အဆိုပါ အိပ်ခ်ျအိုင်ဗီပိုးသည် လိင်ဆက်ဆံခြင်း၊ သွေးသွင်းခြင်း၊ မူးယစ်ဆေး အကြောထဲ ထိုးသွင်းသူများအနေဖြင့် အသုံးပြုသော အပ်များ အတူမျှဝေသုံးစွဲခြင်းတို့မှ ကူးစက်လျက်ရှိသည်။
HIV ပိုး ရှိမရှိ ဘာကြောင့်စစ်ဆေးသင့်သလဲ
ရောဂါပိုးရှိမရှိကို ဆေးစစ်လိုသူတွေဟာ အလွတ်ကိုယ့်သဘောနဲ့ကိုယ် ဆေးစစ်ပြီး ရှိမရှိကို သိတာမျိုးထက်၊ သွေးမစစ်မှီနဲ့ သွေးစစ်ပြီးအချိန်တွေမှာ ဆွေးနွေးညှိနှိုင်း အကြံပေးမှုကို ရယူနိုင်ရင် ပိုကောင်းပါတယ်။ ဘာကြောင့် ဆွေးနွေးညှိနှိုင်း အကြံပေးမှုကို ခံယူသင့်သလဲဆိုရင် ရောဂါပိုးရှိခြင်း မရှိခြင်းစာ ကိုယ်အတွက် များစွာအရေးပါနေတဲ့ အတွက် စိတ်ပိုင်းဆိုင်ရာရော၊ လူမှုရေးပိုင်းမှာပါ စိတ်ဖိစီးမှုတွေ ရှိနိုင်လို့ပါပဲ။
What is HIV , AIDS
ထိုဗိုင်းရပ်စ်ပိုးသည် သေးငယ်လှသော ဇီဝပစ္စည်းတခုဖြစ်ပြီး သတ္တဝါများအတွင်းရှိ ကလာပ်စည်းများ သို့ဝင်ကပ်ပေါင်းပြီး ထိုကလာပ်စည်းအတိုင်း ပုံစံကူးယူနိုင်စွမ်းရှိသည်။ ထိုကလာပ်စည်းများက အိတ်ခ်ျ အိုင်ဗွီပိုး ပုံစံတူများ ဖွဲ့စည်းအပြီး သေဆုံးသွားသော်လည်း အခြားကလာပ်စည်းများ၌ သွားရောက် ဝင်ကပ်ပူးရန် ထိုပုံစံတူပိုးကလာပ်စည်းများကို ထုတ်လွှတ်ပေးလေသည်။
HIV ပိုးထိန်းဆေး ART
သုတေသန အရ ART တကယ် လိုအပ်နေသူ ၄ ဦးမှာ ၁ ဦးသာ ART ဆေး ရရှိ နေပါတယ်။ ကျန်တဲ့ လူတွေဟာ AIDSဝေဒနာနဲ့ အတူ စိတ်ဓာတ် ကျဆင်းမှုပါ ခံစားရပြီး မိသားစု တာဝန်၊ တိုင်းပြည် တာဝန်၊ HIV/ AIDS တိုက်ဖျက်ရေး တာဝန်တွေကို ဆက်လက် မလုပ်ဆောင်နိုင်တော့ဘဲ သေဆုံးရ မှာ ဖြစ်ပါတယ်။ NGOဆေးခန်းတွေ၊ အစိုးရ ဆေးရုံတွေဆီက ဆေးအခမဲ့ သောက်နေသူတွေ အတွက် တော့ သိပ်ပြဿနာ မရှိလှပေမယ့်Self-Funcled လို့ခေါ်တဲ့ မိမိ ပိုက်ဆံနဲ့ အပြင်မှာ ၀ယ်သောက်နေ သူတွေ အတွက်တော့ ဆေးအကြောင်း နားမလည်ဘဲ သောက်နေ နိုင်သလို၊ ဆေးပေးတဲ့ သူကလည်း ပြီးလွယ်စီးလွယ် ပေးနေနိုင်ပါတယ်။ ဒါကြောင့် ART နဲ့ ပတ်သက်တဲ့ အခြေခံ သတင်း အချက်အလက် တွေကို မှန်မှန်ကန်ကန် သိဖို့ ဝေငှ လိုက်ရပါတယ်။
(HIV&AIDS) ရောဂါဝေဒနာသည်များ (ART) ဆေးဝါးအပို ထပ်ရ
မွန်ပြည်နယ်အတွင်း (HIV&AIDS) ရောဂါခံစားနေသူများကို အကူညီပေးနေသော (IOM) အဖွဲ့မှ ရောဂါသည်များအတွက် လိုအပ်နေသည့် ရောဂါပိုးပြန့်ပွားမှုကို ဟန့်တားစေသည့် (ART (Anti-retrovial Therapy)) ဆေးဝါးကို ဧပြီလမှ စပြီး ယခင်ကထက် နှစ်ဆပို၍ ပေးနေသည်ဟု (IOM) အဖွဲ့သားတစ်ဦး၏ ပြောပြချက်အရသိရသည်။
အသုံးဝင်မည့် အကိုးအကား အချက်အလက်များ (၃)
အသုံးဝင်မည့် အကိုးအကား အချက်အလက်များအခန်းမှ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်အရေးကိစ္စအတွက် လုပ်ကိုင်ဆောင်ရွက်နေသော ထိုင်းနိုင်ငံရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများကို ဆက်သွယ်နိုင်ရန် လိပ်စာအပြည့်အစုံနှင့် ၎င်းအဖွဲ့များအကြောင်း အကျဉ်းချုပ်ကို ယခုစာမျက်နှာတွင် ဖေါ်ပြသွားမည်။ အိတ်ခ်ျအိုင်ဗွီ၊အေအိုင်ဒီအက်စ် သတင်းရေးသားပေးပို့ခြင်းလမ်းညွှန် စာမျက်နှာ (၁၅၁) မှ (၁၅၇) အထိတင်ပြထားသည်။
အသုံးဝင်မည့် အကိုးအကား အချက်အလက်များ (၂)
အသုံးဝင်မည့် အကိုးအကား အချက်အလက်များအခန်းမှ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်အရေးကိစ္စအတွက် လုပ်ကိုင်ဆောင်ရွက်နေသော ထိုင်းနိုင်ငံရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြစ်တဲ့ ၈။ မျှော်လင့်ချက်ရောင်ခြည်လုပ်ငန်းအစီအစဉ် Project HOPE Thailand၊ ၉။ MERCY CENTER, Human Development Foundation (HDF), Bangkok၊ ၁၀။ New Life Center Foundation, Chiang Mai ချင်းမိုင်မြို့၊ ၁၁။ Empower Thailand, Nonthaburi and Chaing Mai နွံထဘူရီမြို့ နှင့် ချင်းမိုင်မြို့၊ ၁၂။ ရပ်က်ထိုင်းဖောင်ဒေးရှင်း RAKSTHAI FOUNDATION, Thailand၊ ၁၃။ amfAR၊ ၁၄။ POPULATOIN AND COMMUNITY DEVELOPMENT ASSOCIATION (PAD) စသည့်အဖွဲ့များ အကြောင်းကို ယခုစာမျက်နှာတွင် ဖေါ်ပြသွားမည်။ အိတ်ခ်ျအိုင်ဗွီ၊အေအိုင်ဒီအက်စ် သတင်းရေးသားပေးပို့ခြင်းလမ်းညွှန် စာမျက်နှာ (၁၄၄) မှ (၁၅၁) အထိတင်ပြထားသည်။
အသုံးဝင်မည့် အကိုးအကား အချက်အလက်များ (၁)
အသုံးဝင်မည့် အကိုးအကား အချက်အလက်များအခန်းမှ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်အရေးကိစ္စအတွက် လုပ်ကိုင်ဆောင်ရွက်နေသော ထိုင်းနိုင်ငံရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြစ်တဲ့ ၁။ AIDS ACCESS FOUNDATION၊ ၂။ ဘတ်နမ့်ဖူးဘုန်းကြီးကျောင်း၊ ၃။ လော့ဘူရီပြည်နယ်ရှိ ထမာရတ်က်အဖွဲ့ (Thammarak Foundation)၊ ၄။ ထိုင်းလူငယ်လှုပ်ရှားမှုအစီအစဉ် (ချင်းမိုင်) THAI YOUTH ACTION PROGRAM, Chiang Mai၊ ၅။ ကလေးသူငယ်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ (ချင်းမိုင်)၊ ၆။ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့် နေထိုင်နေသူများကွန်ယက်အဖွဲ့၊ ၇။ ဘန်ကောက် ခေါ် THAI NETWORK OF PEOPLE LIVING WITH HIV/AIDS (TNP+), Bangkok၊ အေအိုင်ဒီအက်စ်ဆိုင်ရာ အစိုးရမဟုတ်သော ထိုင်းလူမျိုးများညွှန့်ပေါင်းအဖွဲ့ ခေါ် THAI NGO COALITION ON AIDS၊ ၀ယ်ယူစားသုံးသူများအတွက် ဖောင်ဒေးရှင်း ခေါ် FOUNDATION FOR CONSUMER နွံထဘူရီမြို့ စသည့်အဖွဲ့များ အကြောင်းကို ယခုစာမျက်နှာတွင် ဖေါ်ပြသွားမည်။ အိတ်ခ်ျအိုင်ဗွီ၊အေအိုင်ဒီအက်စ် သတင်းရေးသားပေးပို့ခြင်းလမ်းညွှန် စာမျက်နှာ (၁၃၈) မှ (၁၄၄) အထိတင်ပြထားသည်။
သတင်းတင်ပြခြင်း (၃)
သတင်းတင်ပြခြင်းအခန်းမှ သတင်းဆောင်းပါးအတွက် သတင်းဆောင်းပါးတစ်ပုဒ်ဖန်တီးရာ၌ ထည့်သွင်းစဉ်းစားသင့်သည့် အချက် (၁၀) ချက်၊ ကောင်းမွန်သောဇာတ်လမ်း သတင်းဆောင်းပါးရေးနည်းဆိုင်ရာ စဉ်းစားစရာများ၊ စသည်တို့ကို ယခုစာမျက်နှာတွင် ဖော်ပြသွားမည်။ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် သတင်းရေးသားပေးပို့ခြင်း လမ်းညွှန် စာမျက်နှာ (၉၆) မှ (၁၀၃) အထိတင်ပြထားသည်။
သတင်းတင်ပြခြင်း (၂)
သတင်းတင်ပြခြင်းအခန်းမှ သတင်းဆောင်းပါးအတွက် အချက်အလက်ရှာဖွေခြင်းဆိုင်ရာ တွေးစရာများ၊ ဆယ်ကျော်သက်များ သို့မဟုတ် အရွယ်ရောက်စလူငယ်များနှင့် ဌင်းတို့ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ကူးစက်ဖြစ်ပွားနိုင်မှု အန္တရာယ်၊ မိသားစုများနှင့် ဖိုမအပြန်အလှန်ဆက်နွယ်မှုများအပေါ် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်သက်ရောက်နေမှု၊ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်အပေါ် ဘာသာရေးခေါ်င်းဆောင်များနှင့် ဘာသာရေးလူ့အစုအစည်းများ၏ တုံ့ပြန်မှု၊ ရုပ်ရှင်နှင့် သတင်းမီဒီယာ၊ နိဒါန်းရေးနည်း၊ သတင်းတပုဒ်တွင် ကိန်းဂဏန်းများသုံးစွဲခြင်းအတွက် အကြံဥာဏ်များ စသည်တို့ကို ယခုစာမျက်နှာတွင် ဖော်ပြသွားမည်။ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် သတင်းရေးသားပေးပို့ခြင်း လမ်းညွှန် စာမျက်နှာ (၈၈) မှ (၉၆) အထိတင်ပြထားသည်။
သတင်းတင်ပြခြင်း (၁)
သတင်းတင်ပြခြင်းအခန်းမှ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့် နေထိုင်သူများအား တွေ့ဆုံမေးမြန်းခြင်း၊ တွေ့ဆုံမေးမြန်းခြင်းဆိုင်ရာ အထွေထွေအကြံပြုချက်များ၊ အကဲဆတ်သော တွေ့ဆုံမေးမြန်းခန်းများကို ကိုင်တွယ်ခြင်း၊ နာထောင်ခြင်းစွမ်းရည် တိုးတက်စေသောနည်းလမ်းများ၊ ပိုမိုရှင်းလင်းသော မေးခွန်းများမေးရန်အတွက် အကြံကောင်းများ၊ စသည်တို့ကို ယခုစာမျက်နှာတွင် ဖော်ပြသွားမည်။ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် သတင်းရေးသားပေးပို့ခြင်း လမ်းညွှန် စာမျက်နှာ (၈၁) မှ (၈၈) အထိတင်ပြထားသည်။
သတင်းတင်ပြခြင်းမတိုင်မီကာလ ကြိုတင်ပြင်ဆင်ခြင်း (၃)
သတင်းတင်ပြခြင်းမတိုင်မီကာလ ကြိုတင်ပြင်ဆင်ခြင်း အခန်းမှ သတင်းအရင်းအမြစ်များအား ကာကွယ်ခြင်း၊
အိတ်ခ်ျအိုင်ဗွီကိစ္စများကို ဆက်လက်သတင်းပေးပို့ဆောင်ရွက်ခြင်း၊ ရုပ်မြင်သံကြားသတင်းအတွက်၊
သတင်းဇာတ်လမ်းအကျဉ်းရေးသားခြင်း၊ နိဗ္ဗာန်ဘုံမှ သတင်းထောက်များနှင့် ငရဲဘုံမှ သတင်းထောက်များ
စသည်တို့ကို ယခု စာမျက်နှာတွင် ဖော်ပြသွားမည်။ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် သတင်းရေးသား ပေးပို့ခြင်း လမ်းညွှန် စာမျက်နှာ (၇၁) မှ (၇၇) အထိ တင်ပြထားသည်။

Follow me on: