နာတာရှည်၊ ပြန်ပြင်မရအထိ ဖြစ်မယ်။ Tubal infertility ကလေးမရတာ ၁၁% မှာ ဖြစ်လာနိုင်တယ်။ Ectopic pregnancy သားအိမ်ပြင်ပ သန္ဓေတည်တာလဲ ဖြစ်နိုင်တယ်။ Premature delivery အချိန်စော မွေးတာလဲ ဖြစ်နိုင်တယ်။ အရေပြား၊ အဆစ်၊ မျက်စိတွေကို ဖြစ်တာ နည်းတယ်။ HIV ပိုးနဲ့ ထိစပ်မှုရှိရင် ကူးလာနိုင်ခြေ ပိုများတယ်။ တခြား STD ရောဂါတွေနဲ့လဲ တွဲဖြစ်နေနိုင်တယ်။ ဆေး မကုဘဲနေရင် မြုံနေမယ်။ ပြန်ဖြစ်မယ်။
အနမ်းမှတစ်ဆင့် ဘက်တီးရီးယား သန်း ၈၀ ကူးစက်နိုင်
ဖို-မ သဘာဝ တစ်ဦးနှင့်တစ်ဦး နမ်းရှုပ် ကြရာဝယ် ၁ဝ စက္ကန့်မျှ နမ်းရုံဖြင့် တစ်ဦးနှင့် တစ်ဦး၏ ခံတွင်းမှ ဘက်တီးရီးယား သန်း ၈ဝ ခန့် အပြန်အလှန် ကူးစက်နိုင်ပြီး တစ်ရက်လျှင် အနည်းဆုံး ကိုးကြိမ် နမ်းသော ချစ်သူစုံတွဲ များတွင် အပြန်အလှန် ကူးစက်ပြီးနောက် ခံတွင်း ဘက်တီးရီးယား အုပ်စုများလည်း တူသွား တတ်ကြောင်း နယ်သာလန် နိုင်ငံမှ သုတေသီများက ပြောပြသည်။
ဆီးလမ်းကြောင်း ရောဂါဆေးများ
rethritis ဆီးလမ်းပြွန်အ၀ ရောင်ခြင်း၊ = Cefixime 400 mg Orally once; Ciprofloxacin 500 mg Orally once; Ceftriaxone 250 mg IM once; Acute Interstitial Nephritis (Due to drugs such as Penicillins, Cephalosporins, Sulfonamides, NSAIDs, Rifampin, Phenytoin, Allopurinol and Infections ဆေးများကြောင့် ကျောက်ကပ်ရောင်ခြင်းများ၊ = Methylprednisolone 0.5-1 Gm/day x 1-4 days or Prednisolone 60 mg/day x 1-2 weeks; Acute Glomerulonephritis (Hypertension, Edema, urinary RBC and Albumin) = High-dose Steroids
အရက်နှင့် သုက်ပိုး
လေ့လာမှုများတွင် တိရစ္ဆာန်များကို အရက်ပေးရာ သုက်ပိုးအရည်အသွေး လျော့နည်းကြောင်းတွေ့ရှိခဲ့ရသည်။ ယခုလေ့လာမှုအတွက် အသက် ၁၈ နှစ်နှင့် ၂၈ နှစ်ကြားအမျိုးသား ၁၂၂၁ ဦးကို လေ့လာခဲ့သည်။ ၎င်းင်းကိုဆီမှ သွေးနှင့် သုက်ပိုးနမူနာများကို ယူပြီး လေ့လာခဲ့သည်။ အရက်သောက်သူ များသည် သွေးတွင်းရှိ Sexhormo-ne binding globulin (SHBG) သည် ကျဆင်းနေကြောင်းတွေ့ရှိခဲ့ရ သည်။
ကြားရက် သွေးဆင်းခြင်း
သားအိမ်ဝ၊ ဗဂျိုင်းနား၊ တခြားနေရာ ဘယ်ကလာတယ်ဆိုတာကို ခွဲခြားရမယ်။ ဒီသွေးက သားအိမ်အထဲဖြစ်ဖြစ်၊ သားအိမ်အဝကဖြစ်ဖြစ် လာနိုင်တယ်။ မျိုးဥအိမ်ကနေလာတာလဲ မဖြစ်ဘူး မပြောနိုင်ပါ။ ရာသီ စဆင်းပြီး၊ ၁ဝ ရက်နဲ့ ၁၅ ရက်ကြား ဆင်းတာ များတယ်။ အတွင်းခံကို စွန်းယုံလေးကနေ များများလဲ ဆင်းနိုင်သလို ခဏလေးကနေ ၂-၃ ရက်အထိ ကြာတတ်တယ်။ အရောင်က အနီ၊ အညို၊ ပန်းရောင်နဲ့ အကျိအချွဲပါ ရောတတ်တယ်။
Syphilis ဆစ်ဖလစ်
CDC 2010 ရဲ့ STD လိင်ကတဆင့်ကူးစက်ရောဂါ ဆေးလမ်းညွှန်မှာလဲ ထိရောက်တယ်လို့ ဆိုထားတယ်။ တချို့ ဆေးယဉ်တာလဲတွေ့ရတယ်။ ဒါကြောင့် ပနယ်စလင် နဲ့ Doxycycline သုံးမဖြစ်မှသာ Azithromycin ကို ပေးသင့်တယ်။ လိင်တူဆက်ဆံသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေ ကိုတော့ Azithromycin မပေးသင့်ပါ။ ဆေး ကုသမှုရဲ့ ဘေးထွက် ဆိုးကျိုး Jarisch-Herxheimer reaction ဆိုတာဖြစ်တတ်တယ်။ ဆေးပေးကာစ ၁ နာရီကနေ တရက် အတွင်းဖြစ်နိုင်တယ်။
Pregnancy and HIV ကိုယ်ဝန်နှင့် HIV
ကိုယ်ဝန်ဆောင်တိုင်း HIV ရှိ-မရှိ စမ်းသပ်ရမယ်။ ကိုယ်ဝန်ဆောင်ကာစကတည်းက ပိုးရှိနေတာသိရင် ဆုံးဖြတ်ချက်ချဘို့ ပိုကောင်းတယ်။ ကလေးကို မကူးစေအောင်ဆောင်ရွက်ဘို့ အချိန်ပိုရလို့ကောင်းတယ်။ သူ့ခင်ပွန်းအတွက်လဲ မတူးအောင် လုပ်ဘို့လိုတယ်။ ပိုးဟာ သွေး၊ ကိုယ်ခန္ဓာကထွက်တဲ့ အရည် (ယောက်ျား စီမင်၊ မိန်းမ ဗဂျိုင်းနား အရည်၊ နို့ရည်) တွေနဲ့ ပိုးရှိမိခင်ကနေ မွေးလာမဲ့ကလေးကို ကူးနည်းတွေနဲ့ ကူးစက်တယ်။ လိင်လမ်းကနေ ကူးတာက အများဆုံးဖြစ်တယ်။
ANC ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း
ကိုယ်ဝန်ဆောင်စောင့်ရှောက်ပေးတာကို Antenatal Care (ANC) လို့လဲခေါ်တယ်။ Prenatal care လို့လဲခေါ်တယ်။ ကိုယ်ဝန်ဆောင်တွေ အတွက် လုပ်ပေးရတာ အသက်နှစ်ချောင်း၊ ကုသိုယ် ၂ ဆ ရပါတယ်။ အမွှာဆို ပိုသေးတယ်။ ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ ကျန်းမာရေးအသိနဲ့ လုပ်စရာတွေ အများကြီးရှိတယ်။ ကိုယ်ဝန်ကို အပ်ပါ။ သွားပြီးမွေးမယ်လို့ ရည်ရွယ်တဲ့ ဆေးခန်း၊ မွေးခန်း၊ ဆေးရုံတွေမှာ အပ်တာက ပိုကောင်းတယ်။
Marriage Advice (2) သီတင်းကျွတ်ရင် ဖတ်စေချင် (၂)
သူ့မှာ ကူးစက်ရောဂါတွေရှိသလား။ ကိုယ့်မှာကော အဲတာတွေကင်းရှင်းရဲ့လား။ လိင်ကတဆင့် ကူးစက်ရောဂါတွေကို စစ်ဆေးသင့်တယ်။ အများစုရောဂါတွေက ရောဂါ မပြဘဲ ပိုးရှိနေတာမျိုး ဖြစ်နိုင်တယ်။ သိလိုက်တာနဲ့ ဆေးကုလိုက်ရင် အိမ်ထောင်ပြုတဲ့ အချိန်မှာ အိမ်ထောင်ဘက်ကို ဒုက္ခမပေးနိုင်တော့ပါ။ တချို့ရောဂါတွေက သောက်ဆေးနဲ့ ရတယ်။ တချို့လဲ ဆေး ၃ လုံးထိုးတာနဲ့ပြီးတယ်။ ရောဂါရှိမှန်း မသိဘဲ အိမ်ထောင်ပြုလိုက်ရင် ဇနီး-ခင်ပွန်းကိုသာမက မွေးလာမဲ့ ကလေးတွေကိုပါ ဒုက္ခပေးမယ်။
Adenomyosis သားအိမ်အတွင်းဆုံးလွှာရောဂါတမျိုး
ရာသီလာတိုင်းနာမယ်။ ဗိုက်အောက်ပိုင်းနာမယ်။ လေတက်မယ်။ ဆင်းတာလဲများမယ်။ တနေရာလောက်မှာသာ အဲလိုဖြစ်တာနဲ့ သားအိမ် တခုလုံးမှာဖြစ်တာလို့ ရှိတယ်။ ခံရတာ မသက်သာလှပေမဲ့ ကင်ဆာ မဟုတ်ပါ။ တချို့မှာ ရောဂါရှိနေပေမဲ့ မသိသလိုနေနိုင်သေးတယ်။
Pills Q and A (2) တားဆေး အမေး-အဖြေ (၂)
ကိုယ်ဝန် အကုန်ပျက်ခြင်း ဆိုရင် ဆင်းစရာမှန်သမျှ အကုန်ဆင်းလို့ သွေးထပ်မဆင်းတော့ဘူး။ ခါးကိုက်-ဗိုက်နာလဲ မဖြစ်တော့ဘူး။ ကိုယ်ဝန်နုရင် ပိုဖြစ်တတ်တယ်။ Incomplete abortion တဝက်တပျက် ကိုယ်ဝန်ပျက်ခြင်း ဆိုရင် သွေးဆင်းနေတာက မရပ်ဘူး။ ဆင်းချင်လာရင် ဗိုက်နာမယ်။ ဆရာဝန်က စမ်းရင် သားအိမ်က ပုံမှန်ထက် ကြီးနေအုံးမယ်။ သားအိမ်ဝလဲ တဝက်တပျက် ပွင့်နေမယ်။
Clomiphene Citrate ကလေးမရနိုင်သူများအတွက်ဆေး
Side Effects ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ = Ovarian hyperstimulation နည်းနည်းသာဖြစ်ရင် မျိုးဥအိမ်က ကြီးလာမယ်။ ဗိုက်အောင့်မယ်။ အလတ်စားဆိုရင် ပျို့ချင်-အန်ချင် ဖြစ်မယ်။ ဆိုးဝါးသူတွေမှာ အသက်ကို အနရာယ်ပေးနိုင်တယ်။ မျက်နှာတွေ နီမြန်းမယ်။ စိတ်တိုမယ်။ ခေါင်းကိုက်မယ်။ သားအိမ်အဝက ချွဲတွေ စေးပြစ်လို့ သုတ်ပိုးအလွယ်နဲ့ ဝင်မရဖြစ်နိုင်တယ်။

Follow me on: