ဆောင်စဉ်၊ မီးဖွားစဉ်နဲ့ နို့တိုက်ကျွေးစဉ် များမှာ) ကူးစက်ခြင်း စသော နည်းလမ်းများနဲ့ ပြန့်ပွား ကူးစက်ကြပါတယ်။

14
Jun

ဘဝတွက်တာ သိမှတ်စရာများ မှ (၂)

ဘဝတွက်တာ သိမှတ်စရာများ စာအုပ်မှ – မိသားစုတိုင်းနှင့် လူ့အဖွဲ့အစည်းတိုင် သိခွင့်ရှိသော “မူလ ကိုယ်ခံစွမ်းအား လျော့နည်းကျဆင်း ရောဂါ ” ဆိုင်ရာ အဓိကကျသော သတင်း အချက်အလက်များ

14
Jun

ဘဝတွက်တာ သိမှတ်စရာများ မှ (၁)

ဘဝတွက်တာ သိမှတ်စရာများ စာအုပ်မှ – အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ် ရောဂါဟာ တကမ္ဘာလုံး ဆိုင်ရာ ပြဿနာတရပ် အနေဖြင့် တနေ့တခြား ပိုမိုကြီးထွား လာနေကြပါတယ်။ လက်ရှိ အခြေအနေအရ ကမ္ဘာ တဝှမ်းလုံးမှာ လူကြီးရော ကလေးပါ သန်းပေါင်း (၄၀) ခန့် အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ် ရောဂါ ကူးစက် ခံစား နေကြ ရပါတယ်။ လောလောဆယ်မှာ ကမ္ဘာပေါ်က အသက် (၁၅) နှစ်အောက် ကလေးငယ်ပေါင်း ဆယ်သန်းကျော် ကျော်ရဲ့ မိခင်များ (သို့မဟုတ်) မိဘ နှစ်ပါး စလုံးဟာ အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ် ကြောင့် သေဆုံး သွားကြပြီး ဖြစ်ပါတယ်။

Follow me on:

Back to Top