21
Jan

အမေးအဖြေ (၁၁၂) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ကျမ အစာကိုလည်း နည်းနည်းချင်း စားပေးပါတယ်။ အခု ကျမရဲ့ ဗယ်ဘက် နံရိုးအလယ် နားမှာ တခုခု လိမ်နေသလို ခံစားရပါတယ်။ မကြာမကြာဆိုသလို ခေါင်းလည်း မူးပါတယ်။ ကျမ ဘယ်လိုနေလို့ နေရမှန်းတောင် မသိတော့ပါဘူး။ ပြီးတော့ ကျမ အင်္ဂါမှ အရေကြည်တွေ ဆင်းနေပါတယ်။ အဲ့ဒီ့ဝေဒနာကို သက်သာအောင် ဘယ်လိုများ ကုသရမလဲ ဆိုတာ အကြံတချက် ပေးကြည့်စေချင်ပါတယ်ရှင့်။

21
Jan

အမေးအဖြေ (၁၁၁) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ရာသီရက်ကို ဟော်မုန်း ၂ မျိုးတွဲပါ၊ တနေ့ ၁ လုံး၊ တလ ၂၈ လုံးသောက်ရတဲ့ တားဆေးနဲ့ လုပ်လို့ရပါမယ်။ ပဌမသောက်ရတဲ့ ၂၁ လုံးကိုရပ်လိုက်ရင် သွေးဆင်းမယ်။ ရက်တိုဘို့သုံးကြတာထက် တလတခါ မဟုတ်ဘဲ၊ ၂ လ၊ ၃ လ တခါရာသီလာအောင် သုံးကြတာ များတယ်။ တချို့ မိန်းကလေးတွေက ရာသီလာချိန်မှာ အနေရ ခက်လောက်အောင် ခံစားရတယ်။ စိတ်မူပြောင်းတာက အဆိုးဆုံး။

19
Jan

ကျား-လိင်အင်္ဂါ ကောက်နေခြင်း

ကျား-လိင်အင်္ဂါအထဲမှာ အမာရွတ်လို Plaque ဒါမှမဟုတ် Hard lump မာနေတဲ့ အစိုင်အခဲ ရှိနေတာမို့ လိင်တံက ကောက်နေတာကို ခေါ်တယ်။ နဲနဲကောက်တာနဲ့ များများကောက်တာ ရှိမယ်။ ဖြေးဖြေးဖြစ် တာနဲ့ မြန်မြန်ဖြစ်တာ ရှိတယ်။ အင်္ဂါ သန်မာမှုဖြစ်ရင် နာတယ်။ ကြာရင် နာတာ သက်သာလာနိုင်တယ်။ ကောက်နေတာ ကျန်နေတယ်။ လိင် ဆက်ဆံရာမှာ အခက်အခဲရှိလာနိုင်တယ်။ နဲနဲဖြစ်သူတွေမှာ ပြဿနာ မရှိပါ။

12
Jan

အမေး အဖြေ (၁၁၀) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

နောက်ထပ်သိစရာတခုက တကယ်လို့ တယောက်ယောက်မှာ ပါးစပ်၊ နှုတ်ခမ်း အနာအဆာ ရှိနေရင်၊ သွေးထွက်တာ ရှိနေရင် တခြား STD ရှိနေရင် HIV ကူးစက်ဘို့ အခွင့်အလမ်း ပိုများတယ်။ တခြား STD တွေဆိုတာ၊ လိင်လမ်းရေယုံ၊ ဆစ်ဖလစ်၊ ဂနိုးရီးယား၊ လိင်လမ်းကြွက်နို့တွေဖြစ်တယ်။ အစာလမ်းကူးစက်ရောဂါတွေဖြစ်တဲ့ အသဲရောင် (အေ) နဲ့ ဝမ်းကိုက်ပိုးတွေလဲ ဒီစာရင်းထဲထည့်ရတယ်။

10
Jan

အမေး အဖြေ (၁၀၉) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ကျွန်တော်တို့ မေလ ရောက်မှ လက်ထပ် ရမှာပါဆရာ။ အားကိုးစွာဖြင့် အကူအညီ တောင်းခံ အပ်ပါသည်။ ဆက်ဆံတာ ယောက်ျားလေးက အပြီးအထိမရောက်ရင် ကိုယ်ဝန်မရနိုင်ပါ။ ရာသီ ၂၁ ရက်တခါလာတာ ပုံမှန်လို့ပြောနိုင်ပါတယ်။ ဆင်းတာ အနည်း-အများ၊ အရောင် စိုးရိမ်စရာမရှိပါ။ ကလေးမရနိုင်တော့တဲ့အချက် မတွေ့ရပါ။ သုတအဖြစ်သိလိုတာရှိရင် အောက်က လင့်ခ် မှာ ခေါင်းစဉ်ရွေးဖတ်နိုင်ပါတယ်။

9
Jan

လင်မယား ဆက်ဆံရေး မေးခွန်း (၂)

လိင်မှုကိစ္စဟာ တခြား အရေးအရာတွေလိုဘဲ။ နှစ်ဦးနှစ်ဘက် ပါဝင်ပတ်သက်ရတယ်။ လက်လုပ်တီးတာ လက်နှစ်ဖက် ပါရသလိုမျိုး။ လက်နှစ်ဖက်တော့ ဟုတ်ပါရဲ့ တဖက်လက်ဝါးက ဖြန့်ကော့ထားရင် မြည်တဲ့ လက်ခုပ်သံက မပီသဘူး။ တက်ညီ-လက်ညီ ရှိကြတာ ကောင်းတဲ့ ဂုဏ်တရပ်ပါ။ ရှေ့သွား၊ နောက်လိုက်ညီကြတယ်ဆိုတာ အများအမြင်သာ ဖြစ် တယ်။ ဘက်ညီတယ်ဆိုတာမှာ အတူနေတဲ့ကိစ္စလဲ ပါသင့်တယ်။

7
Jan

အမေးအဖြေ (၁၀၈) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ပါးစပ်ကိုသုံးတာကတော့ အတော်များများ သုံးတတ်တပါတယ်။ နှုတ်ခမ်းရေယုံ မရှိဘို့ လိုတယ်။ မှိုပိုးဝင်မျာလဲ သတိထားရမယ်။ ရေးထားတဲ့ စာကိုလဲ ဖတ်နိုင်ပါတယ်။ Oral practice ဆက်ဆံရာတွင် ပါးစပ်ကို အသုံးပြုခြင်း http://dts-medicaleducation-adultblogspotin/2012/03/oral-practicehtml ကျင်ငယ်ရေ ဆိုတာတော့ မရှင်းပါ။ မတိုင်ခင်သောက်တာလား၊ ပြီးမျလား၊ ကျင်ငယ်ရေဆိုတာ မိန်းကလေးပြီးတဲ့အရည်လား မသဲကွဲပါ။

5
Jan

ကိုယ်ဝန် နှင့် ဘီပိုး

ပိုးဝင်ခံတဲ့နောက် ရက်ပေါင်း ၉ဝ ကနေ ၆ လ အတွင်း လက္ခဏာပြမယ်။ ရက်တိုပိုးဝင် လက္ခဏာတွေကတော့ အစား အသောက်ပျက်မယ်၊ ပျို့ချင် အန်ချင်မယ်၊ ကိုယ်ပူမယ်၊ ဗိုက်နာမယ်၊ အသားဝါမယ်။ ဆီးဝါမယ်။ ဝမ်းအရောင် ပျော့မယ်။ ဘူတဝက်လောက်မှာတော့ ရောဂါလက္ခဏာ မပြတတ်ဘူး။ ၁% လောက်ကတော့ သိပ်ဆိုးနိုင်တယ်။

5
Jan

အမေး အဖြေ (၁၀၇) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ကိုယ်ဝန်ရှိနေစဉ် သွေးဆင်းတယ်ဆိုတာ ဘယ်လောက်များများ ဆင်းလဲ သိချင်ပါတယ် ဆရာ။ ကျွန်မတို့ ဇနီးမောင်နှံက သားသမီးယူဖို့ ကြိုးစားနေကြတာပါ။ ပြီးခဲ့တဲ့လ အထိ ရာသီပုံမှာလာခဲ့ပြီး ဒီလမှာ ပုံမှန် လာရမယ့် ရက်ထက် (၇)ရက်လောက် စောပြီး သွေးဆင်းနေပါတယ်။ ဒါဟာ ပုံမှန်သွေးဆင်းတာလား ကိုယ်ဝန်ရှိတာလားဆိုတာ ဘယ်လိုခွဲခြားသိနိုင်မလဲ သိချင်ပါတယ်ဆရာ။

5
Jan

ယောက်ျား ပြီးခြင်း (၂)

တယောက်တည်းမှာကို တခါနဲ့တခါ မတူပါ။ ပြီးစီးမှုရလို့ သာယာနေချိန်မှာ အနှောင့်အယှက်လို၊ စိတ်ပြောင်း စရာလို ဝင်လာရင် ချက်ချင်း တန့်သွားတတ်တယ်။ တဖက်သူ ဆီကနေ လိင်ကတဆင့် ကူးစက်ရောဂါ ကူးလာမလား စိုးရိမ်စိတ်လဲ ရှိနေနိုင်တယ်။ မလိုချင်ဘဲ ကိုယ်ဝန် ရသွားမလားလဲ စိတ်ထဲပေါ်လာနိုင်တယ်။

3
Jan

အမေးအဖြေ (၁၀၆) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

တားဆေး ၂၈ လုံးပါတာကို နေ့စဉ် တရက် ၁ လုံး၊ ဆက်တိုက် ရက်မပျက်ဘဲ သောက်ရင် နောက်ဆုံး အတန်းသောက်နေ ချိန်မှာ ရာသီလာမယ်။ ဆေးကပ်ကုန်လို့ မလာရင် တခုခုဆန်း စစ်ရမယ်။ ဆေး မသောက်ဘဲ မေ့ဘူးသလား။ ဆေးကပ် ရက်စွဲကောင်းပါ သလား။ ဆေးကပ် မသောက်ခင်က ရာသီမှန်ခဲ့ သလား။ ပုံမှန်ဆိုရင် တကပ်ပြီး နောက်တကပ် ဆက်တိုက်သောက်ရ ပါတယ်။

1
Jan

အမေး အဖြေ (၁၀၅) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

သမီးအသက်က ၂၅ နှစ်ပါ။ရန်ကုန်မှာနေပါတယ်။ သမီး ၁၁ လပိုင်းက သအိမ်ခြစ်ထား ပါတယ်။ ဆေးရုံမှာတော့ မဟုတ်ပါဘူး။ ခြစ်ပြီးနောက် သွေးတွေ လာပါတယ်။ ၂ ကြိမ်ပါ။ ကုန်သလောက် နီးပါး ဆင်းပါတယ်။ တစ်ကြိမ်လာရင်လဲ ၄ ရက် ၅ ရက်လောက် လာပါတယ်။ ခုဒီလမှာလဲ ၂ ကြိမ်လာနေပါတယ်။ သွေးကတော့ မဲမနေပါဘူး နံလဲမနံပါဘူး။ ခဏခဏလာတော့ နဲနဲစိတ်ပူလာလို့ပါ။ ဘာလုပ်သင့်လဲဆိုတာ အကြံပေးပါဆရာ။

Follow me on:

Back to Top