8
Mar

HIV ဝေဒနာရှင်တစ်ဦးမှ ခုခံအား ကျဆင်းမှုရောဂါ အကြောင်း စက်ဘီးစီး၍ မြန်မာ တစ်ပြည်လုံးသို့ ရင်ဖွင့်ပြောကြားသော ခရီးစဉ်

မကွေးမြို့ ဈေးလယ်စိုးရပ်ကွက်၊ ဂရုဏာရှင်များ နာရေးကူညီမှု အသင်း (မကွေး) ၌ မတ် (၈) ရက်၊ နေ့ (၉း၄၀) မှ (၁၀း၄၀) နာရီ အချိန်ခန့်တွင် နာယက ဆရာတော် ဦးသာသနနှင့် အဖွဲ့ဝင် (၃၀) ခန့်တို့သည် HIV ဝေဒနာရှင် တစ်ဦးမှ စက်ဘီးစီး၍ မြန်မာ တစ်ပြည်လုံးသို့ ခုခံအား ကျဆင်းမှုရောဂါအကြောင်း ရင်ဖွင့်ပြောကြားသော ကိုစရကို Srako (၃၅) နှစ်၏ ဟောပြောဆွေးနွေးပွဲ ကျင်းပကြောင်း သတင်းရရှိသည်။

7
Mar

AIDS ရောဂါ ပျောက်နိုင် ခြေလမ်းစပေါ်လာ

AIDS ရောဂါကို ပျောက်ကင်းအောင် လုပ်ပေးနိုင်မယ့် လမ်းစပေါ်လာတဲ့ ကုထုံး ၂ ခု တွေ့ရှိတဲ့အပေါ် အမေရိကန် သိပ္ပံပညာရှင်တွေ အာရုံစိုက်နေကြပါတယ်။ HIV ပိုး ကူးစက်နေတဲ့ လူနာ တဒါဇင်ထံက သွေးနမူနာကို ထုတ်ယူပြီး HIV ပိုးကို တွယ်စေတဲ့ ပရိုတိန်းဓါတ်ကို ဖယ်ရှားပေးတဲ့နည်းကို အသုံးပြုခဲ့တဲ့အကြောင်း အမေရိကန်နိုင်ငံက နံမည်ကျော် New England ဆေးပညာဂျာနယ်မှာ ဖော်ပြထားတာပါ။

6
Mar

HIV ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေး ပေါ်လာနိုင်ခြေရှိကြောင်း သုတေသနများပြော

HIV ကာကွယ်ဆေးပေါ်ပေါက် လာနိုင်ခြေ ရှိကြောင်း မျှော်လင့်ချက်များ မြင့်တက်လာနေသည်ဟု မတ်လ ၅ ရက်က Scientific American ဂျာနယ်တွင် ဖော်ပြ ထားသည်။ HIV ကဲ့သို့သော ဗိုင်းရပ်စ်ပိုးများ၏ အန္တရာယ်မှ ကာကွယ်ပေးနိုင်သည့်ဆေးဝါး (antiviral drug) တစ်မျိုးကို မျောက်များ၏ ကြွက်သားများ အတွင်းသို့ ထိုးပေးခဲ့ရာ၊ ကာကွယ်ဆေး ထိုးထားသော မျောက်များအား ရက်သတ္တပတ်များစွာ တိုင်အောင် ရောဂါကူးစက်မှု မရှိခဲ့ပေ။

5
Mar

MSF ကို ခေတ္တ ရပ်နားထားပေမဲ့ ရခိုင်ပြည်နယ် အတွင်းက HIV/AIDS လူနာ (၇၀၀) ကျော် အတွက် ကျန်းမာရေး ၀န်ကြီးဌာနက ဆက်လက် တာဝန်ယူမည်

နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ရဲ့ ကျန်းမာရေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများကို ခေတ္တ ရပ်နားထားပေမဲ့ ရခိုင်ပြည်နယ် အတွင်းက (HIV/AIDS) လူနာ (၇၀၀) ကျော် အတွက် ကျန်းမာရေး ၀န်ကြီးဌာနက ဆက်လက် တာဝန်ယူကာ (ART) ဆေးဝါးထောက်ပံ့မှုတွေကို ဆက်လက် ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

3
Mar

ကျန်းမာရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်

ကျန်းမာရေး ဝန်ကြီးဌာနသည် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပမှ လူမှုရေး အသင်းအဖွဲ့များနှင့် လက်တွဲ ၍ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါ အသင်းအဖွဲ့များအနက် MSF Holland (Medicins Sans Frontieres – Holland (AZG) အဖွဲ့၏ လုပ်ငန်းအားလုံးကို လုံးဝရပ် ဆိုင်းစေပြီး လူနာများ အား ဆေးဝါးများ ထောက်ပံ့နေမှုများ ရပ်ဆိုင်းတော့ မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိရာ ပြည်သူများ အဖြစ်မှန် သိရှိစေရန် အောက်ပါ အတိုင်း အသိပေးအပ်ပါသည်။

1
Mar

မြန်မာနိုင်ငံက လုပ်ငန်းများ ရပ်ဆိုင်းခံရမှု MSF အံ့အားသင့်

မြန်မာနိုင်ငံ အတွင်းက ရခိုင်၊ ရှမ်း၊ ချင်းပြည်နယ်တွေနဲ့ ရန်ကုန်မြို့တို့မှာရှိတဲ့ သူတို့လုပ်ငန်းတွေ ပိတ်ပင်ခံလိုက်ရတဲ့ အတွက် HIV/AIDS ဝေဒနာရှင်တွေကို ဆေးကုသမှု မပေးနိုင်တော့ဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် တီဘီရောဂါ ဝေဒနာသည်တွေလည်း သူတို့ အသက်ကို ကယ်တင်နိုင်မယ့် ဆေးဝါး ကုသမှုတွေ ခံယူလို့ မရတော့ဘူးလို့ ဆိုပါတယ်။

25
Feb

HIV ကူးစက်နိုင်သည့်အတွက် သွေးရည်ကြည်မှ ထုတ်သည့် ဘီပိုး ကာကွယ်ဆေးကို ပိတ်ပင်သင့်ဟုဆို

လူ့သွေးရည်ကြည်မှ ထုတ်လုပ်သော အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေးများမှ တစ်ဆင့် အခြားရောဂါများအပြင် HIV ရောဂါများ ကူးစက်နိုင်သည့် အတွက် အဆိုပါဆေး ထုတ်လုပ်မှုကို ပိတ်ပင် ရပ်နားသင့်သည်ဟု ကုလသမဂ္ဂ အသိအမှတ်ပြု အတိုင်ပင်ခံ သမားတော်ကြီး ပါမောက္ခ ခင်မောင်ဝင်း(အသည်း) က ပြောကြားသည်။

24
Feb

HIV ရောဂါကြိုတင် ကာကွယ်ရေး ဆေးတောင့် လက်တွေ့စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်သွားမည်

HIV ရောဂါတားဆီး ကာကွယ်ရေး အတွက် ထုတ်လုပ်ထားသည့် HIV ကြိုတင် ကာကွယ်ရေး ဆေးတောင့်နှင့် စပ်လျဉ်း၍ ၎င်းဆေးတောင့်သည် လက်တွေ့တွင် မည်မျှအကျိုး သက်ရောက်မှု ရှိကြောင်းနှင့် ၎င်း၏ဘေးထွက် ဆိုးကျိုးများကို သိရှိနိုင်ရန် ကနေဒါ နိုင်ငံမှ ဆရာဝန်များက တိုရန်တို မြို့တွင်းရှိ ဆေးရုံ တစ်ခုတွင် ၎င်းဆေးတောင့်ကို စမ်းသပ် စစ်ဆေးမှုများ စတင်ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

21
Feb

အိတ်ခ်ျအိုင်ဗွီပိုးရှိသူ အမျိုးသမီးများအနှင့် အလုပ်ရှင်များအကြား အလုပ်ခန့်ပေးရေး ဆွေးနွေးမည်

အဖွဲ့အစည်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံအလုပ် ရုံများတွင် လုပ်ကိုင်လျက်ရှိသော အိတ်ခ်ျအိုင်ဗွီပိုးရှိ အမျိုးသမီး များ နေထိုင်မ ကောင်းဖြစ်ခြင်းကြောင့် ခွင့်ယူခြင်းကိုလည်း အလုပ်ရှင်များက နားလည်မှုပေးရန်နှင့် လုပ်ဖော်ကိုင်ဖက်များကလည်း နှိမ့်ချခြင်း မပြုရန် ယင်းစက်ရုံ အလုပ်ရုံများသို့ ယခုလအတွင်း လိုက်လံဆွေးနွေး အသိပညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

18
Feb

ယခုနှစ်တွင် ARV ဆေးတိုး ပေးမည်

”ဆရာတို့ လက်ထဲမှာရှိတဲ့ ဆေးအရေအတွက်နဲ့ HIV ရောဂါရှိသူ အရေအတွက်ပေါ် ချိန်ကိုက်ပြီး ဆေးပေးနိုင်ဖို့ ရည်ရွယ် ထားပါတယ်။ အခု ARV ဆေးလိုအပ်နေတာ ဒီနှစ်ထဲမှာ တစ်သိန်းကျော် ရှိတယ်လို့ ခန့်မှန်းထားပေမဲ့ အနည်းဆုံး ခုနစ်သောင်းခွဲ လောက် ဆေးပေးနိုင်အောင် စီစဉ် ထားပါတယ်”ဟု တိုင်းဒေသကြီး ဆရာဝန်ကြီး ဦးကျော်စိုးက ပြောကြားခဲ့သည်။

17
Feb

အာရှဖွံ့ဖြိုးရေးဘဏ်က ကျေးလက်ဖွံ့ဖြိုးရေးနှင့် HIV/AIDS စီမံကိန်းစတင်

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးနှုန်း နိမ့်ကျနေသော ကျေးလက်ဒေသများရှိ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးနှင့် HIV/AIDS ကာကွယ် တားဆီးရေး လုပ်ငန်းများတွင် အမေရိကန်ဒေါ်လာ ၂၂ သန်းတန် စီမံကိန်း စတင်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် မြန်မာအစိုးရက ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း ADB ၏မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Putu Kamayana က ပြောကြားသည်။

11
Feb

ခင်ပွန်းသည် AIDS ကူးမှာစိုးလို့ဟုဆိုကာ ဇနီးသည်က ခင်ပွန်းကို ဓားနဲ့ထိုးသတ်ခဲ့

ရ၀မ်ဒါ နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မှုခင်း တစ်ခုဟာ AIDS ရောဂါ ဝေဒနာနဲ့ ဆက်စပ် ပတ်သက်နေခဲ့လို့ စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။ အသက် အလယ်အလတ် အရွယ်ရှိ ကမ်ပိုရိုရို အမည်ရှိ အမျိုးသမီး တစ်ဦးဟာ သူ့ရဲ့ ခင်ပွန်း ဖြစ်သူ AIDS ရောဂါပိုး ကူးစက် မှာဆိုးလို့ သူကိုယ်တိုင် သတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။

Follow me on:

Back to Top