အကာအကွယ်မသုံးဘဲ ဆက်ဆံခဲ့တာပါ။ ကျနော်ဆက်ဆံခဲ့တဲ့ partner တွေကလည်း ပါတနာ များပါတယ်။ အခု ကျနော် genital organ ထိပ်ဖျားဧရိယာမှာ အဖုလေးတွေ ထွက်နေပါတယ်။ လက်နဲ့ ဆိတ်ပြီး ဖယ်လိုက်ရင် သွေးထွက် ပါတယ်။ မကြာခင်ပျောက်သွားပါတယ်။ နောက် သိပ်မကြာတဲ့ အချိန်မှာ ပြန်ပေါ်ပေါ် လာပါတယ်။ ကျနော် ထင်တာ HPV များ ဖြစ်မလားလို့ပါ အချိန်ရှိသလောက် ရှာပေမယ့် အဲဒီအကြောင်းကို ဆရာ့စာမျက်နှာမှာ မတွေ့သေးလို့ပါ။
အမေးအဖြေ (၁၃၅) ( ၁၈ နှစ်ပြည့်မှ ဖတ်ပါ)
ကျွန်တော့်အမျိုးသမီးမှာ ကိုယ်ဝန်ရှိနေပါတယ်။ သူနဲ့ လိင် မဆက်ဆံရတာ နှစ်လသုံးလလောက်ကြာတော့ မာဆက်က ကောင်မလေးနဲ့ ဆက်ဆံဖြစ်ပါတယ်။ အဲ့ဒီမှာ ဆက်ဆံပြီးမှသိရတာက အဲ့ဒီကောင်မလေးက ရာသီလာနေတဲ့ အချိန်ဖြစ်နေပါတယ်။ ကျွန်တော် တော်တော်ကြောက်သွားတယ်။ သူနဲ့ဆက်ဆံတုံးကတော့ ကွန်ဒုံး သုံးထား ပါတယ်။ ဒါပေမဲ့စိတ်ထဲမှာ အခုချိန်ထိ မသန့်ဖြစ်နေပါတယ်။ အဲ့ဒီကောင်မလေးမှာ AIDS ရှိနေမယ်ဆိုရင် ကျွန်တော့ကို ကူးနိုင်ပါလားခင်ဗျာ။
အိပ်နေတုံးမှာ သုက်ထွက်တာ (၂)
အိပ်မက်ဆိုတဲ့ သဘောက Intense activity တခုခု လုပ်ခြင်ဇောကြီးလို့လဲ ဖြစ်နိုင်တယ်လို့ ယေဘုယျပြောနိုင်တယ်။ အိပ်မက်တိုင်းက အဲလိုမျိုး အမြဲတန်း မှန်တာတော့ မဟုတ်ပါ။ Subconscious minds မသိစိတ်မှာ ကိန်းအောင်းနေ တာလို့ ယူဆချက်လဲရှိတယ်။ သိစိတ်ကနေ ကိုယ့်ကိုယ်ကို (ဆင်ဆာ) မလုပ်နိုင်ပါဆိုတဲ့ အယူအဆနဲ့ လုပ်နိုင်တယ် အယူ အဆမှာ မတူတာ ရှိပါတယ်။ အတိတ်နိမိတ်ကောက်ကြတာကလဲ အရပ်စကား လူပြောများတယ်။
ကလေးသူငယ် လိင်စော်ကားမှု
ကလေးတွေကို လိင်မှုဆိုင်ရာ မဖွယ်မရာသတင်းတွေ (ဂူဂယ်လ်) မှာ ရိုက်ရှာရင် တသီတတန်းကြီး တွေ့ပါလိမ့်မယ်။ ဗာတီကန်စီတီး၊ ပင်တာဂွန်၊ ဟောလိဝုဒ်၊ နာမည်ကြီး ထိပ်သီးတွေပါနေတယ်။ သူများတွေဆီမှာ အဲလောက်တောင် ဖြစ်နေသလား၊ မကဲ့ရဲ့ပါနဲ့။ ကိုယ့်ဆီမှာ ဂူဂယ် ရှာဖွေအင်ဂျင်က ဝင်မရလို့သာ လူမမယ် မြန်မာကလေးတွေ ဘယ်လောက်ထိ စော်ကားမှုခံနေရသလဲ မသိနိုင်တာသာ ဖြစ်ပါမယ်။
သန္ဓေတားဆေး သောက်နေသလား
ပရိုဂျက်စတင် (Progestin) နဲ့ အီစထရိုဂျင် (Estrogen) ဆိုတဲ့ ဟော်မုန်းနှစ်မျိုးကို ပမာဏ အနည်းငယ်စီ ထည့်သွင်း ထားတဲ့ ဟော်မုန်းပါ သန္ဓေတားဆေးကို သောက်နေသူ အိမ်ထောင်ရှင် အမျိုးသမီးတွေ အနေနဲ့ ကိုယ်ဝန် မရစေဖို့ တစ်နေ့တစ်လုံးမှန်မှန် သောက်သုံးဖို့ လိုပါတယ်။ ဒီဟော်မုန်းတွေက သားဥအိမ်ကနေ သားဥမကြွေအောင် တားဆီးပေး ပါတယ်။ ဒါပေမဲ့ ဒီဆေးတွေကို သောက်တာကြောင့် လိင်ကနေတစ်ဆင့် ကူးစက်ရရှိနိုင်တဲ့ ရောဂါပိုးတွေကိုတော့ မကာကွယ်နိုင်ပါဘူး။
လိင်မှတဆင့် ကူးစက်သော ရောဂါများ (၁)
လိင်ဆက်ဆံရာ နေရာမှန်သမျှမှာ ရောဂါရတယ်။ လိင်အင်္ဂါ၊ ပါးစပ်၊ စအို။ နောက်ပြီး မအေကနေ ကလေး။ မူးယစ်ဆေး သွေးပြန်ကြော ထိုးနည်းတွေကနေလဲ ကူးနိုင်တယ်။ လိင်အင်္ဂါတွေမှာသာ မဟုတ်ဘဲ တခြားတခြား နေရာတွေမှာပါ ရောဂါ ရတတ်တယ်။ အဲလိုဖြစ်တာတွေက ပိုဆိုးတယ်။ Systemic STDs လို့ ခေါ်တာတွေက HIV, Hepatitis B, Hepatitis C နဲ့ Human Herpes Virus တွေ ဖြစ်တယ်။
ယောက်ျား ပြီးခြင်း (၁)
လိင်စိတ်ဝင်စားသူနှစ်ဦး အသားချင်း မထိတွေ့ရခင် ဆန္ဒဖြစ်ပေါ်လာတဲ့အခါ အင်္ဂါစိုစွပ်၊ သန်မာ လာတာဟာ စိတ်ကြောင့် ဖြစ်လာတာပါ။ နောက်တဆင့် အင်္ဂါတွေ ထိတွေ့လာရင် ဆန္ဒဖြစ်ပေါ်မှု၊ အင်္ဂါစိုစွပ်မှု၊ အင်္ဂါသန်မာမှုတွေဟာ ပိုမို မြင့်မား လာစေတယ်။
အိမ်မှာတင် မွေးချင်သလား
မိခင်လောင်းဟာ ကိုယ်ဝန်စောင့်ရှောက်မှု လုပ်တုံးက စစ်ဆေးဘို့လိုမှာတွေ စုံစေ့အောင်စစ်ထားလို့ ကူးစက်ရောဂါ ဘာမှမရှိရင် တမျိုးဖြစ်မယ်။ တကယ်လို့ အသဲရောင် (ဘီ)၊ (စီ) နဲ့ HIV ရှိနေရင် တမျိုးလုပ်ရမယ်။ STD လိင်ကတဆင့် ကူးစက်ရောဂါ ရှိရင်လဲ တမျိုးစီစဉ်ထားရမယ်။
အရေးပေါ် တားဆေး အသက် မရွေးတော့
ဒီအရေးကို အောင်မြင်ဘို့ လုပ်နေတဲ့ Center for Reproductive Rights ကထောက်ပြထားတာက မိန်းကလေးတွေ အသက် ၁၇ နှစ်အောက်မှာ ဒီဆေးသောက်လို့ စိတ်မချဘူးဆိုတာကို သက်သေမပြနိုင်ဘူးလို့ ဆိုပါတယ်။ အစဉ်အလာ လိုက်နာတဲ့ US social conservatives အဖွဲ့ကတော့ ဒီလိုသာဖြစ်လာရင် မိန်းကလေး ငယ်ငယ်လေးတွေကြား လိင်ပိုင်းဆိုင်ရာအပြုအမူတွေ ပိုတိုးလာမယ်လို့ ဆိုလိုက်ပါတယ်။
အမေးအဖြေ (၁၃၄) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
အရေးပေါ် တားဆေးကြောင့် ရာသီရက်ပြောင်းပါမယ်။ ၇၂ နာရီအတွင်း ဆေးသောက်တာ ဆိုရင် စိတ်ချရ ပါမယ်။ သေချာချင်ရင် ဆီးစစ်နိုင်ပါတယ်။ ဆေးအရှိန်သွေးထဲမှာ ရှိနေစဉ် ဆိုရင်လည်း ဆေးသောက်ပြီးချိန် အနီးကပ် နာရီတွေ အတွက်လည်း ကာကွယ်ပါမယ်။
အမေးအဖြေ (၁၃၃) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
အတူနေမယ်ဆိုရင် ဘယ်အချက်တွေ ရှောင်ရမလဲ။ ဆက်ဆံတဲ့ အချိန်မှာ အကာအကွယ် သုံးလို့ရလား။ ပါးစပ်ချင်း နမ်းလို့ကော ရလား၊ ကျွန်တော့် မိန်းမကတော့ လက်မထပ်ခင် ထဲက HPV ကာကွယ်ဆေး ထိုးထားပြီးသားပါ။ ကလေး ယူရင်ကော ကျန်းမာတဲ့ ကလေး ရဖို့သေချာနိုင်လား။
အမေးအဖြေ (၁၃၂) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
အဲဒီနိုင်ငံမှာ ဘယ်လိုစနစ်ထားလဲ သိပ်မသိပါ။ HPV ကြွက်နို့ဆိုရင် STDs အတွက် ဆရာဝန် ပြရပါမယ်။ မြန်မာပြည်မှာ ဆိုရင် သမားတော် တဦးပြရင် ဆိုင်ရာကို လွှဲပေးပါတယ်။ ကျားအင်္ဂါဖြစ်တာ အတွက် ဆီးလမ်း အထူးကုကိုပြတာ သင့်တော်ပါတယ်။

Follow me on: