လင်-မယား ဆက်ဆံတဲ့အခါ မနာသင့်ဘဲ နာတယ်ဆိုတာ စာ ၂ ပုဒ် ရေးထားပါတယ်။ အဲလိုအချိန်မျိုးမှာ နာတယ်ဆိုတဲ့နေရာတွေဟာ Labia မိန်းမကိုယ်နှုတ်ခမ်း၊ Vagin (ဗဂျိုင်းနား) နဲ့ Pelvic areas တင်ပါးဆုံတွင်း နေရာတွေ ဖြစ်တယ်။ ဒီနေရာတွေမှာ Sexual intercourse လိင်ဆက်ဆံမှုပြုတဲ့အခါ နာလာတဲ့ ဆေးဝေါဟာရ Dyspareunia စကားလုံးက ဂရိကနေလာတယ်။
ပါးစပ်နဲ့ လိင်အင်္ဂါ ထိတွေ့ရာက ရောဂါပိုး ကူးနိုင်ပါတယ်
ပုံမှန် လိင်ဆက်ဆံတာ၊ ဓမ္မတာမဟုတ်တဲ့ နည်းနဲ့ လိင်ဆက်ဆံတာ (စအိုကိုအသုံးပြုတာ)များနဲ့ နှိုင်းယှဉ်ရင် ပါစပ်နဲ့ လိင်အင်္ဂါထိတွေ့မှုကြောင့် HIV ပိုး ကူးစက်ဖို့ အန္တရာယ် မများလှဘူးလို့ ဆိုနိုင်ပေမယ့် HIV ပိုး မကူးနိုင်ဘူးလို့ ဘယ်သူမှ ယတိပြတ် မပြောနိုင်ပါဘူး။
အမျိုးသမီးများ မြုံခြင်း
အမျိုးသမီးအချို့ဟာ သုက်ပိုး ကောင်မဝင်ရောက်နိုင်တဲ့ သားအိမ် ခေါင်းအနေအထားမျိုး ရှိနေပါတယ်။ ပုံမမှန်ချွဲမြှေးများ ထုတ်လုပ်ခြင်း၊ ယခင်က သားအိမ်ခေါင်းခွဲစိတ်မှုပြု လုပ်ဖူးခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ် စမ်းသပ်ရမဲ့ စစ်ဆေးနည်းများ
ကိုယ်ဝန်ရှိပြီး အချင်းဖြစ်လာရင် အချင်းနဲ့ဆိုင်တဲ့ (hCG) ခေါ်တဲ့ ဟော်မုန်း ထွက်လာတယ်။ သွေးကိုလဲ စစ်နိုင်တယ်။ ဆီးကိုလဲ စစ်နိုင်တယ်။ ကိုယ်ဝန်ရှိ-မရှိဆီးစစ်တယ်ဆိုတာ ဒီဟော်မုန်း ပါနေ-မနေ စစ်ရတာဖြစ်တယ်။ စော်မုန်း ရှိနေတာ သာမကဘဲ အနည်း-အများလဲ စစ်သင့်တယ်။ အမွှာကိုယ်ဝန်ဆိုရင် များနေမယ်။
အမျိုးသားများ မြုံခြင်း
ကုသမှုတွေ ထဲမှာ- ခွဲစိတ်ကုသခြင်း၊ ကူးစက် ရောဂါပိုးအား ကုသခြင်း၊ လိင်ဆက်ဆံ မှု ပြဿနာများကို ကုသခြင်း၊ ဟော် မုန်းညီမျှအောင်ကုသခြင်း၊ HIV ကဲ့သို့ သုက်ပိုးကို ခန္ဓာကိုယ်ထဲမှ ထုတ်ယူပြီး ပြင်ပတွင် သန္ဓေအောင်စေသော နည်းများ ပါဝင်နိုင်တယ်။
ကိုယ်ဝန်ဆောင် နောက်ဆုံး (၃) လ
ကိုယ်ဝန် ၁၄ ပါတ်မှာ မိခင်လောင်းရဲ့သွေးလှည့်ပတ်မှုစနစ်ထဲကနေ ရေမြွာအိပ်ထဲကို အရည်တွေရလာစေတယ်။ ကိုယ်ဝန် ဒုတိယ ၃ လကစပြီး ကလေးဟာ ရေမြွာရည်ကို မျိုချမယ်။ ကျောက်ကပ်ကနေ ဆီးစွန့်မယ်။ ရေမြွာရည်ထဲမှာသာ စွန့်ထုတ်လို့ ပြန်မျိုချအုံးမယ်။
ကိုယ်ဝန်ပျက်ခြင်း တမျိုး
တကယ်လို့ သုက်ပိုးနဲ့ မျိုးဥ နှစ်ခုက ပေါင်းစပ်ကြမယ်။ (ဆဲလ်) တခုတည်းကနေ နှစ်ဆတိုးနည်းနဲ့ စဉ်တိုက်ဆက်တိုက် ပွါးများလာတယ်။ Placenta အချင်း နဲ့ Membranes အချင်းလွှာတွေဖြစ်လာမယ်။ ဒါပေမဲ့ embryo သန္ဓေဖြစ်မလာဘူး။ ဒီအခြေအနေမျိုးကို Blighted ovum လို့ ခေါ်တယ်။
(ဖိုက်ဘရို-အဒီနိုးဆစ်) ရင်သားရောဂါ
ဒီရောဂါရှိတဲ့ အမျိုးသမီးကနေ ရင်သားနာနေလို့ပါရှင့်လို့ ပြောကြတာချည်းဖြစ်တယ်။ တချို့က အကျိတ်လိုလို တွေ့တယ်လဲ ပြောမယ်။ ခွဲစိတ်တဲ့အခါ Definite lump အကျိတ်သန့်သန့် တွေ့ရတာ မဟုတ်ဘဲ Indurated area မာခဲနေတာကိုသာ တွေ့ရတယ်။
ကိုယ်ဝန်ဆောင်စဉ် အရင်လိုနေလို့ရသလား (၂)
ကျန်းမာရေးအရ ဘာမှ မဖြစ်ပါ။ လင်-မယားဆက်ဆံရေးဆိုတာ လိင်အင်္ဂါချင်း ဆက်ဆံမှုတခုထဲ မဟုတ်ပါ။ နှစ်ယောက်သား နားလည်မှုတော့ ယူကြရပါမယ်။
အမေးအဖြေ၊ မတ်လ ၂၀၁၂ (၂) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
မိန်းကလေးတွေမှာ ဆီးအောင့်တာ၊ ဆီးလမ်းပိုးဝင်တာ အဖြစ်များတယ်။ တခါဖြစ်ဘူးရင်လဲ ထပ်ဖြစ်နိုင်သေးတယ်။ ဆေးကုလို့လဲ မခက်လှပါ။ ဆီးသွားတိုင်းနာမယ်။ ဆီးပူမယ်။ ခဏခဏသွားချင်မယ်။ သွားချင် လာရင် မြန်မန်ြပြေးရတယ်။ ဆီးထဲ သွေးပါနိုင်တယ်။
ယောက်ျား ကပ်ပယ်အိတ်-မှိုရောဂါ ကုသနည်းများ
ဝှေးစေ့ ၂ ခုမှာ ယားနေလိုပါ။ ဆရာဝန်က ဈေးအရမ်းကြီးလို့ မပြတာပါ၊ ၃ နှစ်လောက်ရှိပါပြီ။ အူအတက် ခွဲပြီးကတည်းက စဖြစ်တာပါ။ Fluconazole 150mg တစ်ရက် ၁ လုံး၊ ၂ လလောက် သောက်ပါတယ်။
ရာသီမလာခင်ဖြစ်တာတွေ (၂)
အမျိုးသမီး ၈၅% မှာ တမျိုးမဟုတ်တမျိုး ခံစားကြရတယ်။ တချို့မှာ ဆိုးတာတွေအထိ ခံစားရတယ်။ အလုပ်မှာလဲ အဆင်မပြေ၊ အိမ်နေလဲ အခန့်မသင့်၊ လင်နဲ့ မယား စကားများအထိ ဖြစ်နိုင်တယ်။

Follow me on: