30
Nov

ကတိပေးပါ သူငယ်ချင်း

ငါမင်းနဲ့ မနှစ်ကတွေ့တုန်းက အားရပါးရ နှုတ်ဆက်ချင်ခဲ့မိတယ် သူငယ်ချင်း။ မင်းလည်း အန်ဂျီအိုမှာ အလုပ်လုပ်နေတာသိတော့ ၀မ်းသာမိတယ်။ ငါတို့တွေ ကွဲသွားကြတာ ၁၀ နှစ်ကျော်နေပြီလေ။ ငယ်ငယ်တုန်း ကလို လက်သီးပြင်းပြင်းလေးနှစ်ချက် သုံးချက်လောက် မင်းကို စပြီး ထိုးပြစ်လိုက်ချင်သေးတယ်။ ဒါပေမယ့် မင်းက လူအများလေးစားတဲ့ ဆရာဝန်ကြီးဖြစ်နေပြီလေ။

8
Sep

HIV ကုထုံးဆိုင်ရာ ဆွေးနွေးဖွယ်ရာအဖြာဖြာ…. အပိုင်း (၃)

ART ကုထုံးရဲ့ ရည်မှန်းချက်ပန်းတိုင်က လူနာတွေ အသက်ရှည်စေဖို့နဲ့ လူနေထိုင်မှု ဘ၀အရည်သွေး (Quality of Life) မြင့်မားရေးပါ။ ဒီပန်းတိုင်းကို ရဖို့ဆိုရင် HIV ပိုးပမာဏကို အနည်းဆုံးအထိ (သွေးတစ်စက်မှာ အကောင် ၅၀ အောက် နည်းခြင်း) လျော့ကျအောင် လုပ်နိုင်ရင် ရနိုင်ဖွယ်ရှိပါတယ်။

21
Aug

HIV ကုထုံးဆိုင်ရာ ဆွေးနွေးဖွယ်ရာ အဖြာဖြာ .. အပိုင်း(၂)

ဒီမေးခွန်းကို မဖြေခင်မှာ ART ဆေးတွေကို ဘယ်လိုအမျိုးစားခွဲထားလဲ ဆိုတာ ပြောပြချင်ပါတယ်။ ART ဆေးတွေရဲ့ အသုံးဝင်ပုံ၊ ကောင်းကျိုး/ဆိုးကျိုးနဲ့ အာနိသင်တွေကိုလေ့လာပြီးတဲ့ နောက်မှာ အမျိုးစား (၂) ခု ရှိပါတယ်။

9
Aug

HIV ကုထုံးဆိုင်ရာ ဆွေးနွေးဖွယ်ရာအဖြာဖြာ

HIV/AIDS ရောဂါဟာ တကယ်တော့ ရောဂါသစ် တစ်ခုပါပဲ။ ဒီရောဂါအကြောင်း အခုထိလေ့လာလို့ မကုန်သေးပါဘူး။ AIDS ရောဂါကို ၁၉၈၁ မှာစတင်တွေ့ရှိပြီး HIV ပိုးကို ၁၉၈၃ မှာ အတည်ပြုခဲ့တာပါ။

26
Jul

ဂုဏ်ယူစရာ ၂၀၁၂ ဖဲကြိုးနီဆုရှင် HELP အဖွဲ့

၂၀၁၂ ခုနှစ် လိင်ကတဆင့် HIV ကူးစက်မှု ကာကွယ်ရေးနဲ့ ပတ်သက်ပြီး – ဖဲကြိုးနီဆု ကို မြန်မာနိုင်ငံမှ The HELP အဖွဲ့ကို လက်ရှိ ဝါရှင်တန်ဒီစီမှာ ကျင်းပနေသော နိုင်ငံ တကာ အေ့စ် ညီလာခံတွင် ချီးမြင့်ကြောင်း ကြားသိရ

18
Jun

HIV Vs TB (အမေး အဖြေ)

တီဘီဆေး မသောက်ခင် စီဒီဖိုးအရေတွက်နဲ့ သောက်နေတုန်းအရေတွက်၊ သောက်ပြီး အရေတွက်တွေကို နှိုင်းယှဉ်ခြင်းအားဖြင့် HIV ပိုးအခြေနေကိုပါ ခန့်မှန်းနိုင်ပါတယ်။

10
Mar

နောက်ပြန်လှည့်မကြည့်တော့

တစ်နေ့ စာရွက်တချို့ ကျွန်မလိုက်ရှာရင်းနဲ့ သူ့ရဲ့ဆေးစာရွက်ကို မထင်မှတ်ဘဲ တွေ့ခဲ့တယ်။ သူဟာ HIV ပေါ့စတစ်ပါလို့ ဒီဆေးစာရွက်ကထောက်ခံထားတယ်။ ကျွန်မသူနဲ့ ထိပ်တိုက်တွေ့မေးတယ်။ ကျွန်မတို့ကွန်ဒုံးသုံးတာ ဒါကြောင့်လားပေါ့။

10
Mar

Positive women ရဲ့စကား

ကျွန်မတို့ထဲက တချို့မှာ HIV ရှိတဲ့ ယောင်္ကျားလေးအဖော်(သို့) မိန်းကလေးအဖော် ရှိတတ်ကြပါတယ်။ တချို့ကလက်ထပ်ကြပါတယ်။ အခြားသူတွေမှာလည်း HIV မရှိတဲ့ လက်တွဲဖော်တွေရှိနေတတ်ပါတယ်။ တချို့တလေကတော့ လူလွတ်တွေပါ။

21
Feb

HIV/AIDS အတွက် လှူဒါန်းနိုင်သော လိပ်စာနှင့် ဖုန်းနံပါတ်များ

HIV/AIDS နှင့်အတူ နေထိုင်သူများအတွက် လှူဒါန်းနိုင်သော လိပ်စာများ ဖုန်းနံပါတ်များ…. ၁။ သုခရိပ်မြုံ (မန္တလေး) လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ၊ တောင်စလင်း တိုက်သစ်ဝင်း မန္တလေးမြို့ ။ ဖုန်း-ဝ၉-၂၀၃၄၇၄၀

17
Feb

စအိုလမ်းကြောင်း ကင်ဆာ (Anal Cancer) (အပိုင်း ၂)

ပုံမှန်အားဖြင့် အများပြည်သူတွေအတွက်တော့ ကြိုတင်စစ်ဆေးဖို့ သိပ်မလိုပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ချေများတဲ့ သူတွေ အထူးသဖြင့် HIV ပိုးရှိတဲ့ လိင်တူဆက်ဆံသူအမျိုးသားတွေ၊ HIV ပိုးရှိပြီး စအိုလမ်းကြောင်း အသုံးပြုဆက်ဆံတဲ့ အမျိုးသမီးတွေအတွက်တော့ စစ်ဆေးဖို့လိုအပ်ပါတယ်။

16
Feb

စအိုလမ်းကြောင်း ကင်ဆာ (Anal Cancer) (အပိုင်း-၁)

HPV ပိုးဆိုတာ တစ်မျိုးတည်းရှိတာမဟုတ်ပါဘူး။ မျိုးခွဲပေါင်း ၁၀၀ ကျော်ရှိပါတယ်။ တစ်ချို့ပိုးမျိုးတွေက လူကို ဘေးဥပါဒ်မဖြစ်စေပေမယ့် တစ်ချို့ကတော့ ကင်ဆာရောဂါဖြစ်တဲ့အထိ ဒုက္ခပေးတတ်ပါတယ်။

29
Apr

******** Hot-Line HIV Counseling Service from HIM *********

အမည်ပြောစရာမလိုပါ…။ ဆွေးနွေး ပြေားကြားသမျှကို အထူးနှုတ်လုံစွာ ထိန်းသိမ်းလျှို့ဝှက် ပေးထားမည် ဖြစ်ပါသည်။ ရေငုံနှုတ်ပိတ် ကြိတ်မှိတ်ခံစားနေမယ့် အကြောင်းရာတွေ အတွက် ရင်ဖွင့်ဖို့ နေရာတစ်ခုက လက်ကမ်း ကြိုဆိုပါတယ်……။
အပတ်စဉ် စနေ နှင့် တနင်္ဂနွေနေ့တွေမှာ 09-430-550-45 ဖုန်းက နံနက် ၈း၀၀ နာရီကနေ နေ့လည် ၁၂း၀၀ နာရီထိ မိတ်ဆွေတို့အတွက် အထူးကဏ္ဍအဖြစ် ဖွင့်လှစ်ထားမှာဖြစ်ပါကြောင်း …..။

Follow me on:

Back to Top