ပျို့-အန်၊ ခေါင်းကိုက်၊ ရင်သားတင်း-နာ၊ လိင်စိတ်နည်း၊ ခေါင်းမူး၊ ဆေးစသောက်ဘူးသူတွေ တလ၊ နှစ်လမှာ ရာသီရက် မမှန်ဖြစ်နိုင်တယ်။ ရှားရှားပါးပါး ဖြစ်နိုင်တာတွေကတော့ သွေးဖိအားတက်၊ နှလုံး၊ သွေးကြော ပိတ်၊ အသဲကင်ဆာ၊ သည်းခြေအိတ်ကျောက်တွေ ဖြစ်တတ်တယ်။
သုက်ရည်ထွက်ကျခြင်း
အတူနေတဲ့အခါ သူ့ရဲ့ သုတ်ရည်ဟာ သမီးထဲကို မဝင်ဘဲ ပြန်ထွက်ပါတယ်။ တော်တော် များများ ပြန်ထွက်တဲ့အတွက် အဲဒါဟာ ပုံမှန်ပဲလား၊ ပုံမှန်မဟုတ်ဘူးလားဆိုတာ သိချင်လို့ပါ။ ဘာကြောင့် အဲလိုဖြစ်တာပါလဲ။
ကိုယ်ဝန်ရအောင် ကြံဆောင်နည်း
ရာသီတလကို သွေးစဆင်းနေ့ကနေ တွက်တယ်။ တလဆိုတာ ၂၈ ရက်ကနေ ၃၂ ရက်အထိရှိနိုင်တယ်။ မျိုးဥထွက်တာ လလည်ရက်မှာ အများဆုံးဖြစ်ပေမဲ့ ၁၁ ရက်ကနေ ၂၁ ရက်အတွင်းမှာ ဖြစ်နိုင်တယ်။
ကလေးရအောင် ကုသနည်းများ
Clomiphene ဆေးကို ၆ လသောက်ပေမဲ့ မထူးခြားသေးရင် ဆရာဝန်က ဟော်မုန်း ထိုးဆေး ညွှန်းမယ်။ ဆေးအမျိုးမျိုး ရှိတယ်။ ထိရောက်ပါတယ်။ ဒီနည်းနဲ့ မျိုးဥထွက်သူ တဝက်က ကလေးရကြတယ်။ ဟော်မုန်း ထိုးဆေးကြောင့်လဲ ကလေးအမွှာရစေနိုင်တယ်။
ကိုယ်ဝန်ဆောင် ဝေဒနာ (၂ဝ)
ကိုယ်ဝန်ဆောင်တာနဲ့ အရင်လိုမဟုတ်တော့ဘူး။ ခံစားရမှာတွေ ရှိလာမယ်။ ကိုယ်ဝန်ဆောင်တွေက တယောက်နဲ့ တယောက်၊ တခါနဲ့ တခါ မတူကြပါ။ အခုရေးတာမှန်သမျှ ကိုယ်လဲ ခံရမယ် မထင်စေလိုပါ။ သက်သာအောင် ဘယ်လို လုပ်မလဲဆိုတော့ –
တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၂)
“ကနေ့အထိ ဒီ အရေးပေါ်တားဆေးတွေ အသုံးများရင် ဘာဖြစ်နိုင်သလဲ ဆိုတာကို သတ်သတ်မှတ်မှတ် လေ့လာမှုဆိုတာ မရှိသလောက်နည်းသေးပါတယ်”လို့ အဲဒီအကြံပြုတဲ့ ပညာရှင်တွေကဘဲ ဆိုထားပါတယ်။ ဆိုလိုတာက (၁) ခုထိ သိသမျှ ခဏခဏလဲသောက်လို့ရတယ်။ (၂) ရေရှည်မှာဘာဖြစ်လာမလဲ မသိလို့ ရမ်း-မှန်းမပြောနိုင်ပါ။
ယောက်ျားတွေ အထူးသဖြင့် (ဂေး) တွေအတွက် ကာကွယ်ဆေး
တွေ့ရှိချက်ကတော့ HPV ပိုးနဲ့ မတွေ့သူတွေမှာ HPV infections ပိုးဝင်ခံရတာ နဲ့ Precancerous anal lesions စအိုမှာ ကင်ဆာ မတိုင်ခင် အဆင့် ဖြစ်လာတာကို ၇၅% ကာကွယ်ပေးနိုင်တာ တွေ့ရှိရတယ်။
Testosterone နှင့် လိင်စိတ်
ယောက်ျားတိုင်းမှာ အသက် ၂ဝ ကျော်အရွယ်မှာ လိင်စိတ် အများဆုံးရှိရာကနေ တဖြေးဖြေးခြင်း နည်းနည်း လာတာ ပုံမှန်သာဖြစ်တယ်။ ဒါပေမဲ့ တယောက်နဲ့ တယောက် မတူကြပါ။ သူ့မှာ နည်းနေတယ်လို့ ထင်တာမျိုးကို နောက်တယောက်က အဲလိုထင်ချင်မှ ထင်မယ်။
အမေးအဖြေ (၃၃) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
ယ္ခု ကျွန်တော့မှာ မည်သည့် ရောဂါလက္ခဏာမျှ မပြသေးသော်လည်း HIV ရှိ-မရှိ ဆေးစစ်ချင်ပါတယ်။ ဆေးစစ်ရာတွင် window period အတွင်းစစ်ဆေးပါက ရောဂါပိုး ရှိ-မရှိ မသေချာဟုလည်း ကြားသိရသောကြောင့် မည်သည့် အချိန်တွင် သွေးဖေါက် ဆေးစစ်ခြင်းပြုလုပ်ပါက HIV ရောဂါပိုး ရှိ-မရှိအဖြေ သိရှိနိုင်မည်ကို မေးမြန်းလိုပါတယ်။
သုက်လွှတ်စောခြင်း (၃)
ဆက်ဆံနေရင်းနဲ့ သုက်လွှတ်ချင်စိတ်ပေါ်လာတာနဲ့ ဆက်ဆံတာကို ရပ်နားလိုက်ရမယ်။ ဒီအချိန်မှာ သူကိုယ်တိုင်ဖြစ်ဖြစ် အဖေါ်ကနေဖြစ်ဖြစ် ကျား-လိင်အင်္ဂါကို လက်နဲ့ ဆုပ်ကိုင်ပေးထားရမယ်။ လက်မနဲ့ လက် နှစ်ချောင်းသုံးပါ။ ကျား-အင်္ဂါခေါင်းပိုင်းရဲ့ အထက်နားမှာ ဖိအား အသင့် အတင့်ကို စက္ကန့် ၂ဝ ကြာတခါ ဖိပေးပါ။ ပြန်ပြီးတခါ ဆက်ဆံပါ။
ကျား-လိင်အင်္ဂါ သန်မာခြင်းကို သက်ရောက်စေသောဆေးများ
High blood pressure medicines and diuretics သွေးတိုးကျဆေးများ (သွေးကျဆေးများထဲတွင် Thiazides ဆေးအုပ်စုသည် ပဌမ၊ beta-blockers ဘီတာ-ဘလော့ကာများသည် ဒုတိယ ကျား-လိင်အင်္ဂါ မသန်မာခြင်းကို ဖြစ်စေနိုင်သည်။ Alpha-blockers အာလ်ဖါ-ဘလော့ကာများသည် အဖြစ်အနည်းဆုံးဖြစ်သည်။
ရာသီ မမှန်ရင် သတိထားစရာတွေ
အမျိုးသမီးအများစုဟာ တလမှာ ဟင်းခပ်ဇွန်း ၂-၃ ဇွန်းစာသွေးဆင်းကြတယ်။ ၅ ဇွန်းကျော်ရင် Menorrhagia များတယ်လို့ ပြောနိုင်တယ်။ များတာကြာရင် Anemia သွေးအားနည်းတာဆက်ဖြစ်လာနိုင်တယ်။

Follow me on: