မိန်းကလေး-အမျိုးသမီးတိုင်းဟာ သီးသန့်သဘောဆောင်တယ်။ သူ့ သဘာဝနဲ့သူ ရှိတယ်။ ရာသီ ရက်တိုမယ်၊ ရှည်မယ်၊ နည်းမယ်၊ များမယ်။ အပျိုဖြစ်ပြီး နှစ်တွေနဲနဲကြာရင် ကိုယ့်သဘာဝကိုယ် သိမှတ်ထားနိုင်ပြီ။ ငါ့ရာသီဟာ ဒီလိုဘဲလို့။ အများဆုံးက တလ ဆိုတာ ၂၈ ရက်၊ တလလာရင် ၃-၅ ရက်။ အဲလိုကနေ ထူခြားတာဖြစ်လာရင်တော့ သတိထားစရာတွေ ရှိလာမယ်။
Menstruation (3) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၃)
မိန်းကလေးတွေ၊ အမျိုးသမီးတွေ ရာသီ မမှန်တတ်တာ အတော်များများ ဖြစ်ကြရတယ်။ များသောအားဖြင့် စိုးရိမ်စရာမလို၊ ဆေးကုစရာ မလိုတတ်ပါ။ အသက်ငယ်တုံး၊ အပျိုဘော်ဝင်စနဲ့ သွေးဆုံးခါနီးရင် မမှန်ဘူး။ အခုလို ၂၂ နှစ် အရွယ် ကတော့ မှန်သင့်တဲ့ အရွယ်လို့ ပြောနိုင်တယ်။ ဒါလဲဘဲ သိပ်မစိုးရိမ်ပါနဲ့။
Menstruation (2) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၂)
မေးတဲ့သူက အပျို၊ အသက်လဲ ၂၇ နှစ်သာရှိသေးလို့ ကိုယ်ဝန်နဲ့ဆိုင်တာ၊ လိင်ကတဆင့်ကူးစက်ရောဂါတွေနဲ့ အသက်ကြီးမှ ဖြစ်လေ့ရှိတဲ့ ကင်ဆာတွေကို ဖယ်ထုတ်နိုင်ပါတယ်။ အလွယ်ဆုံးနည်းကတော့ အပျိပေမဲ့ ကိုယ်ဝန်တား ဟော်မုန်း ၂ မျိုးပါ၊ အများသုံး၊ ဈေးချို၊ တနေ့ ၁ ပြား၊ တလ ၂၈ ပြားသောက်ရတဲ့ဆေးကို ၃-၄ လ ဆက်သောက်ပါ။ ရာသီလဲမှန်မယ်၊ နာတာလဲ သက်သာမယ်။ ဆင်းတာလဲနည်းမယ်။ အဆင်ပြေရင် OG ကိုပြပါ။ စိတ်ဖိအား များနေရင် လျှော့ချပါ။
Menstruation (1) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၁)
ရာနှုန်းပြည့်တော့ မရဘူးမပြောနိုင်သေးပါ။ ကိုယ်ဝန်ဆိုတာ မျိုးဥထွက်တာနဲ့သာဆိုင်တယ်။ ရာသီလာတာနဲ့ မဆိုင်ဘူး။ မျိုးဥက ရာသီ မလာခင်ကလေး ထွက်ထားရင် ကိုယ်ဝန်ရချင် ရနိုင်တယ်။ တနေ့ကဘဲ မိန်းကလေး တယောက်က မေးသေးတယ်။ ရာသီရက်ထဲမှာ အကာကွယ်မပါဘဲ အတူနေမိလို့ ဆီးစစ်တော့ အပေါင်းပြနေသတဲ့။
Hematospermia သုက်ထဲသွေးပါခြင်း
သုက်ရည်ရဲ့ ပုံမှန်အရောင်ကို ဖြူ-ဝါဝါနဲ့ အလင်းရောင် ပိတ်မနေဘူးလို့ ပြောတယ်။ အဖြူကနေ အဝါဘက် လဲတယ်လို့လဲ ပြောတယ်။ နို့လို ပုလဲရောင်လို့ သတ်မှတ်တာလဲ ပုံမှန်ဘဲ။ သုက်မထွက်တာ ကြာရင် ခပ်ဝါဝါဖြစ်လာမယ်။ သုက်ပိုးမရှိ-နည်းနေသူဆိုရင် ကြည်နေမယ်။ STDs လိင်ကတဆင့် ကူးစက်ရောဂါ တချို့ကြောင့် နဲနဲပြောင်းမယ်။ ဒါလဲ အဖြူခဲလိုလို ဖြစ်တာပါ။
Semen question သုက်ရည် မေးခွန်း
ကျွန်တော် သုတ်လွတ်တိုင်း သုတ်ရည်ထဲမှာ အဝါရောင် အခဲအရှည်လေးတွေ ပါလာတယ်။ သုတ်လွတ်တဲ့ အကြိမ်ရေ များရင်တော့ အနည်းငယ်သာ ပါလေ့ရှိတယ်။ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းကဖြစ်နေတာပါ။ နိုင်ငံခြားထွက်ဖို့ ဆေးစစ်တော့လည်း ဘာပိုးမှမရှိပါဘူး၊ ဖျားတာနာ မရှိပါဘူး။ ဆီးလည်းကောင်းပါတယ်။ ကျန်းမာရေးကလည်း ကောင်းပါတယ်။ အသက်က ၂၇ နှစ်ပါ။ ဒီကစ္စနဲ့ ပက်သက်လို့ စိတ်အနှောက်အရှက် ဖြစ်နေပါတယ်၊
Cervical Cancer (3) သားအိမ်အဝ-ကင်ဆာ (၃)
အမျိုးသမီးတွေမှာ ဒုတိယ အများဆုံး ဖြစ်တဲ့ Cervical cancer သားအိမ်ဝ ကင်ဆာ ဆိုတာ HPV (16, 18, 31, 33) စတဲ့ ဗိုင်းရပ်စ် အမျိုးအစားတွေ ကူးစက်တာ ခံရပြီးနောက်မှာ ဖြစ်လာတာလို့ ယုံကြည်ရတယ်။ တကမ္ဘာလုံးမှာ နှစ်တိုင်း လူနာသစ် ၅ သိန်းတွေ့နေရတယ်။ ဒါကြောင့် စောစောစီစီးသိအောင် မဖြစ်မနေစစ်ဆေးနေသင့်တယ်။
ကလေးရအောင် ကုသနည်းများ (၁)
တကယ်လို့ ယောက်ျားရဲ့သုက်ပိုးတွေက အရေအတွက်လဲနည်း၊ လှုတ်ရှားမှုလဲ နှေးတာမျိုးက များနေရင် အကူအညီ လိုတယ်။ ဒီလိုနည်းကို Intracytoplasmic sperm injection (ICSI) လို့ ခေါ်တယ်။ သန်စွမ်းတဲ့ တခုတည်းသော သုက်ပိုးကို မျိုးဥဆီအရောက် ထိုးထည့်ပေးတယ်။ ရလာတဲ့ သန္ဓေကို တခါ IVF procedure နည်းနဲ့ သားအိမ်ထဲ ပြောင်းထည့်ပေးမယ်။
Sperm count သုက်ပိုးများစေနည်း
ပုံမှန် ယောက်ျား-သုက်ရည်ဟာ အဖြူနဲ့ မီးခိုးရောင်စပ်ကြားမှာ ရှိတယ်။ တခါတလေ နဲနဲဝါတယ်။ ပန်းရောင်ရှိတယ်။ အနီရောင် ဖြစ်နေရင် သွေး ပါနေလို့ပါ။ ကျားအင်္ဂါကနေ ထွက်တာနဲ့ သုက်ရည်က ခဲလာတော့ ပြစ်ချွဲလာတယ်။ ၅ မိနစ် ကနေ နာရီဝက်မှာ ပြန်ပြီး အရည်ဖြစ်တယ်။ အဲလိုမဖြစ်ရင် ကလေးရနိုင်စွမ်းကို ထိခိုက်စေတယ်။ ပျမ်းမျှဆိုရင် တခါသုက် ထွက်တာက ၂-၅ စီစီ (မီလီ-လီတာ) ရှိတယ်။ သုက်မလွှတ်တာ ကြာရင် များပြီး၊ ခဏခဏ ထွက်ရရင် နည်းမယ်။ ရောဂါ မဟုတ်ပါ။
Azoospermia သုက်ပိုးမရှိခြင်း
Kallman syndrome နဲ့ hyperprolactinemia တွေဆိုရင် ကုသပေးလို့ရတယ်။ သုက်ပိုးကို ကျားအစိကနေထုတ်ယူမယ်။ IVF နဲ့ ICSI နည်းတွေနဲ့ ကလေးရအောင်ကြိုးစားနိုင်တယ်။ ခက်ခဲတာက ၅ဝ% သာသုက်ပိုးထုတ်ယူလို့ရတယ်။ ကျားအစိ အရွယ်အစား၊ serum FSH level နဲ့ biopsy reading တွေကြည့်ပြီး အောင်မြင်နိုင်မှုကို မှန်းဘို့ခက်တာဖြစ်တယ်။
ပဋိဇီဝဆေးသစ်ကို ယူအက်စ် ဆေးပညာရှင်တွေကတွေ့ရှိ
ပဋိဇီဝဆေးဆိုတာ ဗက်တီးရီးယားတွေကိုနိုင်တဲ့ ဆေးတွေဖြစ်တယ်။ သက်ရှိတမျိုးကနေ နောက်သက်ရှိကိုနိုင်စေလို့ အင်တီဘိုင်အောတစ် လို့ခေါ်တယ်။ ဆေးအသစ် ၂၅ မျိုး တွေ့ရှိလာပါပြီ။ ဆေးသစ်တွေမပေါ်တာတာ ဆယ်စုနှစ် ၃ စု လောက်ရှိပါပြီ။ Journal Nature ဂျာနယ်မှာ Game-changer တိုက်ပွဲကို ပြောင်းစေမဲ့ တွေ့ရှိချက်လို့ တင်စားထားပါတယ်။
VDRL နဲ့ TPHA ကာလသားရောဂါ စစ်ဆေးခြင်း
ဘေးထွက်ဆိုးကျိုးတွေ။ ဝမ်းပျက်၊ မွေးလမ်း-စအို-အရေပြားယား၊ ပါးစပ်နာ၊ ခေါင်းကိုက်၊ မျက်စိကြည့်မကောင်း၊ အရေပြား အနီထွက်၊ အပိန့်ထွက်၊ အသက်ရှူခက်။ နေလောင်၊ မျက်စိ-အရေပြားဝါ၊ ဆီးနီ၊ ဝမ်းအရောင်ပျော့၊ အစားပျက်၊ အန်ချင်၊ အစာမကျေ၊ ဗိုက်နာ၊ အားယုတ်၊ စိတ်မကြည်၊ ဆီးနဲ။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကို မပေးပါ။

Follow me on: